မလုံခြုံတော့တဲ့ ကမ္ဘာ

0
110

kb

၁၉၁၅ ခုနှစ်တွင် ဂျာမနီလူမျိုး ဘူမိရုပ်သွင်ပညာရှင် (Geophysicist) အဲဖရက်ဝက်ဂနာ (Alfred Wegener) ရဲ့ အဆိုအရ လွန်ခဲ့သော နှစ်သန်းပေါင်း ၅ဝဝ ကျော်ကစပြီး ဘူမိဖြစ်စဉ်များကြောင့် တစ်စုတစ်ဝေးတည်းသော မူလကုန်း မြေကြီးမှ ပဲ့ထွက်ကွဲသွားခဲ့ပြီး လက်ရှိတိုက်ကြီးများ၊ သမုဒ္ဒရာကြီးများ ဖြစ်တည် လာခဲ့ကြောင်း အထောက် အထားခိုင်လုံစွာဖော် ထုတ်နိုင်ခဲ့ပါတယ်။ အချိန်တိုင်း အမြဲ မပျက် တရစပ်ဖြစ် ပြတ် ပြောင်းလဲ နေပြီးအမြဲ မတည်ငြိမ်တဲ့ မြေကမ္ဘာကြီး (Unstable Earth) ဖြစ်ပါတယ်။

ယနေ့ မျက် မှောက် ခေတ်ကမ္ဘာကြီးမှာလည်းရာသီ ဥတုဖောက်ပြန်မှု၊ စစ်ပွဲများ၊ ငတ်မွတ် ခေါင်းပါး မှုနဲ့ ရောဂါကပ်ဆိုးများ အစဉ်ဖြစ်ပွားနေတာမို့ မတည် ငြိမ်တဲ့ ကမ္ဘာကြီးမှာ မရေရာတဲ့ ဤလောက လူ့ရွာ (Uncertain World) ကို အနိဋ္ဌာရုံ အမိုက်တိုက်ကြီး လွှမ်းခြုံ အုံ့ဆိုင်းနေဆဲဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ပထဝီဝင်နိုင်ငံရေး (Political Geography) ရဲ့မရေရာတဲ့ အဓိကဒေသမှာ တည်နေရာ မဟာဗျူဟာကျမှု၊ စွမ်းအင်ြ<ွကယ်ဝမှု၊ အကြမ်းဖက်မှုနဲ့ ဘာသာရေးအစွန်းရောက် ပဋိပက္ခ များပြားတဲ့ အရှေ့အလယ်ပိုင်းဒေသ ဖြစ်ပါတယ်။ ဒုတိယက အင်အားကြီး တရုတ်နဲ့ အိန္ဒိယကြားမှာရှိပြီး ပစိ ဖိတ်သမုဒ္ဒရာကြီးရဲ့ မဟာဗျူဟာ မျက်နှာစာမှာ တည်ရှိတဲ့ အရှေ့ တောင်အာရှဒေသဖြစ်ပြီး တတိယကတော့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့ ဖွံ့ဖြိုးတဲ့ နိုင်ငံများစုဝေးရာ ဥရောပဒေသပဲ ဖြစ်ပါတယ်။

၁၉၇ဝ ပြည်လွန်ကာလက ရုရှားတို့ အာဖဂန်ကို သိမ်းပိုက်ချိန် မှာ ရုရှားကို ပြန်တိုက်ဖို့ ဆော်ဒီ သူဋ္ဌေး အိုစမာဘင်လာဒင်ရဲ့ အကူ အညီနဲ့ ကမ္ဘာ့ဇာတ်ဆရာကြီး အမေရိကန်စီအိုင်အေတို့က ဖွဲ့စည်း ထောက်ပံ့ပေးရာက အယ်လ်ကိုင်ဒါ အဖွဲ့စတင်ပေါ်လာပါတယ်။ နောက် ပိုင်း အရှေ့အလယ်ပိုင်းကတစ် ဆင့် ကမ္ဘာ့အနှံ့ ဘာသာတူသူအစွန်း ရောက်သူများကို တိုးချဲ့စည်းရုံးပြီး အယ်ကိုင်ဒါ အဖွဲ့မှ အိုင်အက်စ် (IS) ဖြစ်လာတာပါ။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ ယီမင်၊ တောင်ဆူဒန်နဲ့ နိုင်ဂျီးရီး ယားနိုင်ငံတွေအပြင် ကမ္ဘာအနှံ့ ကျယ်ပြန့်ကြီးထွားလာနေ ပါပြီ။ ယခု အခါ ဖိလစ်ပိုင်တောင်ပိုင်း ရဲ့ အထင်ကရ အကြမ်းဖက်အဖွဲ့ဖြစ် တဲ့ အဘူ ဆေယက်ဖ်ကို အခြေပြုကာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှာ အရှေ့ တောင်အာရှ အကြမ်းဖက် အဖွဲ့ကို ထူထောင်နိုင်ခဲ့ပြီး အာရှတစ်ဝှမ်း အကြမ်းဖက်ဖို့ တာစူနေ ပါပြီ။ ၂ဝ၁၆ ခုနှစ်ကစပြီး အရှေ့ အလယ်ပိုင်းဒေသမှာ အိုင်အက်စ်တွေ အရေးနိမ့်လာတာနဲ့အမျှ အတွေ့ အကြုံရှိပြီး သွေးဆာနေတဲ့ စစ်သွေြး<ွကများဟာ အရှေ့ တောင် အာရှနိုင်ငံများကို စိမ့်ဝင်နေပြီး ရောက်ရာနိုင်ငံတိုင်းမှာ မတည်ငြိမ်မှု နဲ့ သွေးချောင်းစီးမှုများကို အစွမ်း ကုန်လုပ်ပြသွားကြပါဦးမယ်။

ဗျူဟာကျလှတဲ့ အရှေ့တရုတ် ပင်လယ်နဲ့ တောင်တရုတ် ပင်လယ် တို့မှာ တစ်နေ့တခြား အင်အားကြီး ထွားလာတဲ့ တရုတ်နဂါးကြီးဟာ ဆက်စပ် ၆ နိုင်ငံနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကြောင့် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ လှုပ်လှုပ် ခတ်ခတ် အန္တရာယ်ဇုန်ကြီး ဖြစ်နေပါတယ်။ ငါး၊ စွမ်းအင်နဲ့ သယံဇာတြ<ွကယ်ဝ တဲ့အတွက် ရေပိုင်နက်၊ ရေစီးပွားရေး ဇုန် ကျယ်ပြန့်ရေးနဲ့ ပေါက်ကွဲစ အင်အားကြီးနိုင်ငံသစ်ရဲ့ အဓိက စစ်ရေး မဟာဗျူဟာ မျက်နှာစာ လည်း ဖြစ်နေပါတယ်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး ရေရှည်အစီ အမံများကြောင့် ကျယ်ပြောလှတဲ့ ပင်လယ်ပြင် စိုးမိုးရေး အယူအဆ ရှေ့တန်းရောက်လာပြီး ပြဿနာဖြစ်မှ တန်ပြန်မှု (React) နဲ့ ကြိုတင်အစီအမံ ((Pro active) နှစ်မျိုးလုံး ခင်းကျင်းအကဲစမ်းထားတဲ့ အရင်းနဲ့ အမြတ် အယူအဆ ဖြစ်နိုင်ပါတယ်။ တရုတ်တို့ရဲ့နိုင်ငံရေးကစားကွက်ဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ သံအမတ်ဟောင်းတစ်ဦးအဆိုအရ “လာမည့် ၁၂ နှစ်အကြာတွင် မိမိတို့ ရန်သူ အားလုံးအား တိုက်ခိုက်ချေမှုန်းနိုင် မည့် အဖျက်စွမ်းအားမြင့် နျူလက်နက်များ ပိုင်ဆိုင်တော့မည်” လို့ ကြုံးဝါးထားပါတယ်။

ဖျက်အားပြင်း လက်နက်များ အကြောင်းပြပြီး အီရတ်ကို အမေရိကန်စစ်ခင်းမှုရဲ့ အကျိုးဆက်အဖြစ် ဆွန်နီရှီးယိုက် ပြည်တွင်းစစ်များနဲ့ အိုင်အက်စ်အဖွဲ့များ ကြီးထွားလာမှု ကြောင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံများ ပြိုပျက်လုနီး (Failed State) ဖြစ်နေပါပြီ။ နေရပ် စွန့်ခွာစစ်ပြေးများကြောင့် ဥရောပနိုင်ငံများ မှ ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး ဒုက္ခသည်အရေခြုံ အကြမ်းဖက်သမားများ ကြောင့်လည်း ဥရောပသွေးစည်းမှုနဲ့ လုံခြုံမှုကိုစိန်ခေါ်နေပါပြီ။ ဥရောပရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ ခေါင်းထောင်လာတာကြောင့် အမေရိကန်ရဲ့ ဝိုင်းပတ်ဟန့်တားဝါဒ (Containment Policy) ကလည်း အရင်ကလောက် အလုပ်မဖြစ်တော့ပါ။

ယနေ့ကမ္ဘာကြီးမှာ နေရာတိုင်း အချိန်တိုင်းလုံခြုံမှုမရှိတော့။ ကမ္ဘာ့ အင်အားအကြီးဆုံး အမေရိကန်တို့ ရဲ့ လေယာဉ်လေးစင်းကို အယ်လ် ကေဒါတို့ ပြန်ပေးဆွဲပြီး ဝေါထရိတ် ညီနောင်တာဝါ၊ ပင်တဂွန်ဌာနချုပ်နဲ့ သမ္မတ အိမ်ဖြူတော်တို့ကို တစ်ပြိုင် နက် အလစ်အငိုက် တိုက်ခိုက်ခြင်း ဖြင့် အစွန်းရောက် အကြမ်းဖက်မှုကို ၂၁ ရာစုအစ ၂ဝဝ၁ ခုနှစ်၊ (၉/ ၁၁)မှာ စတင်ခဲ့ပါတယ်။ နိုင်ငံစုံက အပြစ်မဲ့ပြည်သူ ၄ဝဝဝ ခန့် အသက် ဆုံးရှုံးခဲ့ရပါတယ်။

အစွမ်းထက် လူသတ်လက်နက်များ ကုန်သွယ်မှုမှာလည်း စစ်အေး ခေတ်နောက်ပိုင်း အမြင့်ဆုံးဖြစ်နေပြီး ကမ္ဘာ့ငပွကြီး အမေရိကန်က ပထမ၊ ရုရှားနဲ့ တရုတ်တို့က ဒုတိယနဲ့ တတိယဖြစ်ပါတယ်။ ၎င်းတို့ ကိုယ်တိုင်လည်း ကမ္ဘာဖျက်လက်နက်များ အပြိုင်စုဆာင်းနေပြီး နိုင်ငံငယ်လေးများမှာ တိုးချဲ့ရောင်းချစမ်းသပ် ရေး၊ သြဇာ နယ်ပယ်ချဲ့ထွင်ရေးတို့ အတွက် ဒေသလိုက်စစ်ပွဲများ၊ တို့မီးရှို့မီးစစ်ပွဲများ၊ အကန့် အသတ်စစ်ပွဲများ ဖန်တီးအားစမ်းနေ ကြဆဲဖြစ်ပါတယ်။

လူသားမျိုးနွယ်တစ်ခုလုံးကို အဓိကခြိမ်းခြောက်နေတဲ့ မျိုးသုဉ်း မူးယစ်ဘေးဆိုးကြီးကလည်း ကမ္ဘာလုံးချီ ဖျက်ဆီးနေဆဲပါ။ အာဖ ဂန်နဲ့ အလယ်ပိုင်း အမေရိကန်နိုင်ငံ များ ရဲ့ ကြီးထွားလာတဲ့ ဖြန့်ဖြူးမှု များ ကြောင့် အမေရိကန်နဲ့ ဥရောပ ဈေးကွက်ကြီးကလည်း ကြီးထွားလာနေဆဲပါ။ ဖိလစ်ပိုင် မူးယစ်တိုက်ဖျက် စစ်ဆင်ရေးကြောင့် တစ်နှစ်အတွင်း လူပေါင်း ၆၅ဝဝ ကျော် သေဆုံးခဲ့မှုကလည်း သာဓကတစ်ခုပါ။

အာဖရိကတိုက် ဆိုမာလီယာ တွင် ၂ဝ၁၁ခုနှစ်၊ အငတ်ဘေး ကြောင့် ပြည်သူနှစ်သိန်းခြောက် သောင်းကျော် သေဆုံးခဲ့ပြီး လက်ရှိ ပြည်တွင်းစစ်နဲ့ ဆိုးဝါးတာရှည်လှတဲ့ မိုးခေါင်မှုကြောင့် ပြည်သူသုံးသန်း ကျော် ဒုက္ခရင်ဆိုင်နေရပါပြီ။ တောင်ဆူဒန်မှာလည်း သုံးနှစ်ကျော် ကြာ ပြည်တွင်းစစ်မီးကြောင့် ပြည်သူ တစ်သိန်းကျော် ကပ်ဆိုက်လုနီးပါး နေပါပြီ။ ဒါကြောင့် ဆိုမာလီယာ၊ တောင်ဆူဒန်၊ ယီမင်နဲ့ နိုင်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ သတ္တန္တရကပ်နဲ့ ဒုဗ္ဘိကန္တရကပ်ကြောင့် ပြည်သူနှစ် သန်းကျော် ကပ်ဘေးဆိုက်တော့မှာ ပါ။ မိုးခေါင်မှု တာရှည်ခံရတဲ့ ပီရူး နိုင်ငံမှာ အလွန်အမင်း ရေကြီးမှု ကြောင့် လူငါးသိန်းခန့် ဘေးလွတ်ရာ ခိုလှုံခဲ့ရပါတယ်။ ကုလလုံခြုံရေး ကောင်စီ လေ့လာမှုအရ ကမ္ဘာတစ် လွှားမှာ လူသန်းပေါင်းများစွာ အငတ်ဘေး ရင်ဆိုင်ရဖွယ်ရှိကြောင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လများက ကမ္ဘာ့ ရှေ့ဖြစ်ဟော ဒဿန ပညာရှင်တချို့ က ၂ဝ၁၇ ခုနှစ်တွင် တတိယကမ္ဘာ စစ် ဖြစ်မည်လို့ ဟောကိန်းထုတ်ခဲ့ ကြပါတယ်။ လောလောဆယ် တောင်တရုတ်ပင်လယ် ရေပြင် အကျပ်အတည်း၊ တရုတ်နဲ့ ထိုင်ဝမ် ပြဿနာ၊ အမေရိကန်က ရုရှားကို ဆိုက်ဘာစစ်ပွဲ ဆင်နွှဲရန် ခြိမ်းခြောက် မှု၊ ရုရှား၊ တရုတ်၊ အမေရိကန်တို့ အာကာသနက်လက် ပြင်းထန်စွာ ယှဉ်ပြိုင်နေမှု၊ ရုရှားက မြေပြင် အခြေစိုက် ခရုစ်ဒုံး စနစ်တပ်ဖြန့်မှု နဲ့ အပြန်အလှန် ခြိမ်းခြောက်စွပ်စွဲ မှုများကြောင့် မရေရာ၊ မသေချာမှု တွေနဲ့ စိတ်မချရတဲ့ ပွတ်တိုက်သံ ဆူဆူညံညံ ကမ္ဘာကြီး ဖြစ်နေပါတယ်။

၁၉၅၇ခုနှစ်၊ စစ်အေးကာလမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဟင်နရီကစ်ဆင်းဂျား ပြောခဲ့တဲ့ “မရေရာမှုများ ထွေပြားလှတဲ့ ကမ္ဘာကြီးမှာ ရှိပြီးသား အချက် အလက်တချို့လောက်ကိုပဲ အခြေခံ ပြီး စွန့်စားသွားကြရမှာပါ” ဆိုတဲ့ မှတ်ချက်အရ ယနေ့ကမ္ဘာ ကြီးကို မရေရာမှုများ ဖုံးလွှမ်းနေကြောင်း ဖော်ပြနေပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ပထမ (America First) အယူအဆ နဲ့ ရှီကျင်ပင်းရဲ့ ကမ္ဘာ့စင်မြင့်အထက် ရည်မှန်းချက်တို့ အားပြိုင်နေချိန်မှာ ဗလာဒီမာပူတင်က “ရုရှားစစ်အင် အားမှာ ရန်လိုသူများထက် သာလွန်ကြောင်း” ပြောဆိုမှုကြောင့် တစ်ဂူတည်း ခြင်္သေ့ကြီးသုံးကောင် ပါးပြင်းထောင် နေချိန်ဖြစ်နေပါတယ်။

ဖိလစ်ပိုင်မှာ မူးယစ်အမြစ်ပြတ် ကြွေးကြော်သံဖြင့် ရိုဒရီဒူတာတေးအရွေးခံရမှု၊ အမေရိကန် ပဓာနဖြင့် ဒေါ်နယ်ထရမ့် မမျှော်လင့်ဘဲ အနိုင်ရမှုနဲ့ ဥရောမသမဂ္ဂမှ အင်္ဂလန် နုတ်ထွက်မှု (Brexit) တို့မှာ လူမျိုးစုံ ချစ်ကြည်ရေး ကမ္ဘာ့အစီအမံ ရေစီးကြောင်းကြီးမှ သွေဖယ်စိတ်ကုန်ပြီး အမျိုးသားရေး လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွား အဓိကထားတဲ့ နေရှင်နယ်လစ်ဇင် (Nationalism) ဦးမော့လာတာပါ။ ဝါဒနှစ်ခုအား ပြိုင်ပွတ်တိုက်မှုလည်း အမြဲဖြစ်နေမှာပါ။ ကမ္ဘာ့လုံခြုံရေးဟာ စိုးရိမ် ရေ မှတ်ရောက်နေပါပြီ။ ဒီမိုကရေစီ ရေးနဲ့ လူမျိုးစုံချစ်ကြည်ရေးစတဲ့ အမေရိကန်ကမ္ဘာ့ပုလိပ်ကြီးရဲ့ သြဝါဒထက် လူသားတစ်ရပ်လုံး အသက်ရှင်ရေး၊ ဘဝရပ်တည်ရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင် မြဲရေးက ပိုအရေးကြီးလာနေပါပြီ။

” လူ့အဖွဲ့အစည်းကြီးရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ထိုလူ့အဖွဲ့အစည်းကြီးတွင် ပါဝင်နေကြသူများ၏ စာရိတ္တ ဖွံ့ဖြိုးမှုပေါ်တွင် နက်ရှိုင်းစွာ မှီခိုလျက် ရှိကြောင်း” စိတ်ပညာရှင်များ အဆိုရှိထားပါတယ်။ အချုပ်ဆိုရလျှင် ရုပ်ဝတ္ထုများ အလျင်အမြန် တိုးတက်လာတာနဲ့အမျှ ပုထုဇဉ်လူသားများမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ အတ္တမာနစိတ်များ၊ သံသယစိတ်များ၊ လွန်ကဲလာပြီး ဗြဟ္မစိုရ်တရားများ ခေါင်းပါးလာနေပါတယ်။ လူ့ဘဝဟာ တိုတောင်းလှပေမယ့် လူ့သမိုင်းက တော့ ရှည်လျားလှပါတယ်။ ဗြဟ္မစိုရ် တရားများ ထွန်းကားတဲ့ လူ့သမိုင်းကြောင်းကြီး အရှည်တည်တံ့ရေးအတွက် လက်ရှိကြုံတွေ့နေရတဲ့ ကမ္ဘာလွှမ်းခြုံဖြစ်စဉ်ကြီးမှာ မေတ္တာ အခြေခံပြီး ကာလဒေသပယောဂ ဖြင့် ဆင်ခြင်ကာနေသွားကြဖို့ပင် ဖြစ်ပါကြောင်း စေတနာရှေ့ထား ရေးသားလိုက်ရပါတယ်။

မောင်မောင်သွင် (ပန်းခိုင်)


LEAVE A REPLY

Please enter your comment!
Please enter your name here