အနုပညာသက်တမ်း ၄၅ အတွင်း အမြဲအမှတ်ရနေတဲ့ ဇာတ်ကားတွေကြောင်း ဦးထွန်းထွန်းဝင်းပြောပြ

0
292
SANYO DIGITAL CAMERA

၁၉၇၃ ခုနှစ်လောက်က အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင် မင်းသားကြီး ဦးထွန်းထွန်းဝင်းက လက်ရှိချိန်မှာ သူရိုက်ကူးချင်တဲ့ ကာရိုက်တာ မျိုးတော့ သိပ်မရှိတော့ဘူးလို့ ဆိုလာပါတယ်။ လက်ရှိအချိန်မှာတော့ သူ့အနေနဲ့ မင်းသားမင်းသမီးတွေရဲ့ အဖေခန်းတွေပဲ ရိုက်ရတော့တယ်လို့ ဆိုပါတယ်။

အနပညာသက်တမ်း ၄၅နှစ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဝင်းက သူ့ ရင်ထဲမှာ အခုချိန်ထိအမှတ်ရနေတဲ့ဇာတ်ကားတွေအကြောင်းကိုတော့..

`အခုချိန်ကာလထိ ဦးရင်ထဲမှာ အမြဲမှတ်ရနေတဲ့ဇာတ်ကားတွေက ငယ်ကျွမ်းဆွေ နော်ကူးမ၊ ဖတ်ဖူးရောင်၊ အဲဒီကလေးတွေကို အမြဲမှတ်ရနေတယ်။အခုချိန်ဆို အနုပညာသက်တမ်း ၄၅နှစ်ရှိပြီ ။အဲဒီတုန်းကsecond yearပဲရှိသေးတယ် ။မော်လမြိုင်ရုပ်ရှင်ကသတင်းစာမှာမင်းသားသစ်အလိုရှိသည်ဆိုပြီကြော်ငြာလို့သွားလျောက်ဖြစ်တယ်။ ဦးပထမဆုံးရိုက်ခဲ့ဇာတ်ကားက “ဘယ်ဆုတောင်းမလဲချစ်သူ” ဇာတ်ကား ကိုခင်သန်းနုနဲ့ အတူရိုက်ခဲ့တယ်“လို့ပြောပါတယ်။ ကင်မရာရှေ့ မှာသရုပ်ဆောင်နေရရင် ကိုပျော်နေတယ်ဆိုတဲ့ ဦးထွန်းထွန်းဝင်းက အခုချိန်ကာလအထိ တခြားစီးပွားရေးလုပ်ငန်းတွေ တစ်ခုမှမလုပ်ဖြစ်ခဲ့ဘူးလို့ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here