ရသစာပေကိုဖတ်မှ ကိုယ်ချင်းစာတရားဆိုတာရှိမယ်ဆိုတဲ့ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)

0
264

sansan

အခုခေတ် လူငယ်တွေ စာဖတ်အားနည်းလာတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ဆိုလာသူကတော့ စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ပါ။ ကိုယ်နဲ့မပတ်သက်တဲ့ ဘ၀တွေကို ကိုယ်ချင်းစာနိုင်ဖို့အတွက် ရသစာပေတွေကို များများ ဖတ်စေချင်တယ်လို့ ဆရာမကြီးကပြောပါတယ်။


“လူငယ်တွေ စာဖတ်အားနည်းတယ်။ လူငယ်တွေကို စာဖတ်စေချင်တယ်လို့ပြောတော့ သူတို့က သူတို့လည်း စာဖတ်တယ်လို့ပြောတာပဲ။ facebook မှာ ဖတ်တယ်။ Google ကိုကြည့်ပြီး စာနည်းနည်းပါးပါးဖတ်တယ်ပေါ့။ ရသစာပေ ကိုမဖတ်ဘူး။ ရသစာပေကိုဖတ်မှ ကိုယ်ချင်းစာတရားဆိုတာရှိမယ်။ ကိုယ်နဲ့ မဆိုင်တဲ့ မပတ်သက်တဲ့ဘ၀တွေကို ကိုယ်ချင်းစာသွားနိုင်မှာကိုး။ ခက်တာက ရသစာအုပ်ကောင်းတွေကလည်း ထွက်ဖို့လိုသေးတာကိုး။ အခုထွက်နေတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ သို့သော် အရင်တုန်းကစာအုပ်တွေ ဖတ်လည်း မမှားပါဘူး။ ဂျာနယ်ကျော်မမလေး စာအုပ်တွေဖတ်မယ်။ ဆရာကြီးမောင်ထင်တို့ ဒဂုံတာရာတို့ စသဖြင့် ဒီလိုစာအုပ်မျိုးတွေ ဖတ်မယ်ဆိုရင် လောကတစ်ခုလုံးကို ဘယ်လိုသဘောထားနဲ့၊ ဘယ်လိုစိတ်နဲ့၊ ဘယ်လို စာနာမှုနဲ့ ကြည့်နေမလဲဆိုတဲ့ ကိုယ့်ရဲ့ အတွေးအမြင်ကို သင်ယူခွင့်ရမှာပဲ။ အဲဒီလို သင်ယူပြီးမှ ကိုယ့်ရဲ့အတွေးအခေါ်တွေကလည်း တည့်သွားမှာကိုး။ ဆင်ခြင်တုံတရားလေးတွေကလည်း ဒါလေးတွေက ဒီလိုပါလားဆိုပြီး နားလည်သွားမယ်။ အဲဒီတော့ ရသစာပေကိုဖတ်စေချင်တယ်။ ဒါပေမယ့် လူငယ်တွေ ၀တ္ထုဖတ်ရင် ငတုံးကြီးလို့တောင် ထင်နေကြတယ်။ တစ်ယောက်တစ်ယောက်နောက်ကြတယ်လေ။ နိုင်ငံခြားရုပ်ရှင်များများကြည့်ရင်တော့ လူတော်ပေါ့။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here