အ နု ပ ညာ ဝ မ်း စာ ပြ ည့် ဝ ပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်သူ စုလင်းရှိန်

0
271

Su Linn Shein

မော်ဒယ်သရုပ်ဆောင် စုလင်းရှိန်က ဒါရိုက်တာ သက်နေထွန်းရိုက်ကူးတဲ့ “အပယ်ခံရှင်းတမ်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်အသစ် ရက်မြတ်၊ ဗေလုဝ၊ ဒိန်းဒေါင်တို့နဲ့ အတူပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားက သူဖုန်းစား တို့ရဲ့ ဘဝအကြောင်းကို ဟာသ၊ ဒရာမာ ဇာတ်လမ်းအမျိုးအစားပုံစံ ရိုက်ကူးထားတာဖြစ်ကြောင်း သိရ ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စုလင်းရှိန်က …

” ညီမက ဦးဗေလုဝရဲ့ သမီးနေရာက ပါဝင်သရုပ်ဆောင်ရပါတယ်။ ဒီဇာတ်ကားက ညီမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားပါ။ ဇာတ်ကားက ဟာသနဲ့ ဒရာမာ ရောစပ်တဲ့ ဇာတ်ကားလေးပါ။ ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ကားမှာ အခက်အခဲတော့ သိပ်မရှိပါဘူ။။ ဟာသလုပ်တဲ့နေရာမှာတော့ တအားကြီး မလုပ်နိုင်သေးဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်မိတယ်။ အ ကောင်းဆုံးတော့ ကြိုးစားထားတယ်။ ပထမဆုံး ရိုက်ကူးတာဆိုတော့ အမှား အယွင်းတွေလည်း ရှိနေဦးမှာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ပြီးအားမရတာတွေ ရှိတယ်။ ဒါပေမဲ့လည်း ကိုယ်သရုပ် ဆောင်ရမယ့် နေရာလေးအတွက် အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်ထားပါ တယ်။ ပရိသတ်တွေ ကြည့် ရှုအား ပေးစေချင်ပါတယ်” လို့ သူပထမဆုံး ရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကို ပြော ပြပါတယ်။ စုလင်းရှိန်က အနု ပညာဝမ်းစာအတွက် ဝါရင့်သရုပ်ဆောင်ကြီးတွေဆီက အနုပညာများ သင်ယူသလို စာအုပ်များကိုလည်းဖတ်ပြီး လေ့လာ နေကြောင်း ပြောပါတယ်။

” MTV ရိုက်ကူးတဲ့အခါဖြစ်ဖြစ်၊ ဇာတ်ကားရိုက်ကူးတဲ့အခါဖြစ်ဖြစ် ကိုယ့်ရဲ့ စီနီယာအစ်ကို၊ အစ်မတွေဆီကနေပညာတွေ သင်ယူဖြစ်တယ်။ ပြီးတော့ ဝါရင့်သရုပ်ဆောင် ကြီးတွေဆီကလည်း သင်ယူတယ်။ စာအုပ်တွေဖတ်ပြီးလည်း လေ့လာပါတယ်။ အနုပညာ ဝမ်းစာပြည့်ဖို့အတွက်ကတော့ အမြဲလေ့ကျင့် သင်ယူနေရမှာပါ။ ကိုယ်ဝါသနာပါတဲ့ ဒီအလုပ်မှာ ဒီအနုပညာ လောကမှာ အောင်မြင်တာထက် အနုပညာ ဝမ်းစာ ပြည့်ဝပြီး တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့ သရုပ်ဆောင်တစ် ယောက် ဖြစ်ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ စုလင်းရှိန်က လတ်တလောမှာ MTV များ၊ ကြော်ငြာများ လက်ခံ ရိုက်ကူးနေကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here