ကိုယ်ဝန်ဆောင်မိခင်တို့အတွက် သက်မွန်မြင့် ရဲ့အကြံပြုစကား

0
324

Thet Mon Myint

အမျိုးသမီးတိုင်းလိုလို မိမိတို့ ကိုယ်တိုင် ရင်သွေးငယ် ကိုယ်ဝန်ဆောင်လွယ်ထားရပြီဆိုရင် အစစအရာရာ သတိပြုဆင်ခြင်ပြုမင နေထိုင်ကြရသလို ကျန်းမာရေးနဲ့ အစားအသောက်ပိုင်းမှာလည်း ဆောင်ရန်ရှောင်ရန် အလေးထား လုပ်ဆောင်ကြရပါတယ်။ မွေးဖွား လာမယ့် ရင်သွေးငယ်ကို ကျန်းကျန်းမာမာ၊ သန်သန်မာမာ ဖွံ့ထွားကြံ့ခိုင် စေဖို့ ကိုယ်ဝန်ဆောင် အမျိုးသမီး မိခင်တိုင်းဟာ ကိုယ့်ကိုယ်ကိုယ် အမြဲ တမ်း စိတ်ခွန်အား မြှင့်တင်ကာ ပြုမူနေထိုင်လေ့ရှိကြပါတယ်။ ဒါ့အပြင် မမွေးဖွားမီကရော မွေးဖွား ပြီးချိန်မှာပါ မိမိတို့ရင်သွေး ကလေး ငယ် ပြုစုပျိုးထောင်ရေး အလုပ်ဟာ အမျိုးသမီး မိခင်တိုင်း အတွက် ဘဝမှာအရေးကြီးဆုံးအရာဖြစ်လို့ နေပါ တယ်။ အခုဆိုရင် သားတစ် ယောက်၊ သမီးတစ်ယောက် နဲ့ ရင်သွေးငယ် သားသမီးနှစ်ယောက် ရယူပိုင်ဆိုင်ထားပြီးဖြစ်တဲ့ အကယ်ဒမီသက်မွန် မြင့်က ကိုယ် ဝန် ဆောင်အမျိုးသမီး တစ်ယောက် ရဲ့မမွေးဖွားမီအချိန် ရော၊ မွေးဖွား ပြီးအချိန်မှာပါ မိမိရင် သွေးငယ်အပေါ်ထားရှိတဲ့ စိတ်ခံ စားမှုနဲ့ မျှော်လင့်ဆန္ဒအကြောင်းကို ပြောပြရာမှာ ..

” ကလေးရပြီဆိုတာနဲ့ တောက်လျောက်ပဲ သူတို့တွေ လူလားမြောက်တဲ့အထိ ကိုယ့်တာဝန်ဖြစ်သွားပြီ။ လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးရမယ်။ တာဝန် တွေလည်း အများကြီးဖြစ်သွားပြီ။ သံယောဇဉ်တွေလည်း ပိုပိုကြီးလာတယ်။ မိဘဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို အကောင်းဆုံး ပဲ ဖြစ်စေချင်တော့ ကြိုးစားရမှာတွေ၊ လုပ်ပေးရမှာတွေ အများကြီး ဖြစ် သွားတာပေါ့။ မိဘတစ်ယောက်အနေ နဲ့ အကောင်းဆုံးတွေပဲဖြစ်စေချင်တယ်။ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ သူတို့ကို မပင်ပန်းစေချင်ဘူး။ သူတို့ဘဝလျှောက်လှမ်းရာမှာ ဆူးခလုတ်တွေမတွေ့စေချင်ဘူး။ လောက ဓံကတော့ ဘယ်သူမဆို ရင် ဆိုင်ရမှာ ပဲ။ ဒါပေမဲ့ မိဘတစ်ယောက် အနေနဲ့ အကောင်းဆုံးပဲ ဖြစ်စေချင် တယ်။ ပန်းခင်းလမ်းပဲ လျှောက်စေချင်တယ်” လို့ ပြောပါတယ်။

ဒီနောက်မှာတော့ အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ဖြစ်ပွား မှု များပြားလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများတိုင်း အကြောင်းအ ရာကိုယ်စီ အဖြစ်အပျက်မျိုးစုံနဲ့ ကိုယ်ဝန်ဖျက်ချမှုများ ပြုမူလုပ် ဆောင်လာကြတဲ့အပေါ် ကိုယ်တိုင် ကိုယ်ဝန်ဆောင်မိခင်အမျိုးသမီးတစ် ဦးလည်း ဖြစ်ခဲ့ပြီး သားသမီး နှစ်ယောက် မိခင်လည်းဖြစ်နေတဲ့ အကယ်ဒမီ သက်မွန်မြင့် ရှုမြင်ပုံကတော့ …

” ကလေးတွေအတွက်တော့ တကယ်ကြီးကို ဝမ်းနည်းရတယ်။ သူတို့ဝဋ်ကြွေးတွေ တော်တော်ကြီးပါတယ်။ မိဘလုပ်တဲ့သူရော၊ ကလေးရော တော်တော်ဝဋ်ြေ<ွကး ကြီးပါ တယ်။ သူတို့ပေးဆပ်ရတယ်လို့ ပြောရမှာပေါ့။ အရင်တုန်းက ကိုယ်ပြုခဲ့တဲ့ကံကြောင့် သူတို့ဒီလိုတွေ ကြုံလာတာ။ ဆုတောင်းပေးပါ တယ်။ မိဘတွေဒီလိုကလေး ဖျက်ချတယ်ဆိုတာလည်း မိဘတွေဘက်က ဘယ်လောက်ထိ အခက်ခဲရှိတာလည်း။ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ဘက်မှာ ဘယ်လောက်ထိ ချို့ယွင်း သလဲ ကိုယ်မသိနိုင်ဘူး။ ဒါသူတို့ အနေနဲ့ ဝဋ်ြေ<ွကးကြီးတယ်လို့ပဲ သက်မွန်မြင်တယ်။ ကောင်းတဲ့ဘဝတွေ ပြန်ရပါစေလို့ ဆုတောင်းပေး ပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး အိမ်ထောင်ရှင် အမျိုးသမီးဖြစ်လာပြီဆိုရင် မဖြစ်မနေ ကိုယ်ဝန်ဆောင်မိခင်ဘဝ ခံယူရင်ဆိုင်ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ဝန် ဆောင် မိခင်အမျိုးသမီး တစ်ယောက်အဖြစ် တချို့က အကြောင်းမလှစွာ မထင်မှတ်ဘဲ ရယူပိုင်ဆိုင်ကြရသလို၊ တချို့ကလည်း လူ့အဖွဲ့အစည်း ထုံး တမ်းအစဉ်အလာကောင်းနဲ့ ခံယူ ပိုင်ဆိုင်ကြရတာမို့ ဘယ်လို အခြေအနေမျိုးကြောင့်ပဲဖြစ်စေ ကိုယ်ဝန် ဆောင် အမျိုးသမီး တစ်ယောက်ဖြစ် လာပါက အကောင်းအဆိုးကို အသိဥာဏ်ပညာဖြင့် တွဲယှဉ်ကာ ရင်ဆိုင်ဖြေရှင်းကြဖို့လိုကြောင်း အကယ်ဒမီ သက်မွန်မြင့်က ရှုမြင်သုံးသပ်ပြော ကြားရာမှာ …

” အဓိကက စိတ်ပေါ့။ စိတ်ဆန္ဒ ရယ်၊ ကျန်းမာရေး အသိပညာရှိဖို့ပဲလိုတယ်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင် မယ်ဆိုတဲ့ သတ္တိလည်းလိုတယ်။ ကိုယ့်ရဲ့ စိတ်ခွန်အားပိုင်းမှာ လည်းလိုတာပေါ့။ ကိုယ် ဘယ်လို ကြိုးစား ရမလဲ ဆိုတာ လည်း လိုတယ်။ ကိုယ်မှား လို့ ပဲဖြစ်ဖြစ်၊ မှန်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ဆီမှာ ရောက်လာပြီ ဆိုမှတော့ ကိုယ်ကတော့ ဒီကလေးကို ပြုစု စေချင်တယ်။ အခု ခေတ်ကအင်တာနက်က လည်းမျိုးစုံ ကြည့်လို့ ရ တာဆို တော့ အတုယူမမှားဖို့လည်းလိုတယ်။ အသိပညာ ရှိဖို့ပါလိုတယ်။ ကိုယ့်ကိုယ် ကိုယ်ထိန်းချုပ်နိုင်ဖို့လည်းလိုပါတယ်” လို့ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here