ပထမဆုံး ဇာတ်လမ်းတွဲအတွက် စိုးရိမ်မှုရှိနေတဲ့ မင်းသွေး

0
252

min-thwe-1-(1)သရုပ်ဆောင် မင်းသွေး ပထမဆုံး ပါဝင်မယ့် “ကျောင်းဆွေး” ဇာတ်လမ်း တွဲက ဇွန်လမှာ စတင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးစက်ဝိုင်၊ ဆူးခက်မင်း၊ ဒါရိုက်တာသားညီတို့ ပုံဖော်မယ့် ဒီဇာတ်လမ်းတွဲ က အပိုင်း ၁၅ ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။ ပထမဆုံး ဇာတ်လမ်းတွဲ အတွက် စိုးရိမ် ကြောက်ရွံ့မှုလေးတွေ ရှိနေတဲ့ မင်းသွေးက ရိုက်ကူး ပုံဖော်သွားမယ့် ပုံစံ နဲ့ပတ်သက်ပြီး

“ဒီဇာတ်လမ်းထဲမှာ ပါတဲ့သူတွေက အခုလက်ရှိ အသက်ထက် ၅နှစ် လောက်ငယ်တဲ့ Scene တွေပါတယ်။ အဲဒီအတွက် မိတ်ကပ်တွေ၊ အပြင်အဆင်တွေနဲ့ သေသေချာချာ လေးလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ အကြောင်း တစ်ခုကြောင့် ကျောင်းကို အကြာကြီးတက်နေတဲ့ ကာရိုက် တာနဲ့ ပရိသတ်တွေ ကျွန်တော့်ကို မြင်ရမှာပါ။ ကျွန်တော်ရယ်၊ ဇာတ်ညွှန်းရေး ဆရာ၊ ဒါရိုက်တာ၊ ပရိုဂျူဆာရယ် တွေ့ ပြီး ညှိနှိုင်းမှုလေးတွေ လုပ်နေပါတယ်။ အပိုင်းတိုင်းမှာလည်း ကာရိုက်တာ အသစ်အသစ်တွေ ထပ်ထပ် ပါသွားမယ်။ ပရိသတ်တွေလည်း ကြည့်ရတာ မရိုးဘူးပေါ့။ သရဲခြောက်တဲ့ အခန်း။ ဒရာမာ၊ ရိုမန့်လေးတွေ၊ ဟာသတွေလည်း အပိုင်း တစ်ပိုင်း စီတိုင်းမှာ ပါပါတယ်။ အမှန်တိုင်း ပြော ရရင် ဒီဇာတ်ကားအတွက် ကြောက်ပါတယ်။ (၁၅) ပိုင်းလုံးကို ကျွန်တော် တစ်ယောက်တည်း သွားရမှာပါ။ ပရိသတ်တွေ ရိုးမသွားအောင်လို့ ကြားထဲမှာ ကာရိုက် တာ အသစ်လေးတွေ ထည့်ဖို့ စဉ်းစားထားပါတယ်” လို့ ပြောပြပါတယ်။

မင်းသွေးရဲ့ တစ်ကိုယ်တော် အခွေဖြစ်တဲ့ ထိုးစစ် MTV  ကလည်း ၂ဝ၁၇ခုနှစ် ကုန်ပိုင်းမှာ ထွက်ရှိမယ် လို့ဆိုပါတယ်။ “အခုလောလောဆယ် MTV က ခြောက်ပုဒ် ရိုက်ထားပြီးပါပြီ။  ဒီအထဲမှာ ရိုက်ထားတဲ့ ပုံစံက စုံပါတယ်။ သီချင်းကို ထပ်ပေါင်းပေးမယ့် ပုံစံမျိုးပေါ့။ ရိုက်ထားတာ ဆိုရင် လူသတ်တဲ့ ပုံစံမျိုး တွေ၊ Story ပုံစံလေးတွေ ပါမှာပါ။ အစ်ကိုက ကျွန်တော်စပြီး သီချင်းအခွေ လုပ်ကတည်းက “ဆိုပေမယ့်လည်း”သီချင်းရယ်၊ “ဟင်းလင်းပြင်” သီချင်းရယ်ကို သူတအားကြိုက်တယ်။ ကျွန်တော်က လည်း ကိုနေတိုးကို သူကြိုက်တဲ့ သီချင်းကိုပဲ သရုပ် ဆောင်စေချင်ယ်။ “ဟင်းလင်းပြင်” က ရိုက်ပြီးသားကြီး ဖြစ်သွားတော့ “ဆိုပေမယ့်လည်း” သီချင်းကိုပဲ ရိုက်ကူးဖို့ လုပ်လိုက်ပါ တယ်။ ပရိသတ်ကိုလည်း ကျွန်တော် အခွေလေး ဒီနှစ်ထဲမှာ ထွက် ဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်” လို့ မင်းသွေးက ပြောပြပါတယ်။

မြတ်မိုးပွင့်  ၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here