မိဘမဲ့ကလေးများ ဘဝအနာဂတ်အရေးနှင့် ပံ့ပိုးကူညီပြုစုပျိုးထောင်မှု အခန်းကဏ္ဍ

0
98

အခုအခါ မြန်မာပြည်အဝှမ်းမှာ မွေးကင်းစကလေးငယ်များရော၊ အရွယ်ရောက်ကလေးများကိုပါ စွန့်ပစ်ထားမှုတွေ များ ပြားစွာတည်ရှိလာပါတယ်။ ဒီလို စွန့်ပစ်ခံကလေးငယ်များဟာ မိဘမဲ့ကလေးဘဝအဖြစ်ရောက်ရှိခဲ့ကြကာ ဆွေမျိုးမွေးချင်းကင်းမဲ့သွားပြီး လူသားဘဝအနာဂတ် ပျောက်ဆုံးသွားကြရတာဖြစ်လို့ ပြုစုပျိုးထောင်ပေးမယ့် စေတနာကုသိုလ်များအပါအဝင် ကလေးသူငယ်ပြုစုစောင့် ရှောက်ရေးဂေဟာများနဲ့ မိဘမဲ့ကလေး ထိန်းသိမ်းပြုစုပျိုးထောင်ရေး ပရဟိတအသင်းအဖွဲ့များတို့ရဲ့ အကူအညီများစွာ လိုအပ်လျက်ရှိနေမှာဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ အနာဂတ်စွမ်းအား လူသားအရင်းအမြစ်ဟာ ကလေးငယ်များဖြစ်တာမို့ ဒီလို အစွန့်ပစ်ခံကလေးငယ်မျိုးတွေ လျော့နည်းပပျောက်သွားအောင် မိဘမဲ့ကလေးငယ်တွေကို စနစ်တကျ စောင့်ရှောက်ပြုစုပျိုးထောင်ပေးကြကာအရွယ်ရောက်သည်အထိ လူမှုဘဝတည့်မတ်ပေးလို့ လူတော်လူကောင်းများဖြစ်လာအောင် အောင်မြင်သောဘဝ ရယူပိုင်ဆိုင်လာအောင် ဘယ်လိုပံ့ပိုးကူညီပေးသင့်လဲဆိုတဲ့ အမျိုးသမီးငယ်အနုပညာရှင်တို့ရဲ့ရှုမြင်သုံးသပ်ပြောစကားများ စုစည်းဖော်ပြလိုက်ပါတယ်။

Su Lin Shine

စုလင်းရှိန်

အခုခေတ်မှာ ကာကွယ်နည်းတွေ အများကြီးရှိတယ်။ ကိုယ်က တကယ်ဖြစ်သွားပြီ ဆိုရင်လည်း ကာကွယ်မယ့်ဆေးတွေရှိတယ်။ ကလေးမဖြစ်ခင်ကတည်းက သောက်လို့ရတဲ့ ဆေးတွေလည်း ရှိနေတယ်။ အဲဒါကို မဖြစ်ခင်ကတည်းက ကြိုပြီးတော့ သောက်ရမယ်ဆို တာကိုလည်း အကုန်လုံးက သိကြပါ တယ်။ အဲဒါကိုမှ မကာကွယ်ဘဲနဲ့ ကိုယ်ဝန်ရလာပြီဆိုရင်တော့ အဲဒါက ကလေးရဲ့အပြစ်မဟုတ်ဘူး။ လူကြီးတွေရဲ့ အပြစ်ဖြစ်သွားပြီ။ ကလေးဖျက်ချမယ်ဆိုရင်လည်း ကိုယ့်အပေါ်မှာပဲ လုံးဝကို အပြစ်ရှိတယ်။ အဲဒါကိုမှ ထပ်ပြီးမွေးလိုက်ကြတယ်။ မွေးပြီးတော့မှ စွန့်ပစ်ကြ တယ်။ ဖျက်ချရင် ကိုယ်နာကျင်ရမှာ စိုးလို့ မဖျက်ချတာလေ။ မွေးပြီးတော့မှ ဖြစ်သလိုဖြစ်ဆိုပြီး ကလေးတွေကို စွန့်ပစ်လိုက်ကြတယ်။ ဒါက တကယ့်ကို အပြစ် ကြီးလွန်းလှပါတယ်။ မလုပ်သင့်ပါဘူး။ အစကတည်းက ဆင်ခြင်သင့်ပါတယ်။ တချို့ကျ ကိုယ့်သားသမီးကို ကောင်းစားစေချင်လို့ ကောင်းမွန်တဲ့နေရာမှာ သွားပစ်ကြတယ်။ တချို့ကျတော့ ခွေးစားစား၊ ကျီးထိုးထိုးဆိုပြီး စွန့်ပစ် လိုက်ကြတာမျိုးတွေ ရှိတတ်ကြတယ်။ ဘာလိုပဲ စွန့်ပစ်စွန့်ပစ် စွန့်ပစ်ခံရတဲ့ ကလေးရဲ့ငယ်ဘဝမှာ လူဖြစ်ကတည်းက မိဘမဲ့ဖြစ်သွားကြသလို အနာဂတ်လည်း မဲ့ သွားတတ်ကြတယ်။ အသက်ရှင်ပြီး လူဖြစ်လာတဲ့အခါမှာလည်း ဆိုးဝါးစွာနဲ့ ဘဝကို ရုန်းကန်ကြရတယ်။ အင်မတန်ကိုမှ သနားဖို့ကောင်းပါတယ်။

shwe poe aim

ရွှေပိုးအိမ်

မိဘမဲ့ကလေးတွေက လူ ဖြစ်လာပြီး တော့ ဘယ်သူမွေးလို့ မွေးမှန်း မသိတာက အရမ်းသနားဖို့ ကောင်းပါ တယ်။ သူတို့ရဲ့ အားငယ် စိတ်ကို တော်တော်လေး ကိုယ် ချင်းစာမိပါတယ်။ မိဘက ကလေးကိုမွေးပြီးဆုံးသွားရင်တော့ တစ်မျိုးပေါ့။ တချို့စွန့်ပစ်တာတွေရှိတော့ ကလေးကို တာဝန်မယူနိုင်ဘဲနဲ့ ကလေးမယူသင့်ပါဘူး။ ကိုယ့် ကလေးတွေကို ဒုက္ခရောက်အောင် လူ့လောကထဲ ခေါ်လာသလိုဖြစ်တယ်။ အခုမိဘမဲ့ကလေးတွေက အပျိုစင်ဘဝမှာ သူတို့မှားပြီး တာဝန်မယူနိုင်လို့ စွန့်ပစ်ခဲ့တဲ့ ကလေးတွေကများတယ်။ ချစ်သူ ရည်းစားဘဝမှာလည်း မမှား အောင် ကိုယ့်ဘာသာကိုယ် ဂရု စိုက်သင့်တယ်။

poe ee kaint

ပိုးအိအိခန့်

မိဘမဲ့ကလေးတွေ မြင်ရတာ စိတ်ထဲမှာမကောင်းဘူး။ ကိုယ်လည်း တစ်ခါ တလေကျရင် ဒီလိုကလေးတွေကို ပြုစုပေးချင်ပါတယ်။ မလုပ်ပေးနိုင်လို့ ရင်ထဲမှာ မကောင်းဖြစ်နေတယ်။ ဒါကတော့ သူတို့ရဲ့ဘဝကံလို့ ပြောရမယ်။ မိဘမဲ့ ကလေးတွေ ဘဝမရောက်အောင် မိဘတွေအနေနဲ့လည်း တာဝန်မယူနိုင်ရင် ကလေးမမွေးပါနဲ့လို့ ပြောချင်ပါတယ်။ အပျိုစင်ဘဝကနေ ကလေးရပြီး စွန့် ပစ်သူတွေရှိတဲ့အတွက် ရည်းစားဘဝမှာ တာဝန်မယူနိုင်ရင် ဘာမှမလုပ်နဲ့လို့ ပြောချင်ပါတယ်။

Khin Tazin

ခင်သဇင်

အခုခေတ် မိဘမဲ့ကလေးတွေများလာတာက လူတွေရဲ့ စိတ်ဓာတ်ညံ့ ဖျင်းလာတာကို တွေ့ရတယ်။ တချို့က သေကွဲကွဲကြ၊ ရှင်ကွဲကွဲကြတာရှိတယ်။ ဒါကတော့ ချို့ယွင်းချက်ပေါ့နော်။ သေကွဲကွဲသွားတဲ့ ကလေးတစ်ယောက်က သူ့ကံက ဆိုးရှာတယ်။ ဒါပေမဲ့ သူ့ရဲ့အားသာချက်က ထူးချွန်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်တယ်။ ဘာကြောင့် လဲဆိုတော့ သူ့ဘဝမှာနာကျင်စေခဲ့လို့ပဲ။ ဆရာကောင်း၊ သမားကောင်းနဲ့တွေ့ရင် ထူးချွန်း တဲ့သူတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့် မိဘမဲ့ကလေးကျောင်းက ဆရာ၊ ဆရာမတွေက အရမ်း တာဝန်ကြီးပါတယ်။ အခု မိဘမဲ့ကလေးတွေက ရည်းစားဘဝမှာ မှားယွင်းပြီး တာဝန်မယူနိုင်လို့ စွန့်ပစ်ခံရတဲ့ ကလေးတွေရှိတယ်။ ဒါတွေကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာကတော့ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ဆိုင်တယ်။ မိဘအုပ်ထိန်းမှုနဲ့ ဆိုင်တယ်။ သူ့ရဲ့ ပြင်ပဗဟုသုတနဲ့ ပညာရေးအခြေအနေနဲ့ ဆိုင်တယ်။

ပေါ်ပြူတာ


LEAVE A REPLY

Please enter your comment!
Please enter your name here