ဘုရားကျွန်တွေအပေါ် လူတွေအမြင်မှားနေကြောင်း ရိုက်ကူးထားတဲ့ ‘ကျွန်’ရုပ်ရှင်ဇာတ်ကား

0
446

kyun

မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မြို့တစ်မြို့ဖြစ်တဲ့ ပုဂံအလှအပတွေနဲ့ ဘုရားကျွန်တွေ ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ နေတိုး၊ မြင့်မြတ်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည်၊ ထူးမွန် တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ရိုက်ကူးခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး …

” ကျွန်တော်တို့ ဒီဇာတ်ကားလေးကို ရိုက်ကူးတုန်းက ပုဂံမှာ နေတွေအရမ်းပူတယ်။ ပါဝင်တဲ့ Actors တွေရော၊ စက်အဖွဲ့တွေရော တော်တော်လေး ပင်ပင်ပန်းပန်းနဲ့ ကြိုးစားထားကြတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာက ကိုယ်ပိုင် Culture ဆိုတာ tradition ဆိုတာရှိတယ်။ ဒါလေးတွေကို ရိုက်ပြချင်တာပါ။ ပုဂံမှာဆိုရင်လည်း သူ့ယဉ်ကျေးမှုနဲ့သူ အစဉ်အလာတွေရှိတယ်။ ဒီဇာတ်ကားမှာ ပုဂံရဲ့ သဘာဝအလှတွေပါ မြင်တွေ့ရမှာပါ။ ရောက်ဖူးတဲ့ သူတွေလည်း ပုဂံအလွမ်းပြေ၊ မရောက်ဖူးသေးတဲ့လူတွေလည်း ပုဂံကို ပြည့်ပြည့်ဝဝ ကြည့်ရှုခွင့် ရမယ့် ဇာတ်ကားလေးပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားကတော့ ဘုရားကျွန်တွေအပေါ်မှာ အထင်အမြင် လွဲမှားနေတဲ့ အယူအဆမှား တွေနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here