ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် အရွေးချယ်ခံ လိုက်ရတဲ့ အလှမယ် အင်ကြင်းထူး

0
110

IIIIIIIIIIIMiss Myanmar Internationel 2016  အလှမယ် အင်ကြင်း ထူးက သူ့ ရဲ့ သရဖူကို ဒီနှစ် ဇူလိုင်လမှာ ကျင်းပမယ့် Miss Myanmar International 2017  ပြိုင်ပွဲမှာ Winner ဆုရရှိတဲ့ အလှမယ်ကို လွှဲပြောင်း ပေးရတော့မှာ ဖြစ် ပါတယ်။ တစ်နှစ်တာလုံး ဆောင်းခဲ့ရတဲ့ သရဖူကို လွှဲပေးရတော့ မှာမို့ သူ့ရဲ့ ခံစားချက်က “ခံစားချက်က ညီမတောင် ဝင်ပြိုင်ချင်တယ်။ ဒီ၂ဝ၁၇ ခုနှစ်မှာရတဲ့ Miss ကတော့ အရမ်း ကို အထောက်ပံ့ပေးခံရမယ့်  Miss ဖြစ်မယ်။ ညီမအနေ နဲ့က သူ့အတွက်လည်း ရင်ခုန်တယ်။ သူ့ကို လုပ်ပေးချင် စိတ်တွေ အများကြီးရှိပါတယ်” လို့  Miss Myanmar International 2017 ဖြစ်လာ မယ့် အလှမယ်အပေါ် မျှော်လင့်စကား ဆိုပါတယ်။ အလှ မယ် တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပညာရပ်များနဲ့ စိတ်နေစိတ်ထား များကိုလည်း အလှမယ် အင်ကြင်း ထူးက…

“စိတ်ထား ကောင်းရမယ်၊ အင်္ဂလိပ်စာကို အခြေခံအားဖြင့် အပြန်အလှန် ပြောဆိုနိုင်ရမယ်။ ဒါမှသာ ကိုယ် သွားပြိုင်တဲ့အခါ ကိုယ်က မပြော နိုင်ဘူး ဆိုရင် အားလုံးနဲ့  Participate မဖြစ်နိုင် ဘူး။ အဲဒီအတွက်ကြောင့် အင်္ဂလိပ်စာကို အထူး သဖြင့် လေ့လာ ကြစေချင်ပါ တယ်” လို့ ပြောပါ တယ်။ အလှမယ်အင်ကြင်းထူးက MRTV-4 မှာ ဇာတ်လမ်းတွဲ တွေ ရိုက်ကူးဖို့အတွက် သရုပ်ဆောင် သစ်တွေ ခေါ် ယူ တဲ့ထဲမှာ ရွေးချယ်ခံရပြီး အခု လတ်တ လောမှာတော့ ဇာတ်လမ်းတွဲတွေရိုက်ကူး ဖို့အတွက် သင်တန်း တက်ရောက်နေ ကြောင်းပြောပါတယ်။

“ညီမအခု MRTV-4 မှာ ဇာတ်လမ်းတွဲရိုက်ကူးဖို့ ရွေးတဲ့အထဲမှာ ပါသွားပါပြီ။ အဲဒီ အတွက်ကြောင့်မို့  training  သင်တန်း သုံးလ တက်နေပါတယ်။ သုံးလပြီးသွား ရင်တော့ ဇာတ်လမ်းတွေ ရိုက်ကူးဖို့  ရှိပါတယ်။ ညီမအရင် ကတည်းက ဒီလမ်းကြောင်းကို လာကတည်းက သရုပ်ဆောင် လည်း ဝါသနာပါလို့ အခု လိုလာရောက် လျှောက်ထားတာ လည်းဖြစ်တယ်၊ အခွင့်ရေး ကလည်း ကံကောင်းတယ်လို့ ပြောရမယ်”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here