လူငယ်ပေမယ့် သာသာရေးလည်း မလစ်ဟင်းတဲ့ စွမ်းဇာနည်

0
318

Swan-3စွမ်းသဘင် ဇာတ် အဖွဲ့ကို ဦးစီးဦး ဆောင်ပြုနေတဲ့ စွမ်းဇာနည်က တစ်နှစ်လုံးမှာ ပွဲခွင်ရပ်နားရတဲ့ ရက် သိပ်မရှိ လှပါဘူး။ သင်္ကြန်ရက် အတွင်း မှာတောင် ပဲခူးဘုရားပွဲ ကပြရင်းဖြတ် သန်းခဲ့ရတဲ့ သူ့အနေနဲ့ပရိသတ် အတွက် အနုပညာကိုသာ အဓိက ဦးစားပေးခဲ့ သူဆိုရင်လည်း မမှားပါ ဘူး။ ဒါ့အပြင် သူဟာလူငယ် တစ်ယောက် ဖြစ်ပေမယ့် သူယုံကြည် ကိုးကွယ်ရတဲ့ ဘာသာရေး ကိုလည်း လစ်ဟင်း မှုမရှိ တဲ့သူပါ။

ဇာတ်အဖွဲ့သူ အဖွဲ့သားတွေကို လည်း ဘုရားဖူး ခရီးများ လိုက်လံပို့ ဆောင် ပေးဖြစ်သလို သူကိုယ်တိုင် လည်း ဇာတ်ကပြ ရင်း ရောက် ရှိရာ နေရာဒေသတိုင်းမှာ ဘုရားစေတီ ပုထိုးရှိ ရာနေရာကို သွားရောက်ကာ ဖူးမြော် ကြည်ညိုလေ့ရှိသူ တစ်ဦးပါ။ ဘာသာ ရေး နဲ့ပတ်သက်ပြီး ပုံမှန်လုပ်ဆောင် နေမှုတွေ ရှိသလို မြန်မာပြည်အနှံ့ လှည့်လည်ကပြကာ ရန်ကုန်ကိုပြန် လည်ရောက်ရှိတဲ့ အချိန် ခဏလေး အတွင်းမှာတောင် ရွှေတိဂုံစေတီ တော်မြတ်ကြီး ထံကို သွားရောက် ဖူးမြော် လေ့ရှိသူပါ။ဒီလိုသွားရောက် ဖူးမြော်လေ့ရှိတိုင်း သူဆုတောင်းတဲ့ ဆုတောင်း ကလည်း လေးစားအားကျ စရာ ကောင်းလှပါတယ်။

“လွယ်ကူ သက်သာတဲ့ ဘဝ တစ်ခုဖြစ်ဖို့ကို မဆုတောင်းပါ။ ခက်ခဲတဲ့ဘဝကို ကြံ့ ကြံ့ခံနိုင်မယ့် ခွန်အားတစ်ခု အတွက်ကိုပဲ ဆု တောင်း ပါတယ်။ ဘဝဆိုတာ လူဌားပြီး တည်ဆောက် လို့မှမရတာ။ ကိုယ်တိုင် ထုဆစ်ပုံဖော်ရတာ။ ကြိုးစား လေလှပလေပေါ့။ ကျွန်တော့်ဘဝ က သစ်သားတုံး ဆိုရင် အနာခံနိုင်မှဧည့်ခန်းက ပန်းပုရုပ်ဖြစ်မှာပါ။ အနာ မခံနိုင် ရင်တော့ နွားစာခွက် ပုံစံ ဖြစ်သွား လိမ့်မယ်။ ဒါကြောင့် ဆက်ပြီးအနာခံရမှာပဲ” လို့ဘဝ အတွက် ခွန်အားဖြစ်စေတဲ့ ဆုတောင်းကိုလည်းသူက တောင်း တဲ့သူပါ။

သူဟာ ဘာသာရေးရဲ့ အဆုံးအမ ကိုခံယူပြီး အများကောင်း ကျိုးတွေကို လည်း လုပ်ဆောင်နေ သူတစ်ဦးရယ် ပါ။ သူ့အနေနဲ့ သူ့ရဲ့ဇာတ် အဖွဲ့သား တွေ နဲ့အတူ ပရဟိတ အလုပ်တွေကို အားကြိုးမာန် တက် လုပ်ဆောင်ခဲ့ပြီး ကိုယ်တိုင် ကိုယ်ကျလည်း အကူအညီ လိုအပ် နေ တဲ့ နေရာဒေသတွေ အထိ သွား ရောက်ကာ ကူညီ လုပ်ဆောင် ပေးခဲ့ပါတယ်။ ဒီလိုပရဟိတ အလုပ်တွေကို လုပ်ဆောင် ရင်း မေတ္တာ တရား လက်ကိုင်ထားကာ ဇာတ်အဖွဲ့ သူအဖွဲ့ သားတွေ အတွက် ကိုလည်း ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစား နေ ထိုင်လျက် ရှိသူတစ်ဦးပါ။ သူဟာ ဇာတ်သဘင် တိုးတက် ရေးအတွက် ကိုလည်း လူငယ် တစ်ယောက် အနေနဲ့ နိုင်တဲ့ဘက် ကနေ ကြိုးစားလုပ် ဆောင်နေပြီး ပရိသတ်တွေ အတွက် လည်းတင်ဆက်မှု အသစ်တွေ ကို တွေးတော ကြံဆနေလျက် ရှိနေပါ တယ်။

လင်းအက္ခရာ