အဆိုတော် ရင်ဂိုရဲ့ သမီး၊ Big Bag က ကျားပေါက်ရဲ့ညီမဖြစ်တဲ့ ဟန်နေလွင်လွင်က Academy Of Rock ဆိုတဲ့ ဂီတ ကျောင်းကို ဦးစီးဖွင့်လှစ်လျက် ရှိသူဖြစ်ပြီး ကိုယ်တိုင်လည်း ဂစ်တာတီး သီချင်းဆိုခြင်းများ ပြုလုပ်သူ ဖြစ်ပါတယ်။ Summer 17 ဆိုတဲ့ နာမည်နဲ့ EP Album တစ်ချပ်ကိုလည်း အွန်လိုင်းက ဖြန့်ချိထားသူ ဖြစ်ကာ Hanny and the zen ဆိုတဲ့ တီးဝိုင်းကိုလည်း ဖွဲ့ စည်းထားသူ ဖြစ်ပါတယ်။ မိန်းကလေး တစ်ဦး အနေနဲ့ Electric Guitar ကိုလည်း ပိုင်ပိုင်နိုင်နိုင် တီးခတ် နိုင်တဲ့ သူမကို ခုလိုဂစ်တာ တီးချင်လာအောင် ဘယ်အရာတွေက လှုံ့ဆော်ခဲ့တာလဲဆိုတာမေးတော့
“ငယ်ငယ်ကတည်း ကလည်း အဖေတို့၊ အစ်ကိုတို့သီချင်းတွေ ဖွင့်တာ နားထောင်ရင်း သိလာတယ်။ပြီးတော့ ညီမအဖေတို့ အသိုင်း အဝိုင်း မှာလည်း ဂစ်တာသမားတွေ များတယ်။ အင်ပါယာက ဦးဇော်မျိုးထွဋ်တို့၊ ဦးဂျွန်တို့နဲ့လည်း အမြဲတွေ့နေရတော့ ဒီဘက်ကို စိတ် ပါသွားတယ် ထင်တယ်။ ပြီးတော့ ငယ်ငယ်ကဆို Queen ကို တအားကြိုက်တယ်။ Queen က ဂစ်တာသမား Bryan may ကို တအားကြိုက် တာ။ သှူ့သူသ အလုံးတွေ ဆိုရင် ပါးစပ်ကပါ လိုက်ရွတ်တဲ့ အထိပဲ။ ဒါကြောင့် အီလက်ထရစ် ဂစ်တာက ကိုယ့်ကို ဆွဲဆောင် သွားပြီး ကိုယ်ဘာကြောင့် တီးချင်မှန်း မသိဘဲကို တီးချင်သွားတာ” လို့ ဟန်နေလွင်လွင်က ပြောပါတယ်။
ဟန်နေလွင်လွင်က ခုလိုဂီတ မိသားစုမှာ မိသားစုဝင် တစ်ဦး အနေနဲ့ ရှိ နေတာက သူ့အတွက် အားသာချက် တွေများပြီး အားလုံးကလည်း ပံ့ပိုးပေး ကြတယ်လို့ ပြောပါတယ်။ “ငယ်ငယ်ကတည်းက အဖေ့ကို အားကျတယ်။ အစ်ကို့ကို အားကျတယ်။ ပြီးတော့ မေမေ ကလည်း ပံ့ပိုးမှု အများကြီးပေး တယ်။ ကိုကျားဆိုလည်း သူ့ရဲ့ရေးပုံ တီးပုံတွေကို တအား အားကျရတယ်။ မေမေက Clothing ပိုင်း လုပ်တယ်။ အင်္ကျီတွေ ဘာတွေကအစ မေမေက ပြင်ဆင်ပေးတယ်။ မသိတာ ရှိရင်လည်း ဖေဖေတို့၊ အစ်ကို တို့ကို မေးရတယ်။ အဲဒီအတွက် အားသာချက်တွေ များပါတယ်” လို့ ဟန်နေလွင်လွင်က ပြောပါတယ်။
ဟန်နေလွင်လွင်က Summer 17 ဆိုတဲ့ EP Album ကိုလည်း ထွက်ရှိထားသူဖြစ်ပြီး စီးရီးခွေ အနေနဲ့လည်း ထွက်ရှိလာဖို့ရှိ တယ်လို့လည်း သိရပါတယ်။
ရဲရဲ