သစ္စာမှန်သော ကံတရား Lion

0
192

lion

ဒီဇာတ်ကားဟာ ၂ဝ၁၇ခုနှစ်၊ မတ်လဆန်းက ထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင် ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ စာရေးဆရာ Saroo Brierley Larry Buttrose ရေးတဲ့ A Long Way Home ဆိုတဲ့ စာအုပ်ကိုအခြေခံ ကျောရိုးယူပြီး ဒါရိုက်တာ Garth Davis က ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ကလေးထိန်းသိန်းရေးစခန်းအတွင်းကိုရောက်နေတဲ့ အိန္ဒိယလူမျိုးကလေးငယ်တွေထဲက ဆာဒူးနဲ့ မန်တော့ရှ်ဆိုတဲ့ ကလေးနှစ် ယောက်ကို သားသမီးအဖြစ်မွေးစားမိခဲ့တဲ့ သြစတြေးလျနိုင်ငံက “ဂျွန်” နဲ့ “ဆူး” ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်တို့ရဲ့ ကြေကြေကွဲကွဲ ခံစားကြရပုံအကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၉၈၆ ခုနှစ်နဲ့ ၂ဝ၁၃ခုနှစ်အတွင်း ကာလတွေ မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဒီဇာတ်က အစအဆုံး တစ်ဇာတ်လုံး အိန္ဒိယဇာတ်ဖြစ်ပြီး အဓိကဇာတ်ကောင်များဖြစ်တဲ့ သြစတြေးလျနိုင်ငံက မွေးစားမိခင်အဖြစ်ကိုတော့ ဟောလိဝုဒ်မင်းသမီး နီကိုးကစ်မင်းက ပါဝင်သရုပ်ဆောင်ထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တစ်နေရာလို့ ဆိုရမယ့်မီးရထားဘူတာရှိတဲ့ “ဂန်နီ စတယ်လီ” ဆိုတဲ့ အရပ်ဒေသက လူတွေဟာ ဆင်းရဲနွမ်းပါးကြတယ်။ စာပေ မတတ်ကြဘဲ တောင်ကြောကြီးတွေကြားမှာ ကျောက်တွေတူးဖော်တဲ့ အလုပ်နဲ့ အခြားကျပန်းအလုပ်တွေကို လုပ်ကြရတယ်။ ဒါပေမဲ့ သူတို့က ရသမျှလေးနဲ့ ရောင့်ရဲတင်းတိမ်ပြီး ရိုးသားကြတယ်။ ရုပ်ရှင်ကို ၅နှစ် အရွယ် “ဆာဒူး”နဲ့ ၁၃နှစ်အရွယ် “ဂူဒူး”တို့ ညီအစ်ကို နှစ်ယောက် ကြုံရာအလုပ်ကလေးတွေလုပ်ရင်း အမေ့ကိုကူညီနေကြပုံနဲ့ စတင်ပါတယ်။ မိခင်ဖြစ်သူ “ခါလူး” ဆိုတဲ့ အမျိုးသမီးဟာ ယောက်ျားသေဆုံးသွားပြီးတဲ့နောက်ပိုင်း ကလေး ၃ ယောက်ကို ကျောက်တူးပြီး ကျွေးမွေးပါတယ်။ အမေဖြစ်သူ ကျောက်တူး သွားတော့ အငယ်ဆုံးညီမလေး ရှကီလာကို ဆာဒူးနဲ့ ဂူဒူးတို့ ညီအစ်ကိုနှစ်ယောက်က ထိန်းကြရတယ်။

၁၉၈၆ခုနှစ် အိန္ဒိယရဲ့ Khamdua အရပ်မှာပေါ့။ အဲဒီ နယ်နိမိတ်ထဲမှာနေထိုင်ကြသူတွေရဲ့အဖြစ်အပျက်လို့ ပြောရမှာပေါ့လေ။ တစ်ညမှာ အစ်ကိုဖြစ်သူ “ဂူဒူး”က ဘေထုပ်တွေထမ်းပိုးတဲ့အလုပ်သွားလုပ်မယ့်အချိန်မှာ ဆာဒူးက လိုက်ချင်တယ်လို့ ပူဆာလွန်းတာကြောင့် ကုန်တင်ရထားကြီးနဲ့ ညီအစ်ကိုနှစ်ယောက်လာခဲ့ကြတယ်။ ညဘက်ကြီးဆိုတော့ ကလေးသဘာဝအရ အိပ်လာတာ အလုပ်လုပ်ရမယ့် ဘူတာအထိ နှိုးမရဘူး။ ဒါနဲ့ဘူတာရဲ့ ခုံလေးတစ်ခုပေါ်မှာ ညီဖြစ်သူကို သိပ်ထားပြီး အလုပ်သွားရှာတယ်။ ဒီမှာပဲနေ၊ ဘယ်မှမသွားနဲ့လို့ မှာခဲ့တဲ့ကြားက ကလေးဆိုတော့ အိပ်ရာကနိုးတော့ မှာခဲ့တာတွေ မသိတော့ဘဲ အစ်ကို ဂူဒူးကိုအော်ခေါ်ကာ လိုက်ရှာရင်း ရထားတစ်စင်းပေါ်တက်လာခဲ့မိ တော့တယ်။

သူရောက်တဲ့အရပ်ဟာ ဟိန္ဒူစကားပြောတဲ့အရပ်မဟုတ်ဘဲ ဘင်္ဂါလီ စကားပြောတဲ့ အရပ်ဒေသ ဖြစ်နေလို့ ဘယ်သူမှသူ့ကို အရေးမထားကြဘူး။ နောက်တော့ ကလေး ထိန်းသိမ်းရေးစခန်းရောက်ပြီး သြစတြေးလျက ဂျွန်နဲ့ဆူးတို့ ဇနီးမောင်နှံရဲ့ မွေးစား ခြင်းကို ခံခဲ့ရတော့တယ်။ အနှစ်၂ဝကျော် ကောလိပ်တွေ ဘာတွေအောင်ပြီး နယူး ယောက်ကို ဟိုတယ်မန်နေဂျာဘာသာရပ် သင်ယူဖို့ ရောက်ခဲ့ရာကနေ မွေးရပ်ဇာတိက မိသားစုကိုပြန်သတိရပြီး ပရိုဂရမ်တစ်ခုရဲ့ အကူအညီနဲ့ နေ့တိုင်းရှာဖွေ နေပါ တော့တယ်။ အဲဒီအကြောင်းကိုသိသွားတဲ့ မွေးစား မိဘနှစ်ပါးရဲ့ ခံစားရမှုတွေက ဘယ်လိုလဲ။ သူကော အမှန်တကယ် ပြန်ရောက်နိုင်ခဲ့သလား။ သူ့ကို အရမ်းချစ် ပြီး ကူညီပေးနေတဲ့ ချစ်သူမိန်းကလေး လူးစ်ကရော ဘာဆက်လုပ်မလဲ။ ကြည့် ဖြစ်အောင် ကြည့်ကြပါ။ နိုင်ငံတကာ ရုပ်ရှင်ဆုတွေ အများကြီးရရှိပြီး အမေရိကန်ဒေါ်လာ ၁၂ သန်းသာ ကုန်ကျတဲ့ ဒီကားဟာ သန်းပေါင်း ၁၁၄သန်းကျော် ပြန်ရတဲ့အထိ ရုံတင်ရက်၂လအတွင်းမှာ အောင်မြင် နေပါကြောင်းခင်ဗျာ။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here