မွေးနေ့မှာ ကမ်းခြေကို ခရီးထွက်ဖြစ်တဲ့ ပိုပို

0
217

PoPoအသက် ၂၇နှစ် ပြည့်တဲ့ မေလ ၁၆ ရက်နေ့မှာတော့ ပိုပိုက ထူးထူးခြားခြား ဆိုသလို မော်ဒွိုက်စ် ကမ်းခြေကို ရောက် ရှိလို့နေ ပါတယ်။ မွေးနေ့မှာ ခရီးထွက်ဖြစ်တဲ့ ပိုပို တစ်ယောက် ခါတိုင်းနှစ်တွေလို အလှူ မလုပ်ဖြစ်တော့ ဘူး လားဆိုတော့ ဒီလိုလည်း မဟုတ်ပါဘူး။ သူမရဲ့ မွေးနေ့က မြိုင်ဆရာလေးကျောင်းမှာ အလှူ လုပ်ဖြစ်သလို၊ မွေးနေ့မတိုင်ခင် ရန်ကုန်မှာ တုန်းက လည်း အလှူတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူမနဲ့ မွေးလတူတဲ့ ပရိသတ်တွေကို လည်း အစီအစဉ် တစ်ခုပြုလုပ်ခဲ့ပါသေးတယ်။

“မွေးလတူတဲ့ သူတွေ ကို မဲနှိုက် တယ်။ အားလုံးပေါင်း ၅ယောက်ဖြစ် တယ်ပေါ့နော်။ ၅ယောက်အပြင် ပိုပို သူငယ်ချင်း တစ်ယောက် နဲ့ ဆိုရင် ၆ ယောက်ပေါ့။ ၆ယောက်ကို Queens are born in May, King are born in May  ဆိုပြီး ယောက်ျားလေးရော၊ မိန်းကလေးရော လက်ဆောင်ပို့ ပေးထားပါတယ်။ သူတို့ကိုလည်း ပြောထားပါတယ်။ အားတဲ့ တစ်ရက် ပိုပိုလည်း ရန်ကုန်မှာ ရှိမယ် ဆိုလို့ ရှိရင် သူတို့မွေးနေ့မှာ အိမ်တိုင်ရာရောက် ထမင်း၊ ဟင်းချက်ပို့ပေးမယ် ပေါ့နော်။ အဲဒီအစီအစဉ် ထဲမှာ ၆ ယောက်ထဲမှာ တစ်ယောက်ကတော့ ရမယ် ထင်ပါတယ်။ အဲဒီမွေး နေ့ ပိုင်ရှင်က မေလ ၂၇ ရက်နေ့ မွေး နေ့ရှင်ပါ။ မေလ ၃ ရက်နေ့မွေးနေ့ ရှင်တုန်းက ယုန်လေး လည်း  လက်ဆောင်ပေးတယ်။ အင်္ကျီလေးလည်း လက်ဆောင်ပေးတယ်။ လူကိုယ်တိုင် Suprise  လုပ်ဖြစ်တယ်ပေါ့နော်”လို့ ပိုပိုက ပြောပါတယ်။

ပိုပိုစီစဉ်တဲ့ ကဗျာစာအုပ်နဲ့ သူမရဲ့ အခွေ “Master pieces” နဲ့အတူတူ ထွက်ဖြစ်မလား၊ မထွက် ဖြစ်ဘူးလား ဆိုတာကိုလည်း သူမက စဉ်းစားနေလေရဲ့။ ဘာပဲပြောပြော အသက်တစ်နှစ် ကြီးလာပြီ ဆိုရင်တော့ သူမရဲ့ Future Plan တွေ၊ စိတ်ခံစားချက်တွေ ကကော ဘယ်လို ရှိမလဲဆိုတာ မေးကြည့်ဖြစ်တော့ …

“ခံစားချက်ကတော့ ရင့်ကျက်လာတယ်။ ကိုယ့်မျှော်လင့်ထားတဲ့ ဟာတွေ မဖြစ်လာတဲ့ အခါကျရင်လည်း နားလည်လာတယ်။ တအား ရင့်ကျက်လာတယ် လို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါ တယ်။ ခံစားချက်တွေ ကတော့ ငယ်ငယ်တုန်းက လိုပဲ။ ရော့ခ် သီချင်းတွေ ပြန် လုပ်ချင်တယ်။ Metal သီချင်းတွေ ပြန်ကြိုက်နေတယ် ဆိုတော့ ငယ်ငယ် တုန်းကအတိုင်း ပြန် ဖြစ်နေတယ်။ Future Plan  ကတော့ စီးပွားရေး လုပ်ဖြစ်မယ်။ သီချင်းတွေလည်း အများကြီး လုပ်ဦးမှာပါ။ ကိုယ်ကြိုက်တဲ့  တွေ Music လုပ်ဖြစ်ဦးမယ်ထင်ပါတယ်” လို့ ပိုပိုက ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here