စိတ်ဓာတ်ကျချိန်မှာ ပိုးမီ အတွက် ဘယ်အရာတွေက အင်အား ဖြစ်စေသလဲ

0
129

Poe-Mi-3Myanmar Idol Season-2 မှ Top -3 ထိတက်ရောက်နိုင်ခဲ့တဲ့ ပိုးမီက လက်ရှိမှာ အဆိုတော် တစ်ဦး အဖြစ် ပရိသတ် လက်ခံ အားပေးမှု ကိုရရှိထားပြီး show  ပွဲတွေသီဆို နေပြီဖြစ်ပါတယ်။

အခုလတ်တလော မှာတော့ Myanmar  Idol  Season -2  မှ ကိုရဲနောင်နဲ့အတူ ဓာတ် မြေသြဇာ ကြော်ငြာ ရိုက်ကူးခဲ့ပါ တယ်။ ကြော် ငြာ ရိုက်ကူးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး

“ဓာတ်မြေသြဇာ ကြော်ငြာ ရိုက်ကူး ဖြစ်တာကတော့ Myanmar Idol Season-2 သူငယ်ချင်းလေး ယောက်ကို လာကမ်းလှမ်း တာ ကြောင့် mntv က တာဝန် ရှိသူတွေနဲ့ တိုင်ပင်ပြီး ရိုက်ကူးဖြစ်ခဲ့တာပါ။ တစ်ခု ကတော့ ဘီလီနဲ့ သားငယ် ရိုက်ကူး တယ်။ နောက်တစ်ခုက ကိုရဲနောင် နဲ့ အစ်မ ဧရာဝတီ တိုင်း ဘက်မှာ သွားရောက် ရိုက်ကူးခဲ့တာပါ” လို့ ပြောပါတယ်။

ပိုးမီက တစ်ကိုယ် တော် စီးရီးခွေ ထွက် ဖို့ကြိုးစားနေပေမယ့် လည်း လောလော ဆယ်မှာတော့ အ ကောင် အထည် မဖော်နိုင်သေးဘူး လို့  ပြောပါတယ်။ တေးစီးရီး ထုတ်ဖြစ် ရင်တောင် သူကြိုက်တဲ့ Pop, Rock  သီချင်း အမျိုးစားတွေ အပြင်သူ့ အသံ
နဲ့ လိုက်ဖက်မယ့် သီချင်းအမျိုးအစားတွေ ကိုလည်း ထည့်သွင်းဖို့စဉ်းစား ထား ကြောင်းပြောပါတယ်။ အတိုက် အခိုက်တွေကို စိတ်ထဲမထားဘဲ ရှေ့ဆက်ဖို့ ကြိုးစားနေပါတယ် ဆို တဲ့ပိုးမီက…

“အတိုက်အခိုက်တွေ ကတော့ လူတိုင်းမှာ ရှိတာပေါ့နော်။ ဒါ တွေ ကို စိတ်ထဲ မထည့်ဘဲ ရှေ့ဆက်တိုး ဖို့ပဲ စဉ်းစား နေပါတယ်။ အခုကြိုး စားနေတဲ့ အချိန်မှာ အင်အားဖြစ်စေ တာကတော့ အစ်မရဲ့မိဘပေါ့နော်။  မိဘဆိုပေမယ့် အမေပဲ ရှိတော့တာ ပါ။ အမေရယ်၊ ညီမလေးတွေရယ် နောက်အစ်မကို ချစ်တဲ့ Fan တွေ ရယ်။  ဒါတွေကတော့ အင်အားတွေပါ။ အစ်မ စိတ်ဓာတ်ကျနေတဲ့အချိန်  We Love Group လေးဝင်ကြည့်ရင် လည်း  အင်အားရစေ ပါတယ်” လို့  ပြောပြ ခဲ့ပါတယ်

ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here