အမေရိကကို ခရီးထွက်နေတဲ့ ထွန်းအိန္ဒြာဗိုလ်

0
183

Tun-Eaindra-Bo-1ထွန်းအိန္ဒြာဗိုလ်က သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့် နဲ့အတူ ပွဲတစ်ပွဲ တက်ရောက်ဖို့ အတွက် မေလ၂၅ရက်နေ့ မနက်ပိုင်းက အမေရိကန် နိုင်ငံကို ထွက်ခွာ သွားခဲ့ပါတယ်။ သားဖြစ်သူ ကျောင်းပိတ်ရက်လည်း ဖြစ်တာကြောင့် သားကိုပါ ခေါ် သွားခဲ့တာဖြစ် ပါတယ်။ အသွားအပြန် ၁၈ရက် ကြာမှာဖြစ်ပြီး ပွဲတက်ဖို့ပဲ ဖိတ်တဲ့ အတွက် တခြားအလုပ်ကိစ္စ မပါဘဲ ပွဲတက်ဖို့သာ သွားခြင်းဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုလ်က ပြောပါ တယ်။ ခရီးကပြန်လာရင်တော့ ဝတ္ထု ဇာတ်ညွှန်း ဒါရိုက်တာ မောင်ယဉ်အောင် ရိုက်ကူး မယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖိုးချစ် တို့နဲ့အတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ထွန်း အိန္ဒြာဗိုလ်ရဲ့သား အောင်ဗိုလ်ကောင်းသန့်က Golf ရိုက်တာ ဝါသနာပါသူဖြစ်ပြီး Golf  ပြိုင်ပွဲတွေမှာလည်း ဆုတွေ ရရှိထားသူဖြစ်ပါတယ်။ သား Golf ရိုက်ဖို့နဲ့ ပြိုင်ပွဲအတွေ့အကြုံ များရရှိဖို့ အတွက်  သြစတြေးလျကို တစ်လကြာ သွားရောက်ဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။ “ထွန်းအိန္ဒြာဗိုလ်က သူ့ရဲ့မေမြို့ခြံမှာ ဂန္ဓမာ ပန်းတွေပွင့်နေပြီဖြစ်ကြောင်း ဖေ့စ်ဘုတ်မှာ တင်ထားတာ တွေ့ရပါတယ်။ ခြံထဲမှာ ပန်းတွေ စိုက်ဖြစ်ပုံနဲ့ ပတ်သက်ပြီးမေး တော့ ထွန်းအိန္ဒြာဗိုလ်က..

“အစ်မတို့က မြေကြီး အလွတ် ဒီအတိုင်းပဲ ဝယ်ထားတာ။ ပြီးတော့မှ ဘူဒိုဇာနဲ့ ထိုးပြီး ခြံ ခတ်တာ။ အိမ်စောင့်ထားတာပေါ့။ အစ်မရဲ့ပထမ တစ်ခြံစောင့်နေတုန်းကလည်း သူတို့ ပန်းတွေ စိုက်စားတယ်လေ။ အခု ဒီခြံကို သူတို့ကို ပြောင်းပေးလိုက်တော့လည်း ပန်းတွေထပ် စိုက်စားတာပဲ။ သူတို့က ပန်းစိုက်နေကျ သူတွေလေ။ အစ်မတို့က သူတို့ကို မွေးမြူရေး ပဲဖြစ်ဖြစ်၊ စိုက်ပျိုးရေး ပဲဖြစ်ဖြစ် တစ်ခုခု ကြိုက်တာလုပ်ပါလို့ ပြောထားတယ်။ ကိုယ်သွားတဲ့ အခါလည်း ကိုယ့်ခြံကို စိမ်းစိမ်းစိုစို တွေ့ရတယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here