အောင်မြင်မှုလမ်းပေါ်က ဖြူဖြူကျော်သိန်း ရဲ့ေ ခြ လှ မ်း များ

0
160

Phyu phyu

အဆိုတော် ဖြူဖြူကျော်သိန်းလို့ပြောလိုက်ရင် လူတိုင်းလိုလိုသိကြပါတယ်။ သူမက အောင်မြင်ထင်ရှားတဲ့ အဆိုတော်တစ်ဦးဖြစ်သလို၊ ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ ဆေးကျောင်းတက်နေစဉ် ကာလမှာပဲ ဂီတလောကထဲကို ဝင်ရောက်လာခဲ့ပြီး Iron Cross တီးဝိုင်းရဲ့ ဂီတဖျော်ဖြေပွဲတွေက တစ်ဆင့် ပရိသတ်မြင်ကွင်းရှေ့ကို ရောက်လာခဲ့ကာ ထင်ရှားကျော်ကြားတဲ့ အဆိုတော်ဘဝကို ရရှိပိုင်ဆိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဆေးကျောင်း သူဘဝမှာ ဂီတ နဲ့ပညာရေး တစ်ပြိုင်တည်းလုပ်ကိုင်ခဲ့ရတာဖြစ်တဲ့အတွက် သူမရဲ့ ဘဝဖြတ်သန်းမှုတချို့အကြောင်း ဖြူဖြူကျော် သိန်းကို မေးမြန်းကြည့်တဲ့အခါ…

ဆေးကျောင်းတက်နေစဉ်မှာပဲ အနုပညာလောကထဲဝင်ခဲ့တယ်…

” အဓိကကတော့ အချိန်ပေါ့။ အချိန်မလောက်ငှမှုဖြစ်တယ်။ ပြီးတော့ စိတ်ဖိစီးမှုမှာလည်း နှစ်ခုလုပ်ရတာဖြစ်တဲ့အတွက် ပိုများတယ်။ ကိုယ်ကစားမေးပွဲလည်း အမြဲအောင်ချင်တယ်။ အတန်းမှန်မှန် တက်ချင်တယ်။ တစ်ဖက်မှာလည်း အနုပညာအလုပ်မှာ နေရာလေး တစ်ခုလည်း စရလာတဲ့အချိန်မှာဖြစ်တဲ့အတွက် ပရိသတ်နဲ့လည်း အဆက်အ သွယ် မပြတ်ချင်ဘူး။ တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရတာရှိတယ်။ အားလုံးမဟုတ်ရင်တောင် အနည်းအကျဉ်းတော့ စွန့်လွှတ်ရတယ်။ ဖြူဖြူက အနုပညာအလုပ် မလုပ်ခင်တုန်းကဆိုရင် ကျောင်းမှာအမြဲ ဂုဏ်ထူးထွက်တယ်။ အနုပညာအလုပ် စလုပ်တဲ့အခါမှာတော့ ဂုဏ်ထူးထွက်တဲ့ ကျောင်းသူ တစ်ဦးရဲ့ဘဝကို စွန့်လွှတ်လိုက်တယ်။ ဒါပေမဲ့
ပုံမှန်အမြဲတမ်း အောင်တဲ့ကျောင်းသူတစ်ယောက်အနေနဲ့ တစ်ဆစ်လျှော့ပြီး ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့လည်း ကျေနပ်ပါတယ်။ နောက်ဆုံးဖိုင်နယ်ဖြေတဲ့ အချိန်မှာတော့ ဖြူဖြူဒီအနုပညာကိုလည်း နေရာလေးတစ်ခုရလာတဲ့ အချိန်မှာ ဒီလိုအဆက်ပြတ်တာတော့ မဖြစ်ချင်ဘူးပေါ့။ ဒါပေမဲ့ ဆရာဝန်တစ် ယောက်ဖြစ်အောင် ငယ်ငယ်လေးကတည်းက ကြိုးစားလာရတာ။ တစ်ဖက်ကိုခဏတော့ စွန့်လွှတ်မှ ဖြစ်မယ်ဆိုပြီး အဲဒီကာလက ရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အနုပညာမောင်နှမတွေ၊ မီဒီယာ မောင်နှမတွေ၊ မိတ်ဆွေတွေက လည်း အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ ဖြူဖြူ အနေနဲ့လည်း ဖိုင်နယ်မှာ လွတ် လွတ်ကျွတ်ကျွတ် အောင်ခဲ့ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဆရာဝန်ဘဝနဲ့အဆိုတော်ဘဝ သူမဘယ်လိုရွေးချယ်ခဲ့လဲ…

ဖြူဖြူကျော်သိန်းက ဂီတမျိုးရိုး အဆက်အသွယ်မရှိခဲ့သူ တစ်ဦးဖြစ်ပြီး မိသားစုတွေကလည်း ပညာရေးနဲ့ ဆက်နွယ်တဲ့အ သိုင်းအဝိုင်းပဲဖြစ်ပါတယ်။ လမ်းကြောင်းပေါ်ကို သူမ ဘယ်လိုလှမ်း တက်ခဲ့သလဲဆိုတာက လည်း စိတ်ဝင်စားစရာပါ။ ဆရာဝန် တစ်ဦးဘဝကို မရွေးချယ်ခဲ့ဘဲ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ သူမအကြောင်းကတော့ ” အိမ်ကလည်း ဒီလိုအနုပညာ ပိုးပါလာတာကို အံ့သြနေကြတယ်။ မျိုးရိုးလည်း မရှိဘဲ နဲ့ပေါ့။ ငယ်ငယ်တုန်းကတော့ ဘုရားကျောင်းမှာ အမြဲဆိုတယ်။ အိမ်ကလည်း ပညာ ရေးကို မထိခိုက်ရင်ပြီးရော ဆိုပြီး လွှတ်ပေးထားတယ်။ ဒါကလည်း လူငယ်ဘဝမှာ စိတ်ကစားတဲ့ အတိုင်း ဟိုဟာ ဝါသနာပါသလို၊ ဒီဟာဝါသနာပါသလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒါကိုတဒင်္ဂ စိတ်ဝင်စားပြီး အပျော်လုပ်တာမဟုတ်ဘူးဆိုတာ သိသာလာတယ်။ မိဘတွေက ကိုယ့်ကို ဘယ်လိုဆုံးမလဲဆိုတော့ ပညာတတ်ဖြစ်အောင်အရင်လုပ်ပါပေါ့။ ပညာတတ်ဆိုတဲ့နေရာမှာ လည်း အတန်းပညာဆိုတာအပြင် ဆင်ခြင်တုံတရား ပညာတတ်တစ် ယောက်ဖြစ်စေချင်တယ်။ ဘယ်နည်းနဲ့မဆိုအမြင့်ဆုံးပညာကိုရအောင် ကြိုးစားပါ။ ပြီးမှ ကိုယ်ဝါသနာပါရာ လုပ်တဲ့အရာ တွေကို ချင့်ချိန်စဉ်းစားပြီး အလုပ်လုပ်ပါလို့ မှာထားတယ်။ ဆယ်တန်းပြီးတဲ့အချိန်မှာ တိုင်းပြည် အခြေအနေအရ ကျောင်းက တန်းမတက်ရသေးဘူး။ အဲဒီအချိန်မှာ တခြားသင် တန်းတွေတက်တယ်။ အဆိုသင်တန်းလည်း ဦးစောနုဆီမှာတက်တယ်။ အဆိုပြိုင်ပွဲတချို့မှာလည်း နည်းနည်းပါးပါး
ဝင်ပြိုင်ဖူးတယ်။ အဲဒီမှာ မိဘတွေက ဒီအပေါ် မှာ ကိုယ်ဘယ်လောက် စိတ်ဝင်စားတယ် ဆိုတာ သိသွားတယ်။ အဲဒီအချိန်မှာ ကျောင်းကဖွင့်သွားတော့ ကျောင်းဘက်ကို ပြန်လှည့်သွားရတယ်။ ဒါပေမဲ့ ဂီတပိုးကတော့ ပိုပိုကြီးလာတယ်။ ဒါနဲ့ဒုတိယနှစ်မှာ စလုပ် ဖြစ်တယ်။ တအားကြီး အောင်မြင်ရမယ်။ ကျော်ကြားရမယ်တော့တွေးပြီး လုပ်ခဲ့တာမဟုတ်ဘူး။ ဒါက ကိုယ်ချစ်မြတ်နိုးတဲ့ အလုပ်ဆိုတာသိတဲ့ အတွက်ဒါကို မြတ်မြတ်နိုးနိုး လုပ်ချင်တဲ့စိတ်နဲ့ပဲ လုပ်ခဲ့တယ်။

မိသားစုကလည်း ကိုယ်ဝါသနာပါရာကို ပံ့ပိုးပေးတယ်..

ဖြူဖြူ့မိသားစုက အနုပညာ အသိုင်းအဝိုင်းက မဟုတ်ပေမယ့် ကိုယ့်ကို ချစ်တာတစ်ခုတည်းနဲ့ အစစအရာရာ လိုက်ပံ့ပိုးပေးတယ်။ ဖြူဖြူနဲ့ အတူ ကောင်းအတူ ဆိုးအတူ အတူတူ ဖြတ်သန်းကြတယ်။ ဘယ်တော့မှ သူတို့နောက်ဆုတ် မသွားခဲ့ဘူး။ အဲဒီ အတွက်လည်း အားတက်ပီတိဖြစ်ရပါ တယ်။ ဖြူဖြူ့မိဘတွေက ဘာပြောလဲဆိုတော့ သမီးရွေးချယ်တဲ့ အလုပ်ကို သမီးတကယ်လုပ်ချင်ဖို့ လိုတယ်လို့ ပြောတယ်။ တချို့ကရှိတယ်လေ။ အနုပညာအလုပ်ဆိုရင် တန်ဖိုး မထား ချင်တာရှိတယ်။ ကိုယ်ရွေးချယ်တဲ့ အလုပ်ကို မဆုတ်မနစ် ကိုယ်တိုင် တန်ဖိုးထားပြီး ရိုးသားကြိုးစားစွာ လုပ်မယ်ဆိုရင် ဘယ်သူကမှ ဘာမှ လာပြောမှာမဟုတ်ဘူးတဲ့။ ကြိုက်တာ ကိုရွေးချယ်ပါ။ အမေတို့၊ အဖေတို့က ဘာမှမပြောဘူးဆိုတဲ့စကားက ဖြူဖြူ့အတွက် ကြီးမားတဲ့ အင်အားအချိုးအကွေ့တစ်ခုဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ အခုလိုအဆိုတော်တစ်ဦး ဘဝကို ရွေးချယ်ခဲ့ပါတယ်++လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဆရာဝန်တစ်ဦးဖြစ်တာကြောင့် ကျန်းမာရေးနဲ့
ပတ်သက်တာတွေမျှဝေဖြစ်တယ်

ကျန်းမာရေးကလည်း လူတစ်ယောက်ဘဝမှာ အရေးကြီးပါတယ်။ အဲ့ဒီအတွက် အစားအသာက်အနေအထိုင်ကိုလည်း သတိပြုသင့်ပါတယ်။ဖြူဖြူတို့ဆိုလည်း အမြဲလို ခရီးသွားနေရတာလည်း ရှိတော့ သောက်ရေကအစ ဆင်ခြင်သောက်ရစားရတာရှိတယ်။ အခု ဖြူဖြူ ကျန်းမာရေးကုန်ပစ္စည်းတစ်ခုရဲ့ Brand Ambassador အဖြစ်ဆောင်ရွက်ပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်းမျှဝေ ဖြစ်တယ်။ ကိုယ်တိုင်ကလည်း ဒီလိုကျန်းမာရေး အသိပညာပေးရတာကို သဘောကျတယ်။ ကိုယ်တိုင်လည်း ဆရာဝန် တစ်ဦးဖြစ်နေတာကြောင့် ကိုယ်သိသမျှ ကျန်းမာရေးဗဟုသုတတွေကိုလည်း ပရိသတ်ကို မျှဝေဖြစ်ပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here