ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းစာအပြင် ပြင်ပ စာတွေကို ဖတ်ရှုသင့်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြား

0
270

Ashin Sandar Dika1

ဇွန်လအစမှာတော့ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အစ ကျောင်းဖွင့်ချိန်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်မှာ ပညာရည်နို့သောက်စို့ကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် ပညာရေးနဲ့ ပတ်သက်တဲ့ အရေးပါမှု၊ လေ့လာကျက်မှတ်မှု အနေအထားနဲ့ ကျောင်းသား မောင်မယ်တို့ အတွက် ရှောင်ရန်၊ ဆောင်ရန်အချက်တွေကို ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ကို ပေါ်ပြူလာမှ အခုလို မေးမြန်းလျှောက်ဖော်ပြပေးလိုက်ရပါတယ်။

မေး။ ။ ဇွန်လ၁ရက်နေ့မှာဆိုရင် ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက် လောကီရေးရာမှာ ပညာ ရေးဟာ ဘယ်လောက်ထိ အကျိုး သက်ရောက်မှုရှိတယ်ဆိုတာကို ဆရာတော်ဘုရားရဲ့ ဆုံးမသြဝါဒ လေးြ>ွမက်ကြားတော်မူပါဘုရား။

ဖြေ။ ။ပညာရေးဆိုတာကတော့ အထူးပြောစရာတောင်မလိုဘူး။ ပညာရေးဆိုတာကတော့ လူတစ် ယောက်ချင်းရဲ့ဘဝတိုးတက်မှု အတွက်ရော၊ တိုင်းပြည်တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော အဓိက အကျဆုံး၊ အရေးကြီးဆုံးပဲပေါ့။ အဲဒီ တော့ ကိုယ့်ဘဝတိုးတက်ဖို့ အတွက် လည်း ပညာဆိုတာ ရှိရမှာ ပဲ။ ပညာ တတ်ရမှာပဲလေ။ ဒါကြောင့် ပညာ ကို ကြိုးစားပြီး သင်ယူရမှာပေါ့။ ပညာဆိုတာကတော့ အကောင်း အဆိုး၊ အကြောင်းအကျိုး၊ အမှား အမှန်ကို ခွဲခြားနားလည်တဲ့ သဘော တရားကို ခေါ်တာဖြစ်တဲ့အတွက် ကြောင့် ဘဝခရီးလျှောက်လှမ်းတဲ့ နေရာမှာအကောင်းအဆိုး၊ အ ကြောင်းအကျိုးကို ခွဲခြားနားလည် တဲ့ ပညာဆိုတာရှိရမှာပဲလေ။ အဲဒီလို ပညာရှိဖို့၊ ပညာရင့်ကျက်သထက် ရင့်ကျက်လာဖို့အတွက် ဒီအတန်း တွေကိုလည်း တစ်တန်းပြီးတစ်တန်း သင်ယူသွားရတာပေါ့။ အတန်းတွေ တစ်တန်းပြီးတစ်တန်း အောင်သွား ရုံနဲ့တော့ မပြီးဆုံးဘူး။ ကျောင်းစာ လည်းသင်၊ အပြင်စာတွေလည်း ဖတ်ဖို့တော့ အရေးကြီးပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ရှိရင်တော့ အဲဒါကိုပဲ အဓိက တိုက်တွန်းချင် တာ။ ကျောင်းကသင်တဲ့စာကို လေ့လာကျက်မှတ်ရုံနဲ့ မပြီးသေးဘဲနဲ့ အပြင်စာတွေများများ လေ့လာဖတ် ရှုဖို့လည်း အရေးကြီးပါတယ်။ အပြင် စာတွေများများဖတ်မှသာလျှင် စိတ်နေစိတ်ထားလည်း ရင့်ကျက် လာတယ်။ အတွေးအခေါ်၊ အယူအ ဆတွေလည်း မှန်ကန်လာတယ်။ အဲဒါကြောင့် ကျောင်းစာတွေလည်း ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာ ပါ။ ပြင်ပစာပေတွေလည်း ဖတ်ရှုပါ လို့ ပြောချင်ပါတယ်။

မေး။ ။အခုအချိန်မှာ အင်တာနက် လူမှုကွန် ရက်တွေက တော်တော်လေး ခေတ် စားလာတဲ့အခါ ကလေးတွေ အနေနဲ့တချို့ကပညာရေး လမ်း ကြောင်းမှာ ထိခိုက်မှုတွေ မရှိရ လေ အောင် ဘုန်းဘုန်းရဲ့ ဆုံးမ သြဝါဒ စကားလေး မိန့်ကြားပေးတော်မူပါ ဘုရား။

ဖြေ။ ။အဲဒါကတော့ ကျောင်းသား မိဘတွေအနီးကပ်ပြုစု စောင့်ရှောက် နေတဲ့ ကျောင်းသား မိဘတွေ အပေါ်မှာလည်း အများကြီး မူတည် တာပေါ့နော်။ အဲဒီတော့ ဒီဖုန်းတို့၊ အင်တာနက်တို့ ဒီမီယာတွေကို အသုံးပြုတာသူ့အချိန်နဲ့သူပဲ အကန့် အသတ်လေးနဲ့ အသုံးပြုနိုင်ဖို့ လိုတာပေါ့။ ဒါတောင်မှပဲ ဗဟု သုတဖြစ်မယ့် အစီအစဉ်တွေ၊ ဗဟု သုတဖြစ်မယ့် ဝက်ဆိုဒ်တွေကို ကြည့် ဖို့အတွက် လမ်းညွှန်ပေးဖို့ လိုအပ် တာပေါ့နော်။ ကိုယ့်ဘာသာ ကိုယ် လွှတ်ထားမယ် ဆိုရင်တော့ အပျော် အပါးနဲ့ စိတ်ပြောင်းလဲ စေမယ့် အစီအစဉ်တွေ ကြည့်မယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင် မှာပေါ့ လေ။ အဲဒီတော့ အသိပညာ တိုးပွား စေမယ့် အစီအစဉ်မျိုးတွေ ကြည့်ရှု ဖို့အတွက် မိဘတွေက အနီးကပ် လမ်းညွှန်ပေးဖို့ လိုတာပေါ့လေ။

မေး။ ။ဘုန်းဘုန်းအနေနဲ့ အခုလက်ရှိ ပညာ သင်ကြားနေကြတဲ့ ကျောင်း သား၊ ကျောင်းသူတွေအတွက် ပညာရေးဆိုင်ရာဆုံးမ သြဝါဒစကား များ မိန့်ကြားပေးပါဦး ဘုရား။

ဖြေ။ ။ သြဝါဒကတော့ အထွေအထူး ပေးစရာမရှိပါဘူး။ အခုလောလော ဆယ်ရောက်ရှိနေတဲ့ အတန်းနဲ့ သက်ဆိုင်တဲ့ စာတွေကို ကျွမ်းကျွမ်း ကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြစ်အောင် လေ့လာဖို့ အရေးကြီးတာပေါ့။ အဲဒီ အတွက်စာကျက်တာမျိုးတင် မဟုတ် ဘဲနဲ့ သဘောတရားနားလည် အောင် လေ့လာကျက်မှတ်တာမျိုး လည်း လုပ်ဖို့လိုအပ်တယ်။ ကျောင်းတက်။တယ်ဆိုတာကလည်း ကျောင်း စာ တစ်ခုတည်းမဟုတ် ဘူးပေါ့။ သူငယ် ချင်းအချင်းချင်းပေါင်း သင်းဆက်ဆံ ရေး၊ ဆရာ၊ ဆရာမတွေနဲ့ ပေါင်း သင်းဆက်ဆံရေးလည်း ပါတာပဲ။ အဲဒီတော့ ကျောင်းတက် တယ်ဆိုတာ အသိပညာ၊ အတတ်ပညာသိအောင် တက်တာလည်း ဖြစ်သလို၊ လူမှု ဆက်ဆံရေး ကျွမ်းကျင်အောင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ် အောင်၊ ကိုယ့်စိတ်ကူး စွမ်းရည်၊ နောက်ပြီး ပတ်ဝန်းကျင်လောကဒဏ် တွေ အပေါ်မှာ ခံနိုင်ရည်ရှိတဲ့ စွမ်း ရည်တွေလည်း တိုးတက်အောင် လုပ်ဆောင်နေတဲ့ ဖြစ်စဉ်တစ်ခုပဲ ပေါ့။ ဒါကြောင့် ကျောင်းတက်တာ ကို တန်ဖိုးထားဖို့လိုတယ်။ ကျောင်း သားမိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီးတွေကို အနည်းဆုံး တော့ ဆယ်တန်းအောင်တဲ့အထိ ကျောင်းထားဖို့တော့ လိုအပ်တာပေါ့။ အဲဒီတော့ ပညာဆိုတာက ဘဝမှာ အရေးကြီးဆုံးပဲဆိုတာကို သဘော ပေါက်ပြီးတော့ ပညာကို လိုလိုလား လားနဲ့ လေ့လာသင်ယူဖို့ပဲ ပြောချင်ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here