ကျွန်တော့်သမိုင်းမှာ ဒါဟာ အကြီးမားဆုံး အမှတ်တရ တစ်ခုပါပဲ X.box

0
334

 IMG_2155MBC ကနေ ဖြန့်ချိတဲ့  X.box ရဲ့ “9” အယ်လ်ဘမ်ဒီဗီဒီက အောင်မြင်ခဲ့တဲ့ အခွေတစ်ခွေပါ။ ဘာကြောင့်ဆို မေလ ၂ဝ ရက်၊ ရန်ကုန်မြို့ Junction Square မှာ ကျင်းပခဲ့တဲ့ ပရိုမိုး ရှင်းမှာဆို မိုးတွေရွာခဲ့ပြီး ပွဲပျက်တော့မယ့် အခြေအနေမှာ တောင် လုံးဝမပြန်ဘဲ မိုးရွာ ထဲ စောင့်ဆိုင်း အားပေးခဲ့တဲ့ ပရိသတ်ကြောင့် ပဲဖြစ်ပါတယ်။ အခုသူက MBC နဲ့ စာချုပ်ချုပ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယို ရိုက်ကူးတော့မယ် ဆိုတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး X.box ဘယ်လောက်အတိုင်းအတာအထိ ပြောလို့ရမလဲဆိုတာ မေးမြန်း ဖြစ်တဲ့အခါ

“ကျွန်တော်နဲ့  MBC နဲ့ စာချုပ် ပဲချုပ်ရပါသေးတယ်။ ကျွန်တော် Gym တွေ ကစားမယ်။ ကျွန်တော့်ကို သရုပ်ဆောင်ပိုင်းကို Train  ပေးတဲ့ သူနဲ့ တွေ့ပြီးတော့ ရုပ်ရှင်ရိုက်ကူးဖို့ အတွက်ကို ကျွန်တော်ပြင်ဆင်မယ်။ အဲဒီကြား ထဲမှာ ကျွန်တော် သီချင်းတွေရေးမယ်။ သီချင်းတွေ ဆိုသွားမယ်။ သေချာတာ တစ်ခုကတော့ သရုပ်ဆောင် ပိုင်းနဲ့ ပတ်သက်ပြီး မင်းသားဖြစ်ချင်တဲ့ စိတ်ကြောင့်လည်း မဟုတ်ပါဘူး။ အဓိကကတော့ ကျွန်တော် ဆိုတဲ့ လူ တစ် ယောက်ကို မမြင်ဖူးသေးတဲ့ အတွက် ဘယ်လိုမျိုး ပုံစံမျိုးလဲ ဆိုတာကို တီဗီပေါ် မှာ ကျွန်တော် ထည့်လိုက်သလိုမျိုးပါပဲ။ ကျွန်တော့် အပြင်ပုံစံ အတိုင်းပဲ ဇာတ်ညွှန်းကို သေသေချာချာ စီစဉ်ပြီး ရိုက်ကူးမှာပါ” လို့ သူကပြောပြပါတယ်။

သူကြိုက်တဲ့ မင်းသားတွေက မြင့်မြတ်၊ ထွန်းထွန်း၊ ရဲတိုက်တို့လို သဘာဝ ဆန်ဆန် သရုပ်ဆောင်တဲ့သူတွေကို သဘောကျပါသတဲ့။ သူဇာတ်ကား ရိုက် ပြီဆိုရင်တော့ လက်ရှိသူ့ရဲ့ ရှည်ပြီးဝဲကျနေတဲ့ ဆံပင်ကို ကာရိုက်တာအရ ချိန်း သင့်ရင် ချိန်းရမယ့်သဘော ရှိပါတယ်။ သူ့ပရိသတ်တွေ အတွက်ကိုလည်း X.box က “ကျွန်တော့်ကို မိုးထဲ၊ လေထဲမှာ မပြန်ဘဲနဲ့ ထောင်နဲ့ချီပြီး လာ ရောက် အားပေးခဲ့ကြ တယ်။ ဒါဟာ ကျွန်တော့်ရဲ့  History  တစ်ခုလုံးမှာ ဒါဟာအကြီးမားဆုံး အမှတ်တရတစ်ခုပါပဲ။ ကျွန်တော် အများကြီးပျော် ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here