ငွေကျပ်သိန်း ၁၂ဝတန်ဖိုးရှိ ကျောင်းဆောင်သစ် ရေစက်ချ လှူဒါန်းခဲ့တဲ့ Rဇာနည် တို့ မိသားစု

0
188

ZAW_8102အဆိုတော် Rဇာနည်၊ ဇနီး ဝမ်းနဲ့ သားဥာဏ်ဘုန်းဇာနည်တို့ရဲ့ မွန်မြတ်တဲ့ အလှူဒါန တစ်ခုကို မေလ ၂၅ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။ အဲဒီ အလှူကတော့ Rဇာနည်ရဲ့ “ကမ္ဘာ သား” တေးစီးရီး ကရရှိတဲ့ အနုပညာ ကြေးတွေနဲ့ ဆောက်လုပ်လှူဒါန်းတဲ့ ရွှေပြည်သာမြို့နယ်ရှိ ကမ်းဇေယျာ ပရဟိတသီလရှင်စာသင်တိုက်က မာလာနွယ် ပရဟိတ ကျောင်းဆောင် သစ် ရေစက်ချ ဖွင့်လှစ်ပွဲပဲ ဖြစ်ပါ တယ်။

“ကျွန်တော်တို့မိသားစု အနေနဲ့ ဆရာလေးရဲ့ကျောင်းမှာ ဒီလို ကျောင်းဆောင် လှူဒါန်းခွင့်ရတာ ဂုဏ်ယူပါတယ်။ ဒီအလှူဒါနဟာ ကျွန်တော့်ရဲ့ “ကမ္ဘာသား” အခွေ ရောင်းရတဲ့ ငွေကြေးတွေနဲ့ လှူဒါန်း ခြင်းဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်ရဲ့ အလှူလို့ပြောလို့ရပါတယ်”လို့ Rဇာနည်ကပြောပါတယ်။ ကျောင်း ဆောင်သစ်ကို ငွေကျပ်သိန်း တစ်ရာ့ နှစ်ဆယ်ကုန်ကျကြောင်း Rဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်းထံမှ သိရပါတယ်။ ကျောင်းဆောင်သစ် စတင်အကောင် အထည်ဖော်ဖြစ်ပုံနဲ့ ပတ်သက်ပြီး

“၂ဝ၁၅ခုနှစ် ဒီလိုမိုးတွင်း လောက်မှာပဲ  ချစ်သုဝေတို့နဲ့ လာ ကြည့်တယ်။ လာကြည့်ပြီးတော့ ဆရာလေး ထံမှာ ဘာလှူရမလဲ။ ဒါယကာမတို့ လှူချင် လို့ပါမေးတော့ ဆရာလေးက ကျောင်းဆောင်လို တယ်။ ကလေးတွေအတွက် အခက်အခဲ ရှိတယ်လို့ပြောတယ်။ အစ်မတို့ ရောက်တဲ့အချိန်ကတော့ တကယ် ကို အခက်အခဲရှိတဲ့ သဘော ရှိတယ်။ လမ်းတွေ အကုန်လုံးလည်း အဆင် မပြေသေးဘူး။ ရေတွေဝပ်နေတယ်။ အကုန်လုံးလည်းမြေပြန်ဖို့ ရတယ်။ အခုရေစက်ချတဲ့ အချိန်မှာတော့ အရမ်းကိုပြောင်းလဲ သွားပါပြီ။ အလှူ ရှင်တွေတစ်ဦးပြီး တစ်ဦး ပေါ်လာ တယ်။ ဆွမ်းစားဆောင်တို့ စသဖြင့် ပေါ့လေ။ အရင်တုန်း ကတော့ တကယ်ကို ဘာမှမရှိဘူးပေါ့လေ။ တကယ်ကို ဝမ်းသာပါတယ်။ ဒီလိုနေ ရမှာလာ လှူရတာကိုလေ” လို့ ဝမ်း ကပြောပါတယ်။ ဆက်လက်ပြီးလည်း သူတို့ လှူဒါန်းထားတဲ့ ကျောင်း ဆောင်သစ်မှာ အဲကွန်းတွေ တပ်ဆင် ပေးသွားဖို့ ဆရာလေးကို လျှောက် ထားခဲ့ကြောင်း ဝမ်းက ပြောပြခဲ့ပါ တယ်။
မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here