ကျောင်းပြန်ဖွင့်မယ့် ရက်ကို စောင့်နေတဲ့ နဝမတန်း ကျောင်းသူ မေသက်ထားဆွေ

0
226

maythswe

မေသက်ထားဆွေဆိုတာ အနုပညာဘက်မှာ ထူးချွန်သလို၊ ပညာရေးဘက်မှာ လည်း ရည်မှန်းချက်မြင့်မြင့်မားမားထားသူလေးပါ။ သူမက ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ်မှာတော့ နဝမတန်းကို တက်ရောက်မှာဖြစ်ပြီး ဘယ်ဘာသာတွဲကို ယူမှာလဲ ဆိုတော့ ဇီဝဗေဒ အထူးပြုဘာသာတွဲပါတဲ့။ ဒါဆိုရင်တော့ သူမက ဆရာဝန် တစ် ယောက် ဖြစ်ဖို့အတွက် ရည်မှန်းချက်ထားပုံ ရတာသေချာနေပြီး သူမရဲ့ အနာဂတ် ရည်မှန်းချက်ကို မေးဖြစ်တော့ ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါပဲတဲ့။ ” သမီးရဲ့ဖြစ်ချင်တဲ့ ရည်မှန်းချက်ကတော့ ဆရာဝန်ပေါ့နော်။ ဖြစ် လည်းဖြစ်ချင်တယ်။ ဒါကြောင့်မို့လို့ ဖြစ်အောင်လည်း ကြိုးစားပါမယ်” လို့ မေသက်ထားဆွေက ပြောပါတယ်။

မကြာခင်ဇွန်လကို ရောက်ရှိတော့မယ်။ ကျောင်းတွေ ပြန်ဖွင့်တော့ မယ်။ ဒီအချိန်၊ ဒီကာလဟာ ကျောင်းသူ၊ ကျောင်းသားတွေ၊ အထူး သဖြင့် အနာဂတ်ရဲ့ အလင်းရောင်လေးတွေအတွက် သစ် လွင်တက်ြ<ွကတဲ့ ခံစားချက်တွေကို ပေးစွမ်းလို့နေပါတယ်။ သူတို့တွေ ကျောင်းသွားဖို့ တက်ြ<ွကကြတယ်။ သူငယ်ချင်းတွေနဲ့ အတူ စာသင်ကြတယ်။ စသဖြင့်ပေါ့လေ။ ခံစားချက်တွေ များ စွာခံစားရတယ်ဆိုတာ ဒီအရွယ်ကို ဖြတ်သန်းခဲ့ဖူးသူတိုင်း သတိတရရှိကြမှာပါ။ ကျောင်းတွေပိတ်ပြီး ကျောင်းပြန်တက်ရ တဲ့အခါ အဲဒီခံစားချက်နဲ့ ပတ်သက်ပြီးလည်း မေသက်ထားဆွေက ” သမီးက ကျောင်းတက်ရတာ ပျော်တယ်။ စာ တွေကိုလည်း သင်ချင် ပြီလေ။ ကျောင်း ၃လ ပိတ်ပြီးသွား တဲ့အခါမှာ သမီးတို့ ကျောင်းသူ၊ ကျောင်းသားတွေက ကျောင်းကိုလည်း လွမ်းကြတယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှု တွေနဲ့ သူငယ်ချင်းတွေ ကိုလည်းလွမ်းကြ တယ်။ ကျောင်းပြန်ဖွင့်တဲ့အခါမှာလည်း အရမ်းကို ပျော်ပါတယ်။ ဒါကြောင့် ကျောင်းဖွင့်မယ်ရက်ကို စောင့်နေ တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့ကျောင်းပြန်တက်ရင် ကျောပိုးအိတ်အသစ်လေးတွေ၊ ခဲတံ တွေ၊ ဘောပင်တွေ အကုန်လုံးက အသစ်လေးတွေချည်းပဲဆိုတော့ ကျောင်းသားတွေအားလုံးက ပျော်ကြပါတယ်” လို့ မေသက်ထားဆွေက ပြောပါတယ်။

အချိန်တွေများစွာ ကုန်ဆုံးသွားလို့ အသက်အရွယ်တွေကြီးလာတဲ့အခါ ပြန်မရနိုင်တော့လို့ လွမ်းဆွတ် တမ်းတရ မယ့်အထဲမှာ ကျောင်းသားဘဝလည်း ပါဝင်ပါတယ်။ အဖြူနဲ့အစိမ်း ဝတ်ဆင်ရတဲ့ ခံစားချက် ဟာလည်း ဘာနဲ့မှ မလဲနိုင်ပါဘူး။ အဲဒီခံစားချက်နဲ့ ပတ်သက်ပြီး မေသက်ထားဆွေက “ဒါကဆယ်တန်းဖြေတဲ့အထိပဲ အဖြူနဲ့အစိမ်းက ဝတ်ရမှာလေ။ ကျောင်းစိမ်းဝတ်ရတာကို ကျောင်းသူ တစ်ယောက်အနေနဲ့ ဂုဏ်လည်းယူတယ်။ သမီးက အဖြူနဲ့အစိမ်း ဝတ်ရတာကို ကြိုက်ပါတယ်” လို့ သူမ က ပြောပါတယ်။ မေသက်ထားဆွေတက်ရောက်နေတဲ့ ကျောင်းကတော့ အ.ထ.က ၁ ဒဂုံ လို့ သိရပါ တယ်။ မကြာမီ ကျောင်းပြန်ဖွင့်တော့မယ်ဆိုတော့ တစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူတွေ အတွက် မေသက်ထားဆွေရဲ့ စကားလက်ဆောင်က “သမီးတို့ မောင်လေးတွေ၊ ညီမလေးတွေ၊ အစ်ကို တွေ၊ အစ်မတွေ၊ သူငယ်ချင်းတွေအားလုံး သမီးတို့ ဒီကျောင်းစာတွေကို ပိုပြီးတော့လည်း ကြိုးစားကြ မယ်။ ကိုယ့်ကျောင်းရဲ့ ဂုဏ်ကိုလည်း ဆောင်ကြမယ်။ အားလုံးလည်း စာကြိုးစားကြပါ။ သမီးက ၉တန်း ဆိုတော့ စာကြိုးစားပါမယ်။ သူငယ်ချင်းတွေ၊ မောင်လေး တွေ၊ အစ်ကိုတွေ၊ အစ်မတွေ အကုန် လည်း စာကြိုးစားကြပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here