လေနှင်ရာလွင့် မိုးစက်တွေ

0
110

konyein

(၁)

ငါ့အဖို့ ကဗျာမိုးခေါင်တာကြာချိန် ရာသီဥတဘယ်သို့ ပြသည် မသိ၊ ကဗျာမိုးစက်တွေ ငါ့ဆီလွင့်လာခဲ့တယ်။

(၂)

ချင်းတောင်တန်း၏ချင်းလွင်ပြင်သည် တောပန်းတောင်ပန်း တို့၏ ရနံ့ဖြင့် မှေးငိုက်နေ၏။ မြေပွတောင် ကမ်းပါးရံမှာ အိမ်တိုင် စိုက်ကြတဲ့ ချင်းအိမ်ကလေးက ကြာရွက်ပေါ်ကနှင်းစက်တွေရဲ့ သတိရှိခြင်းမျိုးနဲ့။ ချင်းတို့လှတယ်။မျက်လုံးထဲမှာတော့ ဖန်ကွဲစနှင့်တူတဲ့ မျက် ရည်မျိုး မတွေ့ရ။ သူတို့ ငါနှင့်မကွေ့မကွာရှိသလို ခံစားရတယ်။ ကြာလေစိမ်းပြာ ပြာ မွန်းတည့်ချိန်တောအုပ်အရောင်မျိုးနဲ့ ကွာလေ။ လမင်းရဲ့ ရောင်ခြည်ဟာ ရိဒ်ရေကန်ပေါ်ဆီ၊ ပြန်မသွားကြတော့ဘူးလား။ ရိဒ်ညဟာ ငြိမ်သက်ခြင်းအသံရှိတယ်။ ရိဒ်အသည်းပုံကိုမိုးမခပင် တန်းကချုပ်တယ်။ တစ်နေကုန် အစိမ်းရောင်သိုင်းဖက်မှုတွေနဲ့။

ဧည့်သည်ဟာ ဂီတထဲရော ပါသွားဖို့ ရောက်လာခြင်း ဖြစ်တယ်…ရိဒ်။ဘန်ဂလိုပေါ် တောကောင် ငယ်လေးတွေ လမ်းလျှောက်ပုံက ဝါးရွက်တွေပေါ် မိုးစက်ကလေးတွေ ကျ နေသလား။ ဒီအချိန် ရိဒ်ဟာ အဖြူရောင်ဖဲပြား ခင်းထား သလို ဖြစ်နေပြီလား။ ညနက်တော့ ကောင်းကင်က ဝါယာ ကြိုးတွေ တစ်ကြိမ်နှစ်ကြိမ်လောက် ရှောခ်ဖြစ်နေတယ်။ တိမ် မည်းတွေ ရိဒ်ရင်ခွင်ထဲ ရေကူးနေလောက်ပြီ။ လိပ်ပြာစားဖို့ ကြာဝတ်ဆံကတော့ ရိဒ်မှာမရှိဘူး။ မိုးဖြစ်မယ့် တိမ်တိုက်တို့ ချင်းတောင်ပေါ်က ခဏလောက် ဆင်းသွားကြပါလား။ ငါ့မှာတော့ အခုအချိန် မြေကြီးပေါ် ရောက်နေမယ့် ကြယ်ရောင်ကိုပဲ ငုံ့ကြည့်ချင် နေမိတော့။ ငါ.. ကဗျာမြေကို ချစ်နိုင်ပါသေးတယ်။ သေခြင်းထဲမှာ ငါမနေချင်သေးဘူး ရိဒ်။ ဘန်ဂလို မှန်ပြတင်းထဲက လရောင်ကိုမြင်နေရတယ်။အပြင်မှာ လေပြင်းနုကလေး ဆော့နေပုံရတယ်။ ရိဒ်ကန်ထဲက လမင်းကြီး နှစ်ခြမ်းကွဲသွားပြီလား ။အခါမဟုတ်တော့ တောင်ဇလပ်ပန်း ကတောင် =နီ+ မပေးဘူး။ မိုးမိ တောင်ပြိုလို့ကတော့ ရိဒ်ရေကန်က ရေပဲချိုရတော့မယ် ထင်ပါရဲ့။

ချင်းတောင်တန်းကတော့ အမည်မသိ ချင်းတောင်ပန်းကလေး တွေနဲ့မှေးငိုက်ဆဲနေမှာပါ။ ဘန်ဂလိုမှာလည်း တောကောင်လေးတွေ တဂျစ်ဂျစ်နဲ့ တောကစားဆဲပါပဲ။ ဘန်ဂလိုပြတင်းပေါက်ဖွင့်ပြီး ရိဒ်ကိုချောင်းကြည့်ချင်စိတ် ဖြစ်မိလည်း မကြည့်ရဲ ၊ ရာသီဥတုက ကြမ်းချင်တယ်။ အအေးနဲ့ ခုန်အုပ်လိုက်ရင် ဘယ့်နှယ်လုပ်မလဲ။ ဒီချိန်မျိုးဆို ကမ္ဘာမြေပေါ်က (ချင်းတောင်အပါအဝင်) တောင် တန်းကြီးတွေဆိုတဲ့ အရေးအကြောင်းတွေ ခါတိုင်းထက် ပိုညိုမောင်း၊ ပိုထိုင်းမှိုင်း၊ ပိုဖုထစ်နေလောက်ပြီ လို့ခံစားမိတယ်။မနက်ဖြန် တီးတိန်ရောက်မှ ဖြစ်မယ့်ကောင်အတွက် အို..တိမ်တိုက်တွေ ပိုအေးတဲ့မိုးရေကို ယူမလာခဲ့ပါနဲ့တော့။ လေညင်း ရေ…မင်းပေးမယ့် မိုးသက် ရနံ့လေးတောင်.. လက်ဆောင် မယူချင်တော့ဘူး ။

(၃)

မည်သို့ပင်ဖြစ်စေ … လေနှင်ရာလွင့် မိုးစက်တွေကြားကပဲ တီးတိန်ကို ပြန်ရောက်တယ်။ ရိဒ်ညဟာ ကဗျာမိုးခေါင်သူအတွက် မိုးစက်တင် တိမ်တွေ အလုံအလောက် ရခဲ့တယ်။ ဒီအခါ… နွားနောက်သားနဲ့ ချင်းခေါင်ရည်ကိုသတိရပြန် ရော…။

ကိုငြိမ်း (မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here