ကျော်ကျာ်ဗို ရဲ့ အိပ်မက်တစ်ခု

0
183

Kyaw-Boနှင်းဆီ အဖွဲ့သားများ ဖြစ်တဲ့  မင်းမော် ကွန်း၊ နေတိုး၊ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး တို့ ပါဝင်ရိုက်ကူးမယ့် Rose Rider ရုပ်ရှင် ဇာတ်ကားကြီး အတွက် ကျော်ကျော်ဗိုလ်က ခန္ဓာကိုယ် ကြံ့ခိုင်မှု အပိုင်းကို သေချာလေ့ကျင့် ပြင်ဆင် နေပါတယ်။ Gym မသွားဘဲ You Tubeက လေ့ကျင့်ခန်း ကျူတိုရီယယ်တွေ ကြည့်ပြီး အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ဖြစ် တယ်ဆိုတဲ့ ကျော်ကျော်ဗိုလ်က…

“Gym  မဆော့ဘူး။ Gym  သွားဖို့ ကျွန်တော်တို့ ရန်ကုန် traffic နဲ့ ကျွန်တော် ဘယ်လိုမှ စိတ် မရှည်ဘူး။ အိမ်မှာပဲ ကျွန်တော် ဆော့တယ်။ ကျွန်တော် ဥစ္စာက  equipment မလိုသော work out  ၊ အဲဒါအတွက် လုပ်နည်း တွေရှိတယ်။ You Tube မှာလည်း ရှိတယ်။ အဓိက ကတော့ Diet Plan နဲ့ သွားရတာပေါ့။ အစားအရင် လျှော့ပြီး ဒီ work out  လုပ်၊ သူ့ရဲ့ Procedure အတိုင်း သွားရင်ဖြစ်ပါတယ်” လို့ ဆို ပါတယ်။
ကျော်ကျော်ဗိုလ်က လေထီးအား ကစား တစ်မျိုး ဖြစ်တဲ့ Paragliding ကို ဝါသနာပါသူ တစ်ယောက် လည်း ဖြစ်ပါတယ်။  အဲဒါ ကြောင့် Paraglider  စီးဖို့ အတွက် သင်တန်းတက်ဖြစ် မလား ဆိုတော့ ကျော်ကျော် ဗိုက “အဲ့ဒါ ကျွန်တော် အရမ်း စီးချင်နေတယ် ဆိုတော့ စီးဖြစ် ပါလိမ့်မယ်။အဲဒါက ကျွန်တော့်ရဲ့ Dream တစ်ခုပဲ။ ကျွန်တော်က ကမ္ဘာ မြေကြီး ကို အပေါ်က ကြည့်ချင်တယ်၊ လေယာဉ်ပျံ ပေါ်က ကြည့်တာ မဟုတ်ဘူး။ ကိုယ်တိုင် လျှောက် သွားပြီး ကြည့်ချင်တာ၊ ဒီအတိုင်း လုပ်လို့မရဘူး။ သူက ခြောက်လလောက်သင် တန်း တတ်ရမယ်”လို့ ပြောပါတယ်။

လတ်တလော  မှာတော့ ကျော် ကျော်ဗိုလ်က ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ “ဘာလာလာ” ရုပ်ရှင် ဇာတ် ကားကြီးကို မြင့်မြတ်၊ သက်မွန်မြင့် တို့နဲ့ အတူ ချောင်းသာ မှာ သွားရောက် ရိုက် ကူးနေပါတယ်။

ထူးရွှေရည်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here