(၃၃)နှစ်အရွယ်ထိ မွေးနေ့မှာ အလှူအတန်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်တဲ့ အေးဝတ်ရည်သောင်း

0
122

Aye-Thong(2)သရုပ်ဆောင် အေးဝတ်ရည်သောင်းက မေလ (၂၇) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့ အမှတ်တရ အလှူပြုလုပ် သွားခဲ့ပါ တယ်။ အလှူရှင်များတဲ့ နေရာတွေမှာ သိပ်မလှူဖြစ်တဲ့ အေးဝတ် ရည်သောင်းက ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ ဘက ကျောင်းက ကလေးငယ် (၃၅ဝ) ကျော်အတွက် လိုအပ်တာများကို လှူတန်းခဲ့တာပါလို့ အေးဝတ်ရည်သောင်းက ဆိုပါတယ်။

“ဒီနှစ် မွေးနေ့တော့ ရွှေပြည်သာက ဘကကျောင်းမှာ လှူဖို့ ပေါက်စီ စီစဉ်ခဲ့တယ်။ နှစ်တိုင်းလည်း တကယ် လိုအပ်နေတဲ့နေရာမှာ လှူနိုင်ဖို့ ဒီနေရာလေး ကို ရှာထားတယ်။ အဲဒီကျောင်းမှာ မိုးတွေ အရမ်းရွာ၊ လေတွေ တအား တိုက်တော့ ခေါင်မိုးတွေ လန်သွား တယ်။ ခေါင်မိုး ပြန်ပြင်ဖို့ သွပ်တွေ ဘာတွေ အတွက်လည်း လှူတယ်။ ဒီနှစ်တော့ ပစ္စည်း ထက် ပိုက်ဆံပိုလှူ ဖို့ စဉ်းစားထားတယ်။ ဒီကျောင်းလေးမှာက လိုအပ်တာတွေလည်း များ တော့ ငွေသား လှူတဲ့အခါ သူတို့လို အပ်တဲ့ နေရာတွေ အသုံးပြု လို့ရမယ်ပေါ့။ ကလေး ၃၇၉ ယောက်လောက် အတွက်လည်း တစ်နေ့စာ လှူဖို့လည်း စီစဉ်ထားခဲ့ပါ တယ်”လို့ အေးဝတ်ရည်သောင်းက ပြောပြပါတယ်။

မွေးနေ့အကြို အနေနဲ့လည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါ သေးတယ်။ မွေးနေ့ အကြို လှူဒါန်းဖြစ်ခဲ့ပုံ နဲ့ ပတ်သက် ပြီး အေးဝတ် ရည် သောင်းက “ရီမာကျောင်းမှာ သွားလှူဖြစ်တာက ပေါက်စီက သူတို့ကို ပြောထား တယ်။ အလှူရှင် မရှိတဲ့အချိန် ဆက်သွယ်ပေး ဖို့ ပြောထားတာ။ သူ တို့ ဆက်သွယ်တော့ မြန်မြန်လေးပဲ သွားလှူဖြစ်တယ်။ တကယ် အလှူရှင် မရှိဘူး အရေးပေါ် လိုအပ်တယ် ဆိုရင် လှူပါတယ်။ ရီမာက ကလေး(၁ဝဝ) ကျော်စာ အတွက် နေ့လယ်စာနဲ့ တစ်နေ့တာ လိုအပ်တဲ့ တခြားအသုံး အဆောင်လေးတွေ လှူခဲ့တာပါ” လို့ ဆက်လက်ပြောပါတယ်။

အသက် (၁၃)နှစ် အရွယ်ကစပြီး လက်ရှိ (၃၃) နှစ်အရွယ် အထိ မွေးနေ့မှာ သူငယ် ချင်းတွေနဲ့ အချိန် ကုန်ဆုံးတာထက် မွေးနေ့ အလှူနှစ်စဉ် ပြုလုပ်ပုံကို..”ပေါက်စီက ငယ်ငယ်တည်းက သူငယ်ချင်းတွေ နဲ့ မွေးနေ့မှာ မုန့်သွားစားတယ်။ ပျော်တယ်၊ ပါးတယ်ဆိုတာ နည်းပါတယ်။ ၁၃ နှစ်သမီး အရွယ် ကတည်းက သူငယ်ချင်းက မွေးနေ့မှာ ထောက်ကြံ့နားက မိဘမဲ့ကျောင်းကို ပထမဆုံးခေါ် သွားတယ်။ အဲဒီအ ရွယ်တည်းက  ဒီလိုမျိုး လိုအပ်တဲ့ နေရာလေးတွေမှာ  လှူရမယ် ဆိုတာလေးကို သိလာတယ်။ အခုပေါက်စီ (၃၃)နှစ် အထိ နှစ်တိုင်း လှူဖြစ်တယ်။ ဒီလို လှူရတဲ့ အတွက်လည်း တအားပျော်တယ်။ ဝမ်းသာကြည်နူး လည်း ဖြစ်ရပါတယ်” လို့ အေးဝတ်ရည်သောင်းက ပြောပြပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here