တတိယ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိဦးမယ့် စိုးပြည့်သဇင်

0
366

Soe-Pyi-Thazinစိုးပြည့်သဇင် ကဒါရိုက်တာ မီးပွား ရိုက်ကူးနေတဲ့ “ပြဿနာ” ရုပ်ရှင် ဇာတ်ကားကြီးမှာ စိုးမြတ်သူဇာ၊ ဇာဂနာ၊ နေတိုး တို့နဲ့အတူ မေမြို့မှာသွားရောက် ရိုက်ကူးနေပါတယ်။ ဒီ”ပြဿနာ”ရုပ်ရှင် ဇာတ်ကားမှာ စိုးပြည့်သဇင်က..

“မကြီး(စိုးမြတ်သူဇာ)နဲ့ ဦးဇာဂနာတို့ရဲ့သမီး၊ ကိုနေတိုးရဲ့ရည်းစားနေရာက ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားက ဒရာမာ မဟုတ်ပါဘူး။ ဟာသလေးပါ။ ဒီဟာသလေးကတော့ ကလိထိုးပြီးရယ်ရမယ့် ဟာသမျိုးတော့ မဟုတ်ပါဘူး။ ဖြစ် နေကျ ပုံစံလေးတွေနဲ့ ဘောလုံး ကြိုက်နှစ်သက်တဲ့ လူနှစ်ယောက်တွေ့ကြတဲ့ ပုံစံမျိုးကို ဟာသရောထားတဲ့ ပုံစံလေးပါ။ ဇာတ်လမ်းလေး ကတော့ ဆန်းပါ တယ်။ ပရိသတ်ကြိုက်မယ့် ဟာသ ဇာတ်ကားလေးလို့ တော့ထင်ပါတယ်။ စိုးပြည့်က ဒရာမာရိုက်ကူးတာများတယ်။ ဟာသ ရိုက်ကူးတာတော့ နည်း ပါတယ်။ ဟာသမှာလည်း ပရိသတ် အကြိုက်တွေ့အောင်တော့ စိုးပြည့်ကြိုး စားပြီး ရိုက်ကူးထား ပါတယ်”လို့ ရိုက်ကူးနေတဲ့ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြ ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးရင်တော့ ဗီဒီယို ဇာတ်ကားများ ရိုက်ကူးသွား မှာဖြစ်ပြီး ဒီနှစ်ထဲမှာ ဇာတ်လမ်း အဆန်းလေးတွေ ရိုက်ကူးဖို့ ရှိကြောင်းနဲ့သူ့အတွက် ထိထိမိမိ နဲ့လုပ်ကွက် ရှိတဲ့ ကာရိုက်တာမျိုးတွေ ရိုက်ကူး သွားမှာဖြစ်ကြောင်း စိုးပြည့်သဇင်က ပြောပါတယ်။

အနုပညာ အလုပ်နဲ့ ဂီတအလုပ်ကိုလည်း နှစ်ခုစလုံးကို မျှတအောင် လုပ်ဖို့ စိတ်ကူးထားကြောင်း ကိုလည်း စိုးပြည့်သဇင်က  “စိုးပြည့် ကတော့ နှစ်ခုစလုံးကိုလုပ်ဖို့ စိတ်ကူးထားပါတယ်။ စိုးပြည့်တစ် ခုစီကို တစ်လှည့်ချင်းစီ လုပ်သွားမှာပါ။ အနုပညာ ဘက်မှာ လည်း မလစ်ဟင်းအောင် ကြိုးစားပြီး ရိုက်ကူးသွားမယ်။ ဂီတမှာလည်း ဒီလိုပဲ အခုနှစ်ထဲမှာတောင် စိုးပြည့်ရဲ့ တတိယတစ်ကိုယ်တော် အခွေ ထွက်ရှိနိုင်အောင် ကြိုးစားနေပါတယ်။ ဒီနှစ်ထဲမှာ Audio တော့ ထွက်ရှိနိုင်မယ်ထင်ပါတယ်။ ဒီအခွေမှာ R & B လေးတွေ ပါမယ်ပေါ့နော်။ စိုးပြည့်အကောင်းဆုံး ကြိုး စားပြီး၊ အကောင်းဆုံး ရွေးချယ်ထားတဲ့ သီချင်းတွေကို ပရိသတ် ကြိုက်နှစ်သက်ဖို့ လည်း မျှော်လင့်ပါ တယ်” လို့ ထွက် ရှိတော့မယ့် တတိယအခွေ အကြောင်း ကိုလည်း စိုးပြည့်သဇင်က “ချစ်သူရွေးမယ်” တစ်ကိုယ် တော် အခွေနဲ့ “အချစ်ကို ရှာဖွေတွေ့ရှိခြင်း”ဆိုတဲ့ တစ်ကိုယ်တော်အခွေ တို့ကို ထွက်ရှိထားခဲ့ပြီ ဖြစ် ပါတယ်။

ဇင်မာနွယ် ၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here