သူ့ကို မွေးထုတ်ပေးခဲ့တဲ့ မန္တလေးမြို့မှာ ပထမဆုံးတစ်ကိုယ်တော် စီးရီးပရိုမိုးရှင်း ပြုလုပ်မယ့် Y.zet

0
200

Y

ဟစ်ဟော့ပ် အဆိုတော် Y.zet ရဲ့ ပထမဆုံးတစ်ကိုယ်တော် စီးရီးကို ဇွန်လ ၁ဝ ရက်နေ့ထွက်ရှိတော့မှာပါ။ ပရိုမိုးရှင်းကိုတော့ သူက မန္တလေးမြို့၊ မင်္ဂလာမန္တလေးမှာ ပြုလုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။ အခွေခေါင်းစဉ်ကိုတော့ မပြောသေးဘူး။ ထွက်ခါနီးမှ ပြောမယ်ဆိုတော့ Y.zet ရဲ့ အခွေခေါင်းစဉ်က နည်းနည်းဆန်းမယ်ထင်ပါတယ်။ အခွေနဲ့ပတ်သက်ပြီး Y.zet က…

” အခွေထဲမှာ ကျွန်တော့် သူငယ်ချင်းတွေဖြစ်တဲ့ ရွှေထူး၊ Oasix, Lil’z , Alatt , Glock နဲ့ ထူးထူးခြားခြားအနေနဲ့ ကျွန်တော့်သူငယ်ချင်း Rocker ကြီး ဇာနည်နဲ့ ကျွန်တော့် ဆရာကိုဇေတို့ကို ဖီးချားရင်းခေါ်ထားပါတယ်။ အခွေထဲ မှာ ၆ဝရာခိုင်နှုန်း လောက်ကို Band နဲ့တီးထားပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့လည်း အလှမ်းမဝေးသွားအောင်၊ ကျွန်တော့်အတ္တတွေလည်း ရှေ့ အရမ်းမရောက်အောင် လုပ်ထားပါတယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး Y.zet က သူ့အခွေကို မန္တလေးမှာ စတင်ဖြန့်ရခြင်း အကြောင်းနဲ့ပတ်သက်ပြီး…

” ပြောရရင်တော့ ကျွန်တော်က မန္တလေးသားအစစ်ရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ မန္တလေးရဲ့ မွေးစားသားလိုဖြစ်နေတာပေါ့။ ကျွန်တော်တို့ကိုလည်း စပြီးတော့ လူသိလာတာကလည်း မန္တလေးကပဲဆိုတော့ ပရိုမိုးရှင်းဆို အမြဲတမ်း မန္တလေးမှာပဲ စလုပ်ဖြစ်တာပါ။ မန္တလေးကတော့ ကျွန်တော်တို့ကို မွေးထုတ်ပေးတဲ့ မြို့လို့ ပြောလို့ ရပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here