အရွယ်ရောက်လာတဲ့ မင်းသား Yee Jin Goo ဘာတွေလုပ်ခဲ့ သလဲ

0
174

yeo-jin-goo1မင်းသားချောလေး Yee Jin Goo က သူရဲ့ ကားသစ် Warriors of the Dawn  ထွက်ရှိဖို့ အတွက် စောင့်မျှော်နေတယ် လို့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် မန်နေဂျာနဲ့အတူ အခု ကားကို စမောင်းနေပါပြီ။ Warriors of the Dawn  ဇာတ်ကား ရိုက်ကူးနေတုန်းက ကိုယ်တိုင် ကားမောင်းခဲ့တာပါ။ ကောင်မလေးတွေ ဆီက ဒိတ်လုပ်ဖို့ ဖုန်းလက်ခံမရ ရှိတာက ဘာကြောင့်လဲ ဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး။ သူငယ်ချင်းတွေက ကျွန်တော် မပါဘဲ သူတို့ချည်းဘဲ သွားကြပုံပါပဲ။  ဇာတ်ကား ရိုက်ကူးနေချိန် မှာတော့ ဇာတ်ဝင်ခန်း တချို့မှာ စီနီယာ တွေနဲ့အတူ သောက်တဲ့ အခန်း တွေ ပါတတ်ပါတယ်။ အရွယ်ရောက်လာကတည်းက အရက်တွေ အများကြီး သောက် ခဲ့ပါတယ်။ စီနီယာ Lee Jung Jae  က ကျွန်တော် တော်တော် သောက်နိုင်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် မသောက် နိုင် ပါဘူး။ သောက်နေချိန်မှာ အမှားလုပ်မိမှာ စိုးလို့ အမြဲ သတိထားနေရပါတယ်။ ဒါကြောင့် အားလုံးရှေ့မှာ အဆင်ပြေတဲ့ပုံ ပေါက်နေတာပါ။ အိမ်ပြန်ရင်တော့ မန်နေဂျာက ကျွန်တော့်ကို အမြဲ ချီပြီး လိုက်ပို့ပေး ရပါတယ်။ အမြဲ အိပ်ပျော်သွားတတ်လို့ပါ”

၁၉၉၇ မှာ မွေးဖွားခဲ့သူ ချစ်စရာကောင်းတဲ့ မင်းသားလေး Yee Jin Goo က အခုတော့ တကယ့်ကို အရွယ် ရောက်လာပါပြီ။


LEAVE A REPLY

Please enter your comment!
Please enter your name here