KIM TAE HEE ကိုယ်ဝန်ရှိနေပြီ

0
257

kimမင်းသမီး Kim Tae Hee  နဲ့ မင်းသား Rain တို့ဟာ မျှော် လင့်ထားတဲ့ အတိုင်း ရင်သွေးလေး ရရှိလာပါပြီ။ ပရိသတ်ကိုလည်း သူတို့ရဲ့ အပျော်တွေ အတွက် “ကျွန်မတို့ကို ကောင်း ချီးပေးကြတဲ့ အတွက်သာမက ကျွန်မတို့ကို ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကို အရမ်းကို ကျေးဇူး တင်ပါတယ်”လို့ အခုလို မျှဝေခဲ့ပါတယ်။

ငွေကြယ်ပွင့် နှစ်ဦးက ဇန်နဝါရီ ၁၉ ရက်နေ့က လက်ထပ် ခဲ့ကြပြီး မင်္ဂလာဦး အချိန်လေးတွေကို ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ ကြပါတယ်။ အခု လည်း သူတို့ဘဝကို ပိုပြီး ပြည့်စုံလာအောင် ဖန်တီး ပေးမယ့် ရင်သွေးလေး ရောက်ရှိခဲ့ပါပြီ။ မင်းသမီးရဲ့ ကိုယ်ဝန်ဟာ ၁၅ ပတ် ရှိနေပြီ ဖြစ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ရကြောင်းနဲ့ ပရိ သတ်တွေကလည်း  ဆက်လက် အားပေးနေကြမယ် လို့ မျှော် လင့် နေကြောင်း ပြောပြသွားခဲ့ပါတယ်။

မင်းသမီး Kim Tae Hee က အခုချိန်မှာတော့ ပထမဆုံး ကိုယ်ဝန်မို့ သေချာလေး ဂရုစိုက်နေပြီး မိခင်ကောင်း တစ် ယောက် ဖြစ် လာအောင် ပြင် ဆင်နေပါတယ်လို့ သိရှိရ ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here