၇ နှစ်ကြာ လက်တွဲခဲ့ကြတဲ့ Sistar လမ်းခွဲတော့မည်

0
154

SISTARSistar အဖွဲ့ဝင်ဟာ စာချုပ်အသစ်ကို Starship Entertainment  နဲ့ အောင်မြင်စွာ မချုပ်ဆိုနိုင်ခဲ့ပါဘူး။  Starship Entertainment အဖွဲ့ ပြိုကွဲသွားတာကို  “ကျွန်တော့်တို့ အေဂျင်စီအနေနဲ့ Sistar အဖွဲ့ကို အခုထိ အားပေးလာကြတဲ့ အပေါ် အထူးပင် ကျေးဇူးတင် ရှိပါတယ်။ Sistar အဖွဲ့ဝင်တွေက သူတို့ရဲ့နောက်ဆုံး အယ်လ်ဘမ်ကိုတော့ အဖွဲ့ဝင် တွေ အတူတူ မေ၃၁ ရက်နေ့မှာ ပရိုမိုးရှင်း ပြု လုပ်မှာပါ။ အဖွဲ့ဝင်တွေက သီးသန့်စီ ခွဲထွက်ဖို့ ပြောဆိုနေကြတာ ကြာနေပေမယ့် အခုတော့ အေဂျင်စီက သူတို့ရဲ့ ဆန္ဒတွေ ကို လေးစား ဖို့ အတွက် ဆုံးဖြတ်လိုက်ပါ တယ်။ သူတို့အဖွဲ့ ကွဲသွားတာက ကျွန်တော့်အ တွက် အနာကျင်ဆုံးနဲ့ စိတ်ပျက်စရာ အကောင်း ဆုံးပါ။ ဒါပေမယ့် သူတို့တွေဟာ ၇ နှစ်အ တွင်းမှာ အရမ်းကို ကြိုးစားခဲ့ကြတဲ့ အတွက် သူတို့ရဲ့ အနာဂတ် ဘဝလေးတွေကို ကျွန်တော် တို့ အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့ပေးနိုင်ဖို့ ကြိုး စားသွားမှာပါ”လို့ အခုလိုတရားဝင် ကြေညာခဲ့ ပါတယ်။ အဖွဲ့ဝင် လေးယောက် နဲ့အတူ အေဂျင်စီ ကလည်း ပရိသတ်တွေကို အရမ်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သူတို့လေးတွေရဲ့ အနာဂတ် မှာ လျှောက်လမ်းမယ့် လမ်းကြောင်း အသီးသီးကို ပရိသတ်တွေ ထောက်ပံ့ဖို့ မျှော်လင့်ပါတယ်။

အဖွဲ့ဝင်များ ဖြစ်ကြတဲ့ Hyorin, Bora, Soyu  နဲ့ Dasom တို့ကလည်း ပရိသတ်တွေ ဆီကို အသီးသီး စာရေးပြီး ကျေးဇူးတင် စကား ပြောကြား ခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here