ရဲတိုက်နဲ့အတူ အနုပညာ အလုပ်တွေလုပ်ဖို့ ရင်ခုန်စွာ စောင့်နေတဲ့ ဒေါင်း

0
188

Daung ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံကို ကြိုဆိုတဲ့ အနေနဲ့ မြန်မာနိုင်ငံက အကျဉ်းသား တော်တော်များ များကို မေလ ၂၄ ရက်နေ့က လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ပေ မယ့် သရုပ်ဆောင်ရဲတိုက် တစ်ယောက်တော့ လွတ်မြောက်မှု မရှိသေးဘူးလို့ သိရပါတယ်။ ဒီအပေါ်မှာ ဆာတိုရီထုတ် လုပ်ရေးရဲ့ စင်တင်မင်းသား တစ်ဦးဖြစ်တဲ့ ဒေါင်း ကလည်း စိတ်မကောင်း ဖြစ်ရပါတယ်လို့ ဆိုပါတယ်။

“ကိုရဲတိုက် ဆိုတာ ကျွန်တော့်ရဲ့ အနုပညာ ညီ အစ်ကို တစ်ယောက်ပါပဲ။ ဒီလိုသူ မလွတ်သေးဘူးဆို တာ ကြားရတော့ ကျွန်တော် လည်း စိတ် မကောင်းဖြစ် ရတာ အမှန်ပါ။ ကိုရဲတိုက်က ရသင့်ပြီ၊ လွတ်သင့်ပြီလို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ဘာကြောင့်လဲတော့ မပြောချင်ဘူး။ ကျွန်တော်လည်း သူနဲ့အတူ အနု ပညာအလုပ်တွေ လုပ်ဖို့အတွက် အမြဲရင်ခုန်စွာနဲ့ စောင့်မျှော်နေ ပါတယ်”လို့ ဒေါင်းက ပြောပြပါတယ်။

လတ်တလောမှာ ဒေါင်းက ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးနေ ပြီး MTV တွေမှာလည်း ပါဝင်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။ စာပေဖတ်ရတာကို ဝါသနာ ပါတဲ့ ဒေါင်းက သူကိုယ်တိုင် ရိုက်ကူးချင်တဲ့ ကာရိုက်တာနဲ့ ပတ် သက်ပြီး …”ကျွန်တော် စာအုပ်တွေ တော်တော် များများ ဖတ်ဖြစ်ပါတယ်။ ဘာသာပြန်တွေ ဖတ်ရတာကောင်း ပါတယ်။ ကျွန်တော် မသိသေးတဲ့ အခြား အရာတွေ ကို သိဖို့အတွက်ပါ။ တစ်ခါတလေ အသံထွက်ပြီး ဖတ်တယ်။ တစ်ခါတလေ စိတ် ထဲကနေပဲ ခံစားပြီး ဖတ်ဖြစ်တယ်။ ဒီလို ၂မျိုး နှစ်စား နဲ့ဖတ် ဖြစ်တယ်။ ကျွန်တော် ဇာတ်ကား ရိုက်ကူးမယ် ဆိုရင်လည်း လူ့သဘာဝကို ဖော်ညွှန်းမယ့် ပုံစံမျိုးတွေ၊ အတ္ထုပတ္တိတွေလိုမျိုး ရိုက်ချင်ပါတယ်။ အထူးသဖြင့် လူတစ်ယောက်ရဲ့ ဘဝကို ပီပီ ပြင်ပြင် ဖော်ပြနိုင်မယ့် အရာမျိုးတွေ ရိုက်ချင်တာပါ”လို့ ပြော ပြပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here