ခရီးသွား ပရိုဂရမ်တွေ ရိုက်ကူးသွားဖို့ စိတ်ကူးထားတဲ့ ဝါဆိုမိုးဦး

0
388

War-So-Moe-Ooခရီးသွားရတာကို ကြိုက်နှစ် သက်သူ တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးက Travelling Program တွေ ရိုက်ကူး ဖို့ စိတ်ကူးထားကြောင်း ဆိုပါတယ်။

“ဝါဆို Travelling လုပ်ရတာ တအားကြိုက်တယ်။ ဝါဆိုခရီး ခဏခဏ သွားပြီးတော့ Travelling Program တွေ ရိုက်ကူးဖို့ စိတ်ကူး ထားတာရှိတယ်။ Beach နဲ့ ပတ်သက်တဲ့ ဟာမျိုးပေါ့နော်။ ဝါဆိုက Beach ကြိုက်တယ်။ ဝါဆိုသွားတဲ့ နေရာတိုင်းကိုလည်း ပရိသတ်ကို သိစေချင်ပြီး ရှုခင်း အလှအပတွေကိုလည်း ခံစားကြည့်ရှုစေ ချင်တယ်။ အဲဒီ အတွက်ကြောင့် ဝါဆို သွားတဲ့နေရာ တိုင်း ပုံလေးတွေကို လှလှလေးရိုက် ပြီး ပရိသတ်ကို တင်ပြတယ်။ ဒီနေရာလေးတွေက ဘယ်လိုလှတယ်။ ဘယ်လိုသွားရ တယ်ဆိုတာ ပရိသတ်ကို မက်ဆေ့ခ်ျပေးတဲ့ အနေနဲ့ ပြန် ပြောပြပြီး ဗဟုသုတလေးတွေ ကို ပြန်မျှဝေပေးတဲ့ သဘော ပေါ့နော်”လို့ ခရီးသွား ပရိုဂရမ် ရိုက်ကူးချင်တာနဲ့ ပတ် သက်ပြီး ဝါဆိုမိုးဦးက ပြောပြပါတယ်။ ဒီစိတ်ကူးလေးကို ဘယ်တော့ လောက် အကောင် အထည်ဖော်ဖြစ်မလဲ ဆိုတာကိုတော့ ဝါဆိုမိုးဦးက

“အခု လောလောဆယ်တော့ လက်ခံထားတဲ့ အလုပ် ကလေးတွေ ရှိနေသေးတယ်။ အလုပ်တွေ အားလုံး ပြီးပြတ်မှပဲ လုပ်ဖို့စိတ်ကူး ထားတယ်။ ဝါဆိုသွားချင်တဲ့ နေရာတွေကတော့ အများကြီးပဲ။ ပြည်ပကို ပိုသွားချင်တယ်။ ကိုယ်တွေ မြန်မာနိုင်ငံမှာလည်း ပြည်ပ လောက်လှတဲ့ နေရာတွေ အများကြီးရှိတယ်ဆိုတာ တွေ့ရတယ်။ မြန်မာနိုင်ငံ တွင်းမှာလည်း သွားဖို့ရှိပါတယ်။ ကော့သောင်း၊ မြိတ် တို့မှာလည်း နေရာ လှလှလေးတွေ ရှိတယ်။ အဲဒီဘက်တွေ မှာလည်း သွားရောက်ရိုက် ကူးမှာပါ”လို့ ခရီးသွား ပရိုဂရမ်အတွက် သွား ရောက်ရိုက်ကူးချင်တဲ့ နေရာများ အကြောင်းကိုလည်း ပြောပြခဲ့ ပါတယ်။

အခုလတ်တလော မှာတော့ ဝါဆိုမိုးဦးက ဒါရိုက်တာ ဥက္ကာဗို ရိုက်ကူးတဲ့ “နှလုံးသားစေရာ” ဇာတ်ကားမှာ မင်းဦး၊ စိုးသီဟတို့နဲ့ ပါဝင် ရိုက်ကူးနေပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here