မိစန္ဒီရဲ့ အသဲလေးအကြောင်း

0
212

Mi Sandi

ဟစ်ဟော့ပ်အဆိုတော် မိစန္ဒီရဲ့ တတိယစီးရီးကို ဇွန်လအတွင်းမှာ ထွက်ရှိမယ်လို့ သိရပါတယ်။ မိစန္ဒီရဲ့ ဒီတစ်ခေါက်စီးရီးသစ်မှာတော့ သီချင်းပုဒ်ရေများများ ပါဝင်မှာ ဖြစ်ပြီး ၁၄ပုဒ်မှ ၁၆ ပုဒ်အတွင်း ပါဝင်မယ်လို့ သိရပါတယ်။

” အချစ်သီချင်းတွေထက် ဒီအခွေမှာ လူမှုပတ်ဝန်းကျင်က အကြောင်းအရာလေးတွေရယ် ဘဝနဲ့သက်ဆိုင်တာလေးတွေကို ဦးစားပေးထားပါတယ်။ သိပ်ပြီး Commercial မဆန်တဲ့ အခွေမို့ ပရိသတ်တွေနဲ့ အကြိုက်မတူ မှာစိုးရိမ်မိပါတယ်။ ဒါပေမဲ့ အကြောင်းအရာ ခပ်ဆန်းဆန်းလေးတွေပါဝင်လို့ ပရိသတ်ကြီးအတွက်ထူးခြား မှာပါ။ အရမ်းရယ်ရတဲ့ သီချင်း လေးတွေလည်း ပါပါတယ်။ အရမ်းအသဲကွဲတာလည်း နည်းနည်း ပါတယ်။ အစုံပါပဲ။ ပြီးတော့ အခွေထဲမှာ သီချင်းတွေ အများကြီးပါပါမယ်။ ၁၄ပုဒ် ဒါမှမဟုတ် ၁၅ ပုဒ်လောက်ပါ ပါမယ်။ ၁၆ပုဒ်လည်း ဖြစ်ရင် ဖြစ်ပါမယ်” လို့ မိစန္ဒီက သူမရဲ့စီးရီးနဲ့ပတ်သက်ပြီးပြောပါတယ်။ မိစန္ဒီက သူမရဲ့ စီးရီးသစ်ကိုတော့ အသဲလေးလို့ အမည်ပေးထားပြီး အသဲလေး သီချင်းက တော့ သူမကိုယ်ပိုင်ခံစားချက်တွေနဲ့ရေးဖွဲ့ထားတယ်လို့လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here