တရားကျင့်ကြံ အားမထုတ်နိုင်သေး သရွေ့ ဒါနကို ဖိဖိစီးစီး လုပ်ဖြစ်တယ် ဖြိုးပြည့်စုံ

0
156

Phyoe-Pyae-Sone-23jpgလောကီဘဝ အတွက် ကြိုးစား နေသေးပေမယ့် လောကုတ္တရာ အတွက်ကိုလည်း ပြင်ဆင်ရတော့ မယ်ဆိုတဲ့  တရားဓမ္မ စာစုလေးတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားလေ့ ရှိတတ်သူက အဆိုတော် ဖြိုးပြည့်စုံရယ်ပါ။ ပင်ကိုကလည်း အနေ အထိုင် အေးဆေးသလို၊ သီချင်း အေးအေးလေးတွေ သီဆိုလေ့ရှိတဲ့ ဖြိုးပြည့်စုံက ဘာသာ တရားကိုလည်း ရိုသေ ကိုင်းရှိုင်းသူ တစ်ယောက် ဖြစ်ပါ တယ်။ ဒါကြောင့်သူ့ကို ဘာသာရေး နဲ့ ပတ်သက်တဲ့ အသိအမြင်၊ အတွေး အခေါ်၊ အယူအဆတွေ အကြောင်း မေးမြန်းဖြစ်ခဲ့ပြန်ပါတယ်။

အလှူဘက်ကို အာရုံစိုက်ဖြစ်တယ်    

ယုံကြည် သက်ဝင်မှုပေါ်မူ တည်ပြီးတော့ ဘာသာရေး တိုင်းက တော့ အကောင်းဆုံးတွေ လုပ်ခိုင်း တာပေါ့။ လူသား တစ်ယောက် အနေ နဲ့ လောကီထဲမှာ ဆိုရင်လည်း ကောင်းမွန်တဲ့လူသား တစ်ယောက် ဖြစ်အောင် လုပ်ခိုင်းတဲ့ လုပ်ရပ်တွေ ချည်းပါပဲ။ ဗုဒ္ဓဘာသာမှာ ဆိုလို့ရှိရင် လည်း အလှူတကာ့ အလှူထဲမှာ တရားအလှူတို့၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အလှူတို့က အမြင့်မြတ် ဆုံးပေါ့။ ဘာပဲပြောပြော ဗုဒ္ဓဘာသာ  ကိုလည်း အဓွန့် ရှည်စေတယ်။ ဗုဒ္ဓ ဘာသာဝင်တွေ အတွက် အသိပညာ တိုးစေတဲ့ အလှူမျိုး ဆိုလို့ရှိရင် သာသနာတော် အတွက်လည်း အထောက်အပံ့ ဖြစ်တယ်လေ။ အဲဒီလို အလှူမျိုးတွေကို ကျွန်တော် ကတော့ အလေးထားတယ်။ နောက် တစ်ချက်က လှူဒါန်းတာမှာ ၂မျိုး ရှိတာပေါ့။  ကိုယ့်ထက် ကြီးကျယ် မြင့်မြတ်တဲ့ သူကိုပေးကမ်းတာ ပါသလို၊ ပေးလှူတယ် ဆိုတဲ့ ခေါင်း စဉ်အောက်မှာ ပေးကမ်းတာ လည်းပါတယ်။ လူရယ်မှ မဟုတ်ဘူး။ သတ္တဝါလေးတွေ၊ တိရိစ္ဆာန်လေး တွေ ကို ကျွေးမွေး စောင့်ရှောက် တာ ကလည်း ဒါဟာ ပေးလှူတဲ့ အထဲမှာ ပါတယ်။ ဒီလိုမျိုးတော့ အမြဲတမ်း အခွင့်အရေးရရင် ရသလို လုပ်ဖြစ် ပါတယ်။ လုပ်ဖြစ်အောင်လည်း ကြိုးစားတယ်။ တစ်နှစ်ပတ်လုံး ကျွန်တော်တို့တွေက သီချင်းတွေ ဆိုဖြစ်တယ်။ ပွဲတွေ သွားဖြစ်တယ်။ သီချင်းတွေ ဖန်တီးရတယ်။ ဒီအပေါ် မှာပဲ လုံးလည် ချာလည် လိုက်နေတဲ့ အခါမှာ အလုပ်နည်းနည်း အနားရ တာနဲ့ အလှူဘက်ကို အာရုံစိုက်ဖြစ် တယ်။ ဗုဒ္ဓဘာသာ မှာက တခြား ကျင့်ကြံ အားထုတ်ရမယ့် အရာတွေ ရှိသေးတယ်လေ။ အချိန်အားဖြင့် ရော၊ လူအားဖြင့်ရော မပေးနိုင်တဲ့ အခါမှာ ဒါကိုတော့ ဖိဖိစီးစီး လုပ်ဖြစ် ပါတယ်။

Phyoe-Pyae-Sone-4လှူဒါန်းဖြစ်တဲ့ အလှူဒါနများ

ပိုပို ဦးဆောင်ပြီး လုပ်နေတဲ့ ပိုပို ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်း မှာရှိ တဲ့ ဆွမ်း စားဆောင် ဆောက်လုပ်ရေး မှာ ကျွန်တော် တတ်နိုင်သမျှ လှူဒါန်း ဖြစ် တယ်။ နောက် တစ်ခါ ကျွန်တော် တို့သူငယ်ချင်းတွေ ထဲမှာပဲ မိဘမဲ့ ကလေး စောင့်ရှောက်ရေး လုပ်နေ တာတွေရှိတယ်။ အဲဒီမှာ လှူဖြစ် တယ်။ နောက် ပြီးတော့ မကြည်ဖြူ သျှင် တို့နဲ့ကျတော့ သူတို့မိသား စု တွေ လှူတဲ့ မြောက်ဦး ဆရာတော် ဘုရားကြီး သိက္ခာ ထပ်တာပေါ့နော်။ သိက္ခာထပ်တော့ သိမ်ဆင်းလောင်း ကြတယ်။ ပြီးတော့ မြောက်ဦးမှာပဲ ရတနာ့မာန်အောင် ဘုရားကြီး က ရာသီဥတုဒဏ်ကြောင့် ပြိုကျ ပျက်စီး သွားတာရှိတယ်။ အဲဒါတွေ ပြန် လည် ပြုပြင်တဲ့ နေရာမှာလည်း တစ်တပ် တစ်အား ပါဝင်ဖြစ်တယ်။ သိပ် မကြာခင် အချိန်အတွင်းမှာလည်း ရန်ကုန်ရောက်နေတဲ့ အချိန် ဆရာ တော့်ဆီမှာ တရား စကားလေးတွေ သွားနားထောင်ဖြစ်တာပေါ့။ အဲဒီမှာ ပဲ နဝကမ္မအလှူလေးလည်း လှူဖြစ် ပါတယ်။

နိစ္စဓူဝ လုပ်ဖြစ်တဲ့ ကုသိုလ်ကောင်း မှု

အဓိကကတော့ အာစိဏ္ဏကံ ခေါ်တာပေါ့။ အာစိဏ္ဏကံဆိုတာ နိစ္စဓူဝ လုပ်ဖြစ်တဲ့ ကုသိုလ်ကောင်း မှုပေါ့။ အမြဲတမ်းလုပ်ဖြစ်တဲ့  အလေ့ အကျင့်လေးရှိတယ်။ ဒါကတော့ အနည်းဆုံးဆို အိမ်ဘုရား ပဲဖြစ်ဖြစ်၊ ခရီးသွားတယ် ဆိုလို့ရှိရင်လည်း ရောက်တဲ့ အရပ်ဒေသမှာပဲဖြစ်ဖြစ်၊ ဘုရားကို ရည်စူးပြီးတော့ အမြဲတမ်း သောက်တော်ရေချမ်းကပ် လှူတယ်။ အဲဒါကတော့ နိစ္စဓူဝ လုပ်ဖြစ်တဲ့ ကုသိုလ် ကောင်းမှုပေါ့။ ဒါဟာ ဘာမှ လည်း ပင်ပန်းသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ သောက်တော်ရေ ကပ်လှူတဲ့ ဒါနလေးတော့ မနက် မိုးလင်းတာနဲ့ စဖြစ်တယ်။ ဒါကတော့ အာစိဏ္ဏကံ ကုသိုလ်လေးပါ။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here