ကရာတေးပညာရှင် ဦးမင်းလွင်ပြောတဲ့ ဦးကျော်သူအကြောင်း

0
230

U Min Lwin (1)

လက်ရှိအချိန်မှာ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ် တဲ့ ဦးကျော်သူကတော့ ကရာတေးပညာရပ်ကို ငယ်စဉ်ကတည်းက ခရေဇီဖြစ်ခဲ့သူပါလို့ ဦးကျော်သူကို ကရာတေးပညာရပ် သင်ကြားပေးခဲ့သူ ကျို့ရှင်းကလပ်မှ ဆရာဦးမင်းလွင်က ပြောပါတယ်။

” သူကျွန်တော်တို့နဲ့ ကစားတုန်းက ရုပ်ရှင် တောင်မရိုက်သေးဘူး။ ကျွန်တော်တို့နဲ့ကစား ပြီးနောက်ပိုင်းမှ သူရုပ်ရှင်ထဲဝင်သွားတာ။ ကရာ တေးကို သူအရင်စပြီး ခရေဇီဖြစ်ခဲ့တာ” လို့ ဆရာဦးမင်းလွင်က ဦးကျော်သူကရာတေးအပေါ် ခရေဇီဖြစ်ပုံကို ပြောပြပါတယ်။ ဦးကျော်သူကို ကရာတေးပညာရပ် သင်ကြားပေးခဲ့ရာမှာ ဦးကျော်သူအပေါ် အမှတ်ရမိတဲ့ အကြောင်းကို ဆရာ ဦးမင်းလွင်က…

” ကျော်သူတို့က ညီအစ်ကိုနှစ်ယောက် ကစားတာလေ။ သူ့ညီတစ်ယောက်ရှိသေးတယ်။ အခုက အမေရိကသွားသူပေါ့။ သူတို့နှစ် ယောက်စလုံး ခါးစည်းအစိမ်းလောက်အထိ တော့ ရောက်တယ်။ တော်တော်ကောင်းပါ တယ်။ ကျွန်တော်တို့ဆီမှာ အဲဒီတုန်းက ခါးစည်း အစိမ်းရောက်သူက နည်းတယ်။ ခါးစည်းအစိမ်း ရောက်ဖို့က ခက်တယ်။ အညိုရဖို့ကခက်တယ်။ အနက်ရောက်ဖို့က ပိုခက်လာတာပေါ့။ သူတို့ အစိမ်းရောက်ပါတယ်။ နောက်ပိုင်းမိဘတွေက ကျောင်းပို့တာနဲ့ အငယ်တစ်ယောက်ကိုလည်း နိုင်ငံခြားပို့လိုက်တယ် ထင်တယ်။ ပို့လိုက်တဲ့အခါ ကျတော့ သူအဖော် မရှိတော့ဘူးဖြစ်သွားတာ ပေါ့။ အဲဒီမှာ နည်းနည်းအဆက်ပြတ်သွားတာ ပေါ့။ နှစ်ယောက်စလုံးကောင်းပါတယ်။ သူတို့ တော်တော် ကစားကြပါတယ်” လို့ ဦးမင်းလွင်က ဦးကျော်သူကရာတေးသင်ကြားစဉ်က အမှတ်တရကို ပြောပြခဲ့ပါတယ်။ ဆရာဦးမင်းလွင်အနေနဲ့ သူကရာ တေးပညာရပ်သင်ကြားပေးခဲ့ဖူးတဲ့ ဦးကျော်သူတစ်ယောက်က ပရဟိတအလုပ်တွေ အပေါ်အားသွန်ခွန်စိုက် လုပ်ဆောင်နေမှုတွေ အတွက် သူ့ရဲ့အမြင်ကို မေးကြည့်ရာမှာတော့..

” ဝမ်းသာတာပေါ့။ ဝမ်းသာတယ်ဆိုတာက ကိုယ်သင်ပေးခဲ့ဖူးတဲ့ သူတွေကိုပေါ့နော်။ အခုလည်း ဒီမှာရှိတဲ့ကလေးတွေအားလုံးကို ကျွန်တော်တို့ သင်လို့ရရင်တော့်ပေါ့နော်။ ကျွန်တော်တို့ခုသွားနေ တဲ့ပုံစံက ဘယ်လို တိုက်ခိုက်ရမလဲ ဆိုရုံမဟုတ်ဘူး။ လောကကြီးမှာ ဘယ်လိုအသက်ရှင်နေထိုင်မလဲဆို တာပါ ကျွန်တော်တို့သင်တာ။ သင်တဲ့အခါကျရင် ကရာတေးသင် နေရင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လေးတွေ၊ စာရိတ္တပိုင်းဆိုင်ရာလေးတွေ၊ ယဉ်ကျေး မှုတွေ အဲဒါတွေအားလုံးကို ကျွန်တောတို့က တွဲသင် တော့ သူတို့ဒါတွေက လောကကြီးမှာ ဘယ်လို အသုံးကျလဲ ဆိုတာကိုပြောတာ။ ဒီကရာတေးကို ကြိုးစားသလို ကျောင်းသားဆိုရင် စာကိုလည်း ကြိုးစားရမယ်။ အလုပ်လုပ်တဲ့သူဆိုလည်း အလုပ် ကိုပါ ကြိုးစားရမယ်။ ပြင်ပလောကမှာလည်း လူ တွေကောင်းကျိုးလုပ်ရမယ်။ ကျွန်တော်က အဲဒီလို သင်တာ။ အဲဒီအချိန်မှာ ကလေးတွေက ကရာတေး ကစားနေရင်းနဲ့ သူတို့ပြင်ပလောကအပေါ်မှာ ကောင်းလာတယ်။ အဲဒီလိုသင်တဲ့အခါကျတော့ ကျော်သူတို့လိုမျိုးပေါ့။ သူကရာတေး မကစားတော့ ဘူးဆိုပေမယ့် လူတွေကို အကျိုးပြုမယ့်လုပ်ငန်းကို လုပ်လာတယ်ဆိုတော့ ကိုယ်လည်း ဝမ်းသာတာ ပေါ့” လို့ ဆရာဦးမင်းလွင်က ပြောပါတယ်။ ဆရာ ဦးမင်းလွင်ဟာ ကရာတေးပညာရပ်ကို ၁၃နှစ်သား အရွယ်ကတည်းက စတင်ကစားခဲ့တာဖြစ်ပြီး ၁၉၇၃ ခုနှစ်က စတင်ကာ ကရာတေးသင်တန်းဖွင့်လှစ်ခဲ့ ပြီးပညာဖြန့်ဝေလျက်ရှိသူဖြစ်ကြောင်းလည်း သိရပါ တယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here