ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲ နှင့် သမိုင်း မှတ်တမ်းဓာတ်ပုံပြပွဲ ပြုလုပ်မည်

0
321

suart

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲနှင့် သမိုင်းမှတ်တမ်း ဓာတ်ပုံပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ မန္တလေးမြို့ မင်္ဂလာမန္တလေးရှိ သီရိပန်းချီ အနုပညာပြခန်း၌ ကျင်းပမည်ဖြစ်ကြောင်း သီရိပန်းချီ အနုပညာပြခန်းမှ သိရှိရသည်။

” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းချီပြပွဲ ၊ သမိုင်းမှတ်တမ်းဓာတ်ပုံ ပြပွဲနှင့် စတုဒိသာကျွေးမွေးခြင်းကို ဇွန်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ သုံးရက်တိုင်တိုင် သီရိပန်းချီ အနုပညာပြခန်း၌ ကျင်းပသွားပါမယ်။ ပါဝင်ပြသလိုတဲ့ ပန်းချီပညာရှင်၊ ဓာတ်ပုံပညာရှင်များက ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားများ၊ ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဓာတ်ပုံများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး သီရိပန်းချီအနုပညာပြခန်း၊ မန္တလေးမြို့သို့ ပေးပို့ပြသနိုင်ပါတယ်” ဟု သီရိပန်းချီ အနုပညာပြခန်း မှ ဦးပုညဆွေက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here