သမီးလေးတွေနဲ့ ပတ်သက်တဲ့ သီချင်းကို ဒုတိယ တစ်ကိုယ်တော် အခွေမှာထည့်မယ် ချစ်သုဝေ

0
302

Chit-Thu-Waiလတ်တလောမှာ ချစ်သုဝေက ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးခွေကို လည်း သီတင်းကျွတ်လမှာ ထွက်ရှိဖို့ အတွက် စီစဉ်နေပါတယ်။ တစ်ကိုယ်တော်အခွေ မထွက်ဖြစ်တာ ၇နှစ်လောက် ကြာသွားပြီ ဖြစ်ပြီး ဒီအခွေက ပရိသတ်နဲ့ တစ်သားတည်း ကျမယ်လို့ မျှော်လင့်ကြောင်း ကို ချစ်သုဝေက “စီးရီးခွေ အနေနဲ့တော့ ထရီဇာရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေလေးက လည်း ၇နှစ်လောက် ခြားသလို ဖြစ်သွားတယ်။ သီချင်းတွေက လည်း တချို့ဟာတွေ ပြန်ဖြုတ် တချို့ဟာတွေ ပြန်ဖြုတ်နဲ့ပေါ့လေ။ ဒီတစ်ခေါက် အခွေလေးကတော့ ပရိသတ်ကြိုက်တဲ့ သီချင်းတွေများမယ်။ ထရီဇာရဲ့ “တိမ်တွေနေတဲ့အရပ်” တုန်း က လည်း သွားထားတဲ့  theme  လေးနဲ့ ပရိသတ်နဲ့လည်း အကြိုက်က တူသွားတယ်။ ထရီဇာ သွားချင်တဲ့ လမ်းကြောင်းလေးက တိမ်တွေနေတဲ့ အရပ်တုန်း ကလောက် မခက်ခဲတော့ဘူး။ ထရီဇာသွားချင်တဲ့  theme  လေးကို ပရိသတ်လက်ခံတဲ့ အတွက် ပရိသတ်ကြိုက်မယ့် အရာ လေး လည်း ဖြစ်မယ်။ ထရီဇာ လုပ်ချင်တဲ့ အရာလေးလည်း ဖြစ်မယ်။ တစ်သားတည်းကျမယ် လို့မျှော်လင့်ပါတယ်” လို့ပြောပါတယ်။

အခုအချိန်မှာ မိခင်တစ်ဦးဖြစ်နေတဲ့ အတွက် သမီးလေးတွေနဲ့ ပတ်သက်တဲ့ သီချင်း ကိုလည်း ဒုတိယအခွေမှာ ထည့်ဖြစ်မယ်လို့ ချစ်သုဝေ ကပြောပါတယ်။ “မီးမီးလေးတွေရ လာပြီဆိုတော့ အမေတစ်ယောက် အနေနဲ့ မီးမီး လေးတွေနဲ့ ပတ် သက်တဲ့ သီချင်း မျိုးတွေကို ဆို ချင်တာပေါ့။ အန်ကယ် ညီထွဋ် တို့ဆိုခဲ့တဲ့ “စမ်းရေ” သီချင်းမျိုးလေးတွေ ဆိုချင်တယ်။ ကိုလင်းကို ရေးခိုင်းတော့လည်း သူက ဘုကလန့်လုပ်နေတယ်။ ကိုလင်း မရေးပေးတော့လည်း တစ်ယောက်ယောက် ကို အပ်ပြီးတော့ သမီးလေးတွေ သီချင်းကို ဆိုချင်ပါတယ်။ အဲဒီသီချင်း လေးတော့ ထည့်ဖြစ်အောင် ကြိုးစားမယ်” လို့ ချစ်သုဝေကပြောပါတယ်။

ချစ်သုဝေက Goon နဲ့ Johnson’s baby ကလေးပစ္စည်း ကုမ္ပဏီတို့ရဲ့  Brand Ambassador  အဖြစ် လက်တွဲ အလုပ်လုပ်နေပြီး သမီးလေး နှစ်ဦးနဲ့အတူ ကြော်ငြာ များလည်း ရိုက်ကူး သွားဖို့ ရှိကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- ရူပါမိုမို


LEAVE A REPLY

Please enter your comment!
Please enter your name here