ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားမယ့် ပြည့်ဝတီမောင်

0
296

Pyae-Wadi-Mgလတ်တလောမှာ မော်ဒယ်၊ သရုပ်ဆောင် ပြည့်ဝတီမောင် ကဒါရိုက်တာ ဥာဏ်ထင် ပုံဖော်ရိုက်ကူး တဲ့ “မြို့ပြမုဆိုးများ”ရုပ်ရှင်ဇာတ်ကား ကြီးကို ရန် အောင်၊ ခါရာတို့နဲ့ အတူပါဝင်သရုပ်ဆာင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ အဓိက ဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်မယ့် ပြည့်ဝတီမောင်က ပထမ ဦးဆုံးရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်တဲ့အတွက် စိတ်လှုပ်ရှား နေကြောင်း ဆိုပါတယ်။

“အရမ်းကို စိတ်လှုပ်ရှားတယ်။ ညီမ အတွက်က သရုပ်ဆောင် သက်တမ်း အရမ်းနုသေးတယ်။ ရှေ့ မှာ ဗီဒီယိုဇာတ်ကား တစ်ကားပဲ ရိုက်ထားသေးတယ်။ ရုပ်ရှင် ကားကြီးက ပထမဦးဆုံး ဆိုတော့ ညီမအတွက် stress တွေ အရမ်းများ တယ်။ ဒါပေမဲ့ ဒီဇာတ်ကား မရိုက်ကူးခင် မှာ အားလုံး ကလည်း သရုပ်ဆောင် သစ်တွေဖြစ်တော့ ဒါရိုက်တာ ကိုဥာဏ်ထင်က ရီဟာဇယ် အရင်ကျင့်ပေးတယ်။ အဲဒီအတွက် တကယ့် ရိုက်ကွင်းပေါ် ရောက်တော့ ညီမအတွက် အခက်အခဲ သိပ်မရှိတော့ဘူး။ ကိုယ့်အတွက် နဲ့ ဒီဇာတ် ကားမှာတစ်ခုခု လွဲချော်သွားမှာလည်း ကြောက်တယ်။ ဒါပေမဲ့လည်း ညီမ အကောင်းဆုံးတော့ ကြိုးစားထား တယ်။ ပရိသတ် တွေလည်း ညီမကို အကြံပြု ကြပါဦး” လို့ ပြောပါတယ်။

Bonanza Production မှ သရုပ်ဆောင်သစ်များ ရွေးချယ်ခဲ့ရာ မော်ဒယ် ပြည့်ဝတီမောင်လည်း ရွေး ချယ်ခြင်း ခံရပါတယ်။ Bonanza Production နဲ့ လက်တွဲဖြစ်ခဲ့ပုံကို ပြည့်ဝတီမောင်က

“ဒီထုတ်လုပ်ရေးနဲ့ လက်တွဲဖြစ် တာက အစ်မ တို့က သရုပ်ဆောင် သစ် တွေခေါ်တော့ ညီမသွား လျှောက်ခဲ့ တယ်။ အဲဒီမှာ ရွေးချယ် ခြင်းခံရပါ တယ်။ စာချုပ်တော့ မချုပ် ထားပါဘူး။ ဒီ ဇာတ်ကား ရိုက် နေတဲ့ အချိန်မှာ ကျန်တဲ့ အလုပ်မလုပ်ရဘူးလို့ မရှိပါ ဘူး။ နောက်ထပ် ၆ လပိုင်း ထဲမှာ ဗီဒီယိုတစ်ကား ရိုက်ကူး ဖို့ရှိပါတယ်” လို့ ပြောပါ တယ်။
နောက်ပိုင်း မှာလည်း ဇာတ်ကား ရိုက်ကူး ဖို့အတွက် ကမ်းလှမ်း လာရင် ရိုက်ကူးသွားမှာ ဖြစ်ပြီး သရုပ်ဆောင် အလုပ် က ကိုယ် ဝါသနာပါတဲ့ အလုပ် ဖြစ်တဲ့အတွက် အခက် အခဲတော့ သိပ်မရှိ ကြောင်း ပြည့်ဝတီမောင် က ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here