အနုပညာဆိုတာ ဟောင်းသွားတယ် ဆိုတာ မရှိဘူး ဦးအောင်လွင် (ခေါ် ) ဒါရိုက်တာစံရွှေမောင်

0
290

IMG_2316ရုပ်ရှင်လောကသားတွေက ဘကြီးအောင် လို့ ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ ဦးအောင် လွင်က လက်ရှိအချိန်မှာ အသက် ၈၂ နှစ် ရှိပြီဖြစ်ပြီး အနုပညာ သက်တမ်း ၅၈ နှစ် တိုင်ခဲ့ ပြီဖြစ်ပါတယ်။ ရုပ်ရှင်ဖလင် ခေတ်ကဆို စံရွှေမောင် နာမည်နဲ့ ရုပ်ရှင်ဒါရိုက်တာ အဖြစ် ရပ်တည်ခဲ့တဲ့ ဦးအောင်လွင် အနေနဲ့ သူရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဇာတ်ကားတွေ၊ အကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ် ကားတွေကဖြင့် အများအပြားပါ။ ဒါကြောင့် ဘကြီးအောင်ကို သူဖြတ်သန်းလာခဲ့တဲ့ ကာလ တစ်လျှောက် အနုပညာ အပေါ် ခံစားမှု အပြောင်း အလဲနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ…
“အဲဒီလို ကွာခြားတာတော့ မရှိဘူး။ ကျွန်တော် တို့က ပြောရရင် ကြီးကျယ်တယ် လို့ ပြောရမလား။ အနုပညာ ဆိုတာ သူများ နဲ့ပြိုင်တာထက် ကိုယ့်ကိုယ် ကိုယ်ပြိုင်တာ များပါတယ်။ ကျွန်တော်ပြိုင်တာ ကတော့ ကျွန်တော်အရင် ရိုက်ကူးတဲ့ ဇာတ်ကားနဲ့ နောက် ထပ်ရိုက်ကူးတဲ့ ဇာတ်ကားနဲ့ ယှဉ်တယ်။  အရင် ရိုက်ကူးတဲ့ ဇာတ်ကားကို မမီဘူးလား အဲဒီလို မှတ်တယ်။ သူ့ထက် ကောင်းတဲ့ လိုကေးရှင်း၊ နယ်မြေဒေသ၊ သူ့ထက်ကောင်း တဲ့ ဇာတ်အကြောင်း အဲဒီလိုဖြစ်စေချင်တဲ့ အတွက် ဒီအပေါ် မှာတော့ ကျွန်တော့်အတွက် ဟောင်းသွားတာမရှိဘူး။ ကျွန် တော်အမြဲကြိုးစားချင်တဲ့စိတ်ရှိပါတယ်”လို့ ဦးအောင်လွင်က ပြောပါတယ်။

အခုသူ ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် “သရာစောထိ” ရုပ်ရှင်ဇာတ်ကားက စက်တင်ဘာလမှာ ကျင်းပမယ့် မြန်မာ့ ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပြသမှာဆိုတော့ အချိန်မီ ပါ့မလား လို့မေးတဲ့အခါ…

“ကျွန်တော်တို့ ဖလင်ခေတ်မှာဆိုရင် ကားဆက်တဲ့ အခန်းကို သီးသန့်လာရတယ်။ ကားဆက်ခန်းမှာ ဖလင် တွေဆေးပြီးမှ ဆက်ရတယ်။ အခု ဒစ်ဂျစ်တယ် ခေတ်မှာ ဆိုလို့ရှိရင် ရိုက်ကွင်းဘေးမှာ ဖလင်ဆက်လို့ရတယ်။ အဲဒီ အခါကျတော့ ကားဆက်တဲ့ ပညာရှင်ကို ရိုက်ကွင်းဘေး ခေါ်ထားပြီးတော့ နေ့ခင်းရိုက်ညဆက်နဲ့အဲဒီမှာ ရိုက်ကူး တဲ့ ကိစ္စအကုန်လုံးကို ဆက်ပြီးသားဖြစ်အောင် ကြိုးစား ထားတဲ့အတွက် ကျွန်တော်တို့မီလိမ့်မယ် ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here