ရှားပါးသွားပြီဖြစ်သော ဇာတ်စာ၊ဇာတ်စကားနှင့်နှဲပညာရပ်များအကြောင်းကို သဘင်ဖောင်ဒေးရှင်းမှ ဖော်ထုတ်သွားမည်

0
245

Foundation

မြန်မာနိုင်ငံသဘင်ဖောင်ဒေး ရှင်းအနေနဲ့ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးကို ဖိတ်ခေါ်ကာ သဘင်နဲ့ဂီတအကြောင်း ဟောပြော ပွဲပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး လည်း တေးပြုစာဆိုကြီးတွေကို ဖိတ် ကြားက ဟောပြောပွဲပြုလုပ်ဖို့စီစဉ် လျက် ရှိနေကြောင်းလည်း သိရပါတယ်။ သဘင်ဖောင်ဒေးရှင်းအနေနဲ့ ရှားပါးသွားပြီဖြစ်တဲ့ ဇာတ်စာ၊ ဇာတ်စကားနဲ့ ပျောက်လုနီးပါးဖြစ်နေတဲ့ နှဲတူရိယာတွေကို ပြန်လည်ဖော်ထုတ်သွားဖို့ စီစဉ်နေပါတယ်။

” ခေတ်တစ်ခေတ်မှာ သူ့ခေတ် နဲ့သူ တိုးတက်လာတာနဲ့အမျှခလုတ် တစ်ခုရိုက်ပြီးကြည့်လိုက်တာနဲ့ ကမ္ဘာကြီးကိုကြည့်လို့ရနေတဲ့ ခေတ် ထဲမှာ ဦးတို့ရဲ့မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကလည်းပျောက်ကွယ် သွားလို့မရဘူးလေ။ ခလုတ်လေး တစ် ချက်နှိပ်လိုက်တာနဲ့ သံစဉ်တွေထွက် လာသလို့ အဲဒီ့ခလုတ်လေးတစ်ချက် နှိပ်လိုက်တဲ့အထဲမှာလည်း မြန်မာ့ရိုး ရာတွေပါရမယ်ပေါ့။ ဒါကြောင့်ျွှနဘျငအနတွေမှာ တင်ပြီးတော့ လုပ်ဖို့ အထိ စဉ်းစားထားပါတယ်” လို့ သဘင်အနုပညာရပ်တွေနဲ့ပတ်သက်လို့ ထိန်းသိမ်းဖော်ထုတ်သွားမယ့်အကြောင်းကို သဘင် ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်းက ပြောပါတယ်။

သဘင်ဖောင် ဒေးရှင်းအနေ နဲ့ သဘင်ထိန်းသိမ်းမြှင့်တင်မှုတွေမှာလည်း အလှူငွေများ ထည့်ဝင်လှူဒါန်း ခဲ့သလို ပညာရှင်ကြီးတွေရဲ့ အမှတ် တရအခမ်းအနားပွဲတွေမှာလည်း ပါဝင်လှုဒါန်းလျက် ရှိနေပါတယ်။ ဒီ့အတွက်ကြောင့် ရန်ပုံငွေပြန်လည် ဖြည့်တင်းဖို့အတွက် ရည်ရွယ်ပြီး ရန်ပုံငွေဖျော်ဖြေပွဲကြီးတစ်ပွဲကို ပြုလုပ်သွားဖို့လည်း စီစဉ်နေလျက် ရှိနေကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းအနေနဲ့ဇာတ်သဘင်နဲ့ပတ်သက် ပြီး ဇာတ်သဘင်ပညာရပ်များစွာကို ပြန်လည်ဖော်ထုတ်မြှင့်တင် ပေးသွား ဖို့အတွက် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မန္တလေးသိန်းဇော်နဲ့အတွင်း ရေးမှူး ဦးနန်းဝင်းတို့က ကြိုးစား ဆောင်ရွက် လျက်ရှိနေပါတယ်။ သဘင်ဆိုင်ရာ သိမှတ်ဖွယ်ရာ ဟောပြောပွဲများကို လည်း စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိရာ ဆရာချစ်ဦးညို၊ ရုပ်သေးပညာရှင် ဆရာမဒေါ်မမနိုင်၊ဘဘဗိုလ် ကလေးတင့်အောင်တို့ရဲ့ဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ပြီးပြီဖြစ်ပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here