နောက်ပိုင်းဇာတ်တော်ကြီးတွေပျောက်ကွယ်ရခြင်းအကြောင်း ဦးမိုးဝင်း ပြောပြ

0
306

Moe win

ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှု တွေမှာ နောက်ပိုင်းဇာတ်တော်ကြီး ပျောက်ကွယ်ရခြင်းက ၁၉၈၈ခုနှစ် ကာလက စတင်ခဲ့တာဖြစ်ကြောင်း သဘင်မင်းသားကြီးဦးမိုးဝင်းက ပြောပြ ပါတယ်။

” ၈၈ နောက်ပိုင်းမှာပွဲကရဖို့ အတွက်ကို မနည်းလုပ်နေရတဲ့အခါမှာ ဖြစ်သလိုတွေကကြရတယ်။ ပညာရှင် ကြီးတွေကလည်း ဈေးရောင်းတဲ့သူက ဈေးရောင်းကားမောင်းတဲ့သူကလည်း ကားမောင်း တခြားအလုပ် တွေလုပ်တဲ့ သူကလည်းလုပ်ပေါ့။အဲဒီမှာကို ပျောက် သွားတဲ့ပညာရှင်တွေအများကြီးရှိပါ တယ်။အဲဒီ့ကာလက နေ့ခင်းပွဲတွေ က တော့ ဟိုဟာထားခဲ့၊ ဒီဟာထားခဲ့ ဖြုတ်စရာရှိ အဲဒါဖြုတ်ဆိုပြီးတော့ အဲဒီလိုဖြစ် သွားတယ်။ အဓိကတော့မလုပ်ချင်ကြတာ မဟုတ်ဘူး။လုပ်ခဲ့ကြတယ်။ကျွန် တော့်အနေနဲ့ တစ်ချိန်တုန်းက မဟာပုဂံ ဆိုတဲ့ ကဇာတ်ကြီးကို ခမ်းခမ်းနားနားကြီး ကပြခဲ့ပါတယ်။ အောင်မြင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း အသိ အမှတ်ပြုပါတယ်။ ဒီလိုပါပဲ ပြန်လည်ပြီး တော့တင်ဆက်ဖို့အတွက်ကိုဒီခေတ်ကြီး ထဲမှာတော့ နောက်ပိုင်းဇာတ်တော်ရေး တဲ့လူတွေရှားသွားပါပြီ။ မပူပါနဲ့။ ကျွန် တော်တို့အားလုံးဝိုင်းဝန်းပြီး ရှာဖွေ မယ်။ လူငယ်တွေကတော့ ကဖို့သာ အဓိကထားရပါမယ်” လို့ နောက်ပိုင်း ဇာတ်တော်ကြီးတွေ ကပြမှုနည်းပါးခဲ့ရမှု အကြောင်းကို ဦးမိုးဝင်းက ပြန်လည် ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here