ရတနာပုံ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ပရိသတ်ကို တောင်းပန်လိုက်တဲ့ ရတနာဗို

0
248

Yandar Bo

ရတနာဗိုက ရုပ်သံလိုင်းတစ်ခုမှာ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ ရတနာပုံ ဇာတ်လမ်းတွဲမှာ မန္တလေး တက္ကသိုလ်က ကျောင်းသူတဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက သူပထမဦးဆုံးပါဝင်ရိုက်ကူးရတဲ့ ဇာတ်လမ်းတွဲဖြစ်သလို သူတအားကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲဖြစ်ကြောင်း ရတနာဗို ကပြောပါတယ်။ အခု ဒီဇာတ်လမ်းတွဲကို ရုပ်သံလိုင်းမှာ ပြသတဲ့အခါ လည်း တစ်ပတ်မှ ၁ ရက်ပဲ ထုတ်လွှင့်ခြင်းကို သူ့အနေနဲ့ကတော့ တစ်ပတ်ကို ၂ ရက်လာက်တော့ ထုတ်လွှင့်ပြသစေလိုကြောင်း ရတနာဗိုက ဆိုပါတယ်။’
” တစ်ရက်ပဲလွှင့်တော့ နောက်တစ်ပတ် ကြ ထပ်လာတော့ ပြီးခဲ့တဲ့ တစ်ပတ်က ဘာဖြစ်သွားလဲ ဒီတစ်ပတ်ကတော့ ဘယ်လိုဆိုပြီး မေ့သွားကြမှာ ဆိုးတာပါ။ ညီမတို့ဆိုလည်း အရင်က ကိုရီးယားကားတွေကြည့်ရင် တန်းတန်းင်္ပြီးပဲ ကြည့်ချင်တာလေ အဲဒိတော့ အနည်းဆုံး တစ်ပတ်ကို ၂ရက်လောက်တော့ ပြစေချင်တယ်။ ဒါပေမယ့်လည်း ဒါက ထုတ်လုပ်ရေးပိုင်းဘက်နဲ့ဆိုင်တာပေါ့နော် ။ ပြီးတော့ ညီမက ဒိဇာတ်လမ်းတွဲကို အခွေလေးတောင် ထွက်စေချင်တာပါ”လို့ ပြသနေတဲ့ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ရတနာဗိုက ပြောပြပါတယ်။ ဒါ့အပြင်ဒီဇာတ်လမ်းတွဲ နဲ့ပတ်သက်ပြီး လည်း ပရိသတ်ကို တောင်းပန်စရာရှိပါတယ်လို့ ရတနာဗိုက ပြောပြလာပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီ ” ဒီဇာတ်လမ်းတွဲမှာ သေချာပြင်ဆင်ပြီး သေချာတော့ ကြိုးစားထားပါတယ်။ ဖြစ်ချင်တော့ဇာတ်လမ်းတွဲက တစ်ဝက်ရိုက်နေရင်းနဲ့ ဆေးရုံတက်လိုက်ရတော့ ဇာတ်လမ်းတွဲ မရိုက်ခင်တုန်းကတော့ လူက ချူချာတော့ ပိန်နေတယ်။ ဆေးရုံဆင်းပြီး ပြန်ရိုက်တော့ လူက ဝဖီးနေတယ်။ တစ်ဆင်းန်းနဲ့ တစ်ဆင်းန်က ဘယ်လိုဖြစ်နေလည်းဆိုတော့ တဆင်းန်းမှာ မျက်နှာက ချောင်ချပြီး နောက်တစ်ဆင်းန်းကျတော့ မျက်နှာက ဖောင်းပြဲနေတယ်။ တကယ်တမ်းတော့ တစ်ပုံစံတည်းပဲ သွားရမှာလေ ။ပိန်လိုက် ဝလိုက် ဖြစ်နေတဲ့အချိန်မှာပရိသတ်တွေ အနေနဲ့ ကြည့်ရတာ အခန့်မသင့်တာလေးတွေ မျက်စိစူးတာမျိုးတွေ ရှိနေရင် ပရိသတ်ကြီးကို တောင်းပါတယ်” လို့ ရတနာဗိုက ပြောပြခဲ့ပါတယ်။

သတင်း ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here