သမီးနှစ်ယောက်ကို ပညာရေးပိုင်းမှာ အောင်မြင်စေချင်တယ် လွင်မိုး

0
308

Lwin-Moeသမီးတွေဖြစ်ကြတဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုး တို့အပေါ် ဖခင် တစ်ယောက် အနေနဲ့ ဖြစ်စေချင်တဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး အကယ်ဒမီ လွင်မိုး နဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်တဲ့ အခါ…

“သူတို့ကို အဓိကကတော့ ပညာရေးပဲ။ သူတို့ပညာရေးမှာ အောင်မြင်ဖို့ အဓိကပဲ။ ပြီးမှ သူတို့ အနုပညာ အလုပ်ကြိုက်တာ လုပ်ပါစေ။ သူတို့လိုအပ်ရင် ပံ့ပိုးပေးမှာ ပါ”လို့ သူက ပြောပါတယ်။ သမီးတွေကလည်း ဖခင်ရဲ့အနုပညာ သွေးပါလေနေတော့ ပညာရေးသာ ဆုံးခန်းတိုင်ခဲ့ရင် သူတို့လေးတွေကို အနုပညာရှင်လေးတွေ အဖြစ် မြင်နိုင်ကောင်းပါရဲ့။

ဆက်လက်ပြီး အကယ်ဒမီ လွင်မိုးကို မေးမြန်းဖြစ်တာက ဆင်ဆာ ကိစ္စပါ။ ပြီးခဲ့တဲ့ နှစ်ပတ် ကျော်လောက်က မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်နဲ့ ဆင်ဆာအဖွဲ့များ၊ ရုပ်ရှင် လောကသား များတွေ့ဆုံ အစည်းအဝေးပွဲမှာ အကယ်ဒမီ လွင်မိုးကိုယ်တိုင်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဆင်ဆာဖြတ်တောက်မှု နဲ့ပတ်သက်ပြီး ညှိနှိုင်းခဲ့ တာလေးတွေလည်း ရှိခဲ့လေတော့ မြန်မာရုပ်ရှင် ဇာတ်ကားတွေကို ဆင်ဆာဖြတ် တောက်ခံရမှု အပေါ် သူ့အမြင်ကို မေးဖြစ်တဲ့အခါ…

“ဆင်ဆာမှာ ကျွန်တော်မြင်တာ တစ်ခုပဲ ရှိတယ်။ ဒီနေ့ အနုပညာသမားတွေက ဆင်ဆာဖြတ်တာ သဘောမကျဘူး။ ဘာဖြစ်လို့ သဘော မကျဘူးလဲ ဆိုရင် ဆင်ဆာ ဖြတ်နေတဲ့သူက အနုပညာသမား မဟုတ်လို့ဘဲလို့ ကျွန်တော်မြင်ပါတယ်။ အခု နောက်ပိုင်း အနုပညာ သမားတွေ တော်တော်များများ ထည့်လိုက်တယ်။ သို့သော်လည်း ဒီအနုပညာ သမားတွေကို ဆင်ဆာဖြတ်ရတဲ့ သူတွေက ဒီ အနုပညာ သမားတွေအပေါ်မှာ လေးစားယုံကြည်အားကိုးမှုနည်းတာလည်း ပါပါလိမ့်မယ်။ ကျွန်တော်တို့ ၁၉၉၃ ခုနှစ်မှာ “သရဲလေးကောင်”ပြဇာတ် ကခဲ့တယ်။ ဒါပေမဲ့ ဒီပြဇာတ် ဒီနေ့ခေတ်ပြရင်တော့ ဖမ်းခံရမှာ သေချာတယ်” လို့ ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here