ပြည်မြို့က လမ်းပျော် ကလေးတွေရဲ့ ဘဝအခြေအနေကို Documentary သွားရောက် ရိုက်ကူးခဲ့တဲ့ ခိုင်နှင်းဝေ

0
96

Khin-Ninn-Waiကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး အထူးသံတမန် တစ်ဦး ဖြစ်တဲ့ ခိုင်နှင်းဝေ တစ်ယောက် မေလ (၁၆) ရက်နေ့က ပြည်မြို့ မှာရှိတဲ့ လမ်းပေါ် ကလေးများနဲ့ အိမ်ခြေမဲ့ ကလေးတွေရဲ့ဘဝအခြေအနေ အကြောင်းအရာများကို Documentaryသွားရောက် ရိုက်ကူးဖြစ်ခဲ့ ရာ ကိုယ်တိုင် တွေ့ကြုံရတဲ့အခြေ အနေကို သူက ပြန်ပြောပြရာမှာတော့..

“ပြည်မှာက လမ်းပေါ်ကလေးတွေ၊ အိမ်ခြေမဲ့ ကလေးတွေနဲ့ နောက် လမ်းပျော် ကလေးတွေအကြောင်း သွားရိုက်ကူးခဲ့တာပါ။ အဲဒီမှာက တချို့ တွေကျတော့ မိဘတွေ ရှိတယ်။ တချို့ကျတော့ မိဘမရှိကြဘူး။ ပြည် ကမ်း နားမှာဆိုရင် တဲပုတ်လေးထဲမှာ လူ၁ဝယောက်၊ ၁၅ယောက်လောက် စုနေကြ တာတွေရှိတယ်။ သူတို့ရဲ့ပတ်ဝန်းကျင် မှာကလည်း စရိုက်တွေ များတယ်။ ပြီးတော့ လမ်းပျော်ကလေးတွေ များနေတာမြင်လို့ ထိန်းသိမ်းစောင့်ရှောက်ရတာ တော်တော် ခက်ပါလိမ့်မယ်။ ပြီးတော့ ကျူးကျော် ရပ်ကွက်က ကလေး  တွေက လည်း ရှိတယ်။ တအားဆင်းရဲ ကြပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဖြစ်နေ ကြတယ်။ အရင်ခေတ် အစိုးရတုန်းကဆိုရင် လမ်းပေါ် ရောက်နေတဲ့ ကလေး တွေကို ဖမ်းတယ်။ ပြီးတော့ တောထဲမှာ သွားပစ်တယ်။ ဒီဘက်ခေတ် အစိုးရမှာ တော့ ဒါမျိုး မရှိဘူးလို့ ပြောတယ်”လို့ ပြောပြပါတယ်။  ဒီလိုကလေးတွေ အမြန် ဆုံးပပျောက်သွား ဖို့အတွက် လိုအပ်နေတဲ့ အထောက်အပံ့တွေ ရဲ့အကြောင်းကို ခိုင်နှင်းဝေက အခုလိုပြောပြပါတယ်။

“ဒီကလေးတွေကို ကယ်တင်နိုင်ဖို့ အတွက် တစ်နိုင်တစ်ပိုင် အဖွဲ့ကလေး တွေ၊ပြီးတော့ ဆရာ၊ဆရာမ တွေကို လခပေးပြီး ကလေးတွေကို လက်မှုပညာတို့ စာသင်ပေးတဲ့ ကျောင်းမျိုးတွေရှိနေစေချင်တယ်။ ပြည်မှာတော့ ကိုပုညတို့ ဖွင့် လှစ်တဲ့ ကျောင်းပြင်ပ ပညာရေး ကျောင်းရှိတယ်။ အဲဒီမှာ ကျောင်း မတက်နိုင်တဲ့ ကလေးတွေကို တစ်နေ့ ၃နာရီ စာသင်ပေးတယ်။ အဲဒီလိုကျောင်းကိုရောက် ရှိတဲ့ကလေးတွေ ကတော့ လိမ္မာယဉ်ကျေးမှုရှိ တယ်။ တချို့ ကလေးတွေ ကျတော့လည်း ကျောင်းထားပေးလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ လမ်းပျော်ကလေးတွေ က လွတ်လပ်တဲ့ အရသာ သိသွားတဲ့ အတွက် ထိန်းသိမ်းရခက်တယ်၊ ပညာ သင်ကြားပေးရတာခက် တယ်။ ဘာပဲဖြစ်ဖြစ်ပါ ဒီလို ကလေးတွေ ပပျောက်သွားဖို့ဆို ရင်အနယ်နယ် အရပ်ရပ်မှ ကလေး တွေကို သွန်သင် ညွှန်ပြပေးမယ့် အဖွဲ့အစည်းတွေ ပေါ် ပေါက်လာစချင် တယ်။ အဓိကကတော့ အစိုး ရဘက်က လုပ်ပေး နိုင်မှဒါတွေ ပျောက်မှာပါ။ အစ်မတို့က လုပ်ပေးနိုင် ပေမယ့် သူတို့ လောက် ပိုက် ဆံမတတ် နိုင်ဘူး။ အစ် မတို့ တတ်နိုင် သလောက်ပဲ လုပ်ပေးနိုင် တာဖြစ်လို့ အစိုး ရဘက်ကလည်း လုပ် ပေးစေချင်တယ်”လို့ ပြောပြပါတယ်။ ခိုင်နှင်း ဝေက ရန်ကုန်မှာ ဆိုရင် မသန်စွမ်းတဲ့ ကလေး ငယ်များ၊ မြစ်ကြီးနား မှာဆိုရင် စစ်ဘေး ရှောင်ကလေးငယ် များ၊ ပြည်မှာ ဆိုရင် လမ်းပျော်ကလေးတွေ အကြောင်း တို့ကို Documentary ရိုက်ကူးထားတာဖြစ် ပြီးဒါတွေကို Channal  တွေမှာ အမြန်ဆုံးထုတ် လွှင့်ပြသနိုင်ဖို့ ကြိုး စားနေကြောင်း သိရပါ တယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here