ငြိမ်းချမ်းရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ရလို့ ၀မ်းသာပါတယ် ချမ်းမေမြတ်နိုး

0
189

Cham-may-myat-noပြည်တောင်စု ငြိမ်းချမ်းရေး ညီလာခံ(ခ) ၂၁ရာစု ပင်လုံ ဒုတိယ အကြိမ်အစည်းအဝေး ကို ကြိုဆိုတဲ့ အနေ နဲ့ ငြိမ်းချမ်းရေး ဘောလုံး ပြိုင်ပွဲကို မေလ ၂၄ ရက်နေ့ညနေ ၃နာရီမှ ၈နာရီအထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အမုန်းများရပ်၊ ချစ်ကြပါ၊ ထာဝရ၊ ငြိမ်းချမ်းရေး၊ ပျော်တော်ဆက်နဲ့ ကညာပျိုအသင်း (၆) သင်းကပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အနုပညာရှင် များနှင့်အတူ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း များနဲ့ လွှတ်တော် ကိုယ်စား လှယ်များ ပါဝင်ခဲ့ကြပါတယ်။ ကညာပျို အသင်းမှာ ဘေဘီမောင်၊ ယွန်းရွှေရည်၊ ရွှေယမင်းဟန်၊ မဟေသီ၊မတူး တို့နဲ့ အတူပါဝင်ခဲ့တဲ့ ချမ်းမေမြတ်နိုး က “ညီမဘောလုံး ကန်တာကတော့  ဒုတိယအကြိမ် ပါ။ ပထမအကြိမ်ကတော့ မန္တလေး ဗွီဒီယိုလောက ရန်ပုံငွေပွဲအတွက် ကန်ဖူးတယ်။ ဒါ ဒုတိယ အကြိမ် ပါ။ ဒီပွဲအတွက် ညီမတို့ သုဝဏ္ဏ မြက်ခင်းတုကွင်းမှာ Training  တွေ ဆင်းပါတယ်။ ပွဲမှာတော့ ညီမတို့ ပျော်တော်ဆက် အသင်းနဲ့ ကစားရတယ်။ (၁)ဂိုး (၁)ဂိုးနဲ့ပဲ သရေကျ သွားပါတယ်။ ကန်သွားတဲ့ ၃ပွဲ စလုံးကလည်း သရေ ပွဲတွေချည်းပါပဲ။ ငြိမ်းချမ်း ရေးပွဲဖြစ်လို့လား မသိ ဘူးအနိုင်အရှုံး မပေါ်ခဲ့ဘူးလို့ ညီမတွေးတယ်။ ဒီလိုဘောလုံး ကန်ရတာ ညီမပျော် ပါတယ်။ ငယ်ငယ်က လည်း မိုးရွာရင် ဘောလုံးတွေ ကန်ကြတယ်။ အခုတော့ ညီမတို့ ငြိမ်းချမ်းရေး အတွက် တစ်ထောင့် တစ်နေရာက ပါဝင်ခွင့်ရတယ်။ ဒီအတွက် လည်း ညီမဝမ်းသာ ပီတိဖြစ် ရပါတယ်”လို့ ပြောပါ တယ်။

ချမ်းမေမြတ်နိုးက မေလကုန်မှာလည်း ပုပ္ပါးမှာ ကျော်ထက်အောင်၊ အေးမြတ် သူ၊ နန်းမြတ်ဖြိုးသင်း တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကား သွားရောက် ရိုက်ကူး ဦးမယ်လို့ သိရပါတယ်။ ဒါရိုက်တာ ဦးဇော်မြင့်ဦး ရိုက်ကူးမယ့် ဒီဇာတ်ကားမှာ နယ်ကျောင်းဆရာမ လေးတစ်ဦး အနေ နဲ့ မြင်တွေ့ရဦးမယ့် ချမ်းမေမြတ်နိုးက “ပုပ္ပါး မှာတောကျောင်းလေးတစ်ကျောင်းရှိတယ်။ အဲဒီမှာ စာသင်ပေးရတဲ့ ဆရာ မလေး နေရာ ကပါ။ အဲဒီကျောင်းမှာ စာသင် ပေးရင်းနဲ့ အဆင့်မြင့်တဲ့၊ အဆင်မီတဲ့ ကျောင်းလေးတစ် ကျောင်းဖြစ်လ အောင် ပျိုးထောင်ပေးတဲ့ ပုံစံမျိုးလေး ပါ”လို့ ပါဝင်မယ့်အပိုင်းနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

ချမ်းမေမြတ်နိုးက မေလ (၂၇)၊ (၂၈)ရက်နေ့ မှော်ဘီ၊ ပန်းတစ်ပွင့်တောင်၊ သက်သက်လွတ်ဘုန်းကြီး ကျောင်းမှာပြုလုပ်မယ့် ရန်ပုံငွေဖျော်ဖြေပွဲမှာလည်း ပရိသတ်တွေအတွက် တေးသီချင်းများ သီဆိုဖျော် ဖြေဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here