ဇာတ်သဘင် ဖျော်ဖြေမှုတွင် နောက်ပိုင်း ဇာတ်တော်ကြီး ကို မဖြစ်မနေ ကပြရမည်

0
240

Thabibမေလ ၂၄ ရက်နေ့က ရန်ကုန် မြို့တွင် ပြုလုပ်ခဲ့တဲ့ မြန်မာ့ဇာတ် သဘင် ဖျော်ဖြေရေးနဲ့ ပညာရပ်ပိုင်း ဆိုင်ရာ ဆွေးနွေးပွဲမှာ နောက်ပိုင်း ဇာတ်တော်ကြီး ကို ခေါင်းဆောင်  မင်းသားကိုယ်တိုင် ၂ညတွင် ၁ည၊ ၅ညတွင် ၂ည မဖြစ်မနေ ကပြရမှာ ဖြစ်ကြောင်း တက်ရောက် လာကြ      တဲ့ ဇာတ်သဘင် ပညာရှင်များ၊ တည်ထောင်သူများ၊ ပွဲစီစဉ်သူများ ရဲ့အများဆန္ဒ နဲ့ အတည်ပြုခဲ့ကြ ပါတယ်။

အဆိုပါဆွေးနွေးပွဲ မှာ နောက် ပိုင်းဇာတ်တော်ကြီး ကပြဖို့နဲ့ ပတ်သက်လို့ ပွဲစီစဉ်သူများ အလွှာမှ တာဝန်ရှိသူ တစ်ဦးက    “နောက်ပိုင်း ဇာတ်တော်ကြီး  ကပြတာကို ကျွန်တော်တို့ အနေနဲ့ လည်း ကန့်ကွက်ရန် မရှိပါဘူး။သို့ သော်ငြား လည်း ကျွန်တော်တို့ စီစဉ်သူ ကန်ထရိုက်တွေ ဘက်ကို တစ်ချက်ပြန် ငဲ့ကြည့်ဖို့က ကပြခြင်း မှာ အကြောင်းအချင်းအရာ နှစ်မျိုးရှိ ပါတယ်။ ရုံပွဲကပြခြင်းနဲ့ ဗလာပွဲတွေ၊ Own Show ကပြခြင်းတွေရှိပါတယ်။ စီစဉ်သူ အလွှာဘက်မှ ရုံပွဲကပြတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ ခေတ်အခြေအနေ အရ ခေတ်ပေါ်အစီ အစဉ်တွေပါမှလည်း ရှုံးခြင်း၊ မြတ် ခြင်းတွေကို ကျွန်တော့်တို့မှ လက်ခံ လိုက်နာဆောင်ရွက် ရတာ တွေဖြစ် တဲ့အတွက် နောက်ပိုင်း ဇာတ်တော် ကြီးတွေ ကပြတဲ့အခါမှာ ယနေ့ခေတ် အခြေအနေရ နစ်နာနိုင်ပါတယ်။အဲဒီအတွက် ရုံပွဲက ပြတဲ့အခါမှာ ဇာတ်သဘင်များဟာ နောက်ပိုင်း ကပြခြင်း၊ မကပြခြင်းကို သက်ဆိုင်သူ များနဲ့ ရုံသွင်း ကန်ထရိုက်များနဲ့ အနည်းငယ်ညှိုနှိုင်းပြီးတော့ ကပြ ခြင်းကို လေးလေးနက်နက် တင်ပြပါ တယ်” လို့ တင်ပြဆွေးနွေး ခဲ့ပါတယ်။

ဒီအပေါ်မှာတော့ လက်ရှိလည်း ဇာတ်အဖွဲ့ကို ဦးစီး ဦးဆောင် ကပြ လျက်ရှိသလို သဘင် အစည်အရုံး (ဗဟို)ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တဲ့ ဦးဖိုးချစ်က အခုလို ပြန်လည်ဆွေး နွေးခဲ့တာက

“မစိုးရိမ်ပါနဲ့။ စွန့်ဦးတီထွင် လုပ်ပြီးတော့ ဒီလိုစိန်ခေါ်မှု တစ်ခုကို ရင်ဆိုင်တဲ့ အခါမှာတော့ အဆိုး အကောင်း၊ အကျိုးအကြောင်း အကုန်ရှိနေမှာပဲ။ ကျွန်တော်တို့ အနေနဲ့ လက်တွဲပြီးတော့ သွားကြ မယ်။ ကန်ထရိုက်တွေကိုမငဲ့တာ မဟုတ်ပါဘူး။ ညှိုလိုက်ပါမယ်။ ဘယ် ရက်တော့ ကလိုက်မယ် ဆိုရင် အဆင် ပြေမယ်ဆိုတာမျိုးပေါ့။ မကလို့ တော့မဖြစ်ဘူး။ သတ်မှတ်တဲ့ အတိုင်းကမယ်။ ဒီရက်ကတော့ လူတအားများတယ်။ ဒီလိုလေး လုပ်လိုက်ပါ။ ဘယ်ရက်တော့ က မယ်ပေါ့။ ကရင်ပြီးရောပါ။ ကျွန် တော်တို့ အခု ဇာတ်မင်းသားတွေကို
ပြင်ပလောက တော်တော်များများက မြင်နေတာက ပေါ့ပေါ့ပါးပါး နဲ့ ကပြီး တော့ နာမည်ကြီးနေတယ်၊ လုပ် စားနေတယ် ဆိုပြီးတော့ တော်တော် များများက မြင်နေတယ်။ သဘင် အတတ်ပညာကို ဒီဘက်ခေတ် မင်းသားလေးတွေကို မသိပါဘူး ဆိုပြီး မြင်ကောင်းမြင်ပါမယ်။ အဲဒါကို ချေဖျက်မှရမှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် နောက်ပိုင်းဇာတ် တော်ကြီးနဲ့ ပတ်သက်ပြီး မန္တလေး က သဘင်ပညာရှင် များနဲ့ ဆွေးနွေး ခဲ့ရာတွင်လည်း သဘောတူညီမှု  ရရှိခဲ့ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here