မြန်မာ့ဆိုင်း ဖျော်ဖြေရာတွင် ခေတ်ပေါ် အနောက်တိုင်း အကများ လုံးဝ ကပြဖျော်ဖြေခြင်း မပြုရ

0
328

tabin-2မြန်မာ့ဆိုင်းဖျော်ဖြေ တင်ဆက် မှုနှင့် စပ်လျဉ်းပြီး မေ၂၃ ရက်နေ့ တွင် ရန်ကုန်၊ ၂၅ ရက်နေ့တွင် မန္တလေးမြို့တို့မှာ ဆိုင်းပညာရှင် ကြီးများ တွေ့ ဆုံဆွေးနွေး ခဲ့ကြရာတွင်မြန်မာ့ဆိုင်းဝိုင်းနှင့် အပ်စပ်မှု မရှိ သော ဒရမ်စက်၊ လိဒ်ဂစ်တာ၊ ဘေ့စ် ဂစ်တာ များအား (လုံးဝ) ထည့်သွင်း တီးခတ် ခြင်းမပြုရ၊ ခေတ်ပေါ်တေး သီချင်းများအား ကီးဘုတ်ကိုအသုံးပြု ပြီး အချိန်ကာလ အပိုင်းအခြားအား ဖြင့် ဖျော်ဖြေပွဲ တစ်ပွဲလျှင် တစ်နာရီ (မိနစ်၆ဝ) ဖျော်ဖြေနိုင်ပြီး ည၁ နာရီ နောက်ပိုင်းတွင် ခေတ်ပေါ် တေးသီချင်း ဖျော်ဖြေခြင်း မပြုလုပ်ရ။  ဗျော၊ရေခင်း ၊ပတ်မချီ၊ ယိုးဒယား၊ ကရောင်ချီ၊ ခုနှစ်သံချီများကို ကီးဘုတ်ဖြင့် တီးခတ်ခြင်း မပြုရ၊ မြန်မာ့ ဆိုင်းပညာရပ်များ ထိန်းသိမ်း ရန်အတွက် မြန်မာ့ တူရိယာ ပစ္စည်း များဖြင့်သာ ဖျော်ဖြေရမည်။ မြန်မာ့ ရိုးရာ ဆိုင်းဖျော်ဖြေရေး ဖြစ်သည့် အတွက် ရိုးရာ ဖျော်ဖြေရေးနှင့် အပ်စပ်မှု မရှိသော အတို၊အပြတ်၊ လည်ဟိုက်များ၊ သရုပ်ပျက်အဝတ် အစားများ ဝတ်ဆင် ဖျော်ဖြေခြင်း မပြုရ၊ ခေတ်ပေါ် အနောက်တိုင်း အကများ (Dance) အကများ လုံးဝ ကပြဖျော်ဖြေခြင်း မပြုရ။ မြန်မာ့ ဆိုင်း ဖျော်ဖြေ တင်ဆက်မှုတွင် ပါဝင် သီဆိုသော တေးသံရှင် အားလုံး သည် မြန်မာ့ဆိုင်းဝိုင်းကြီး၏ အနောက်မှသာ သီဆို တင်ဆက်ရ မည်။ မြန်မာ့ ဆိုင်းဖျော်ဖြေရေး သည် ရိုးရာဖျော်ဖြေမှု စစ်စစ်ဖြစ်သော ကြောင့် ဖျော်ဖြေမှုတွင် မြန်မာ့ရိုး ရာဝတ်စုံ (မောင့်ကျက်သရေ ခေါင်း ပေါင်းတိုက်ပုံ)အား (မဖြစ် မနေ တစ်ကြိမ်) ဂုဏ်ပြု ဝတ်ဆင်ပြီး တီး ခတ် ဖျော်ဖြေရမည်။ နတ်ဆိုင်းများ သမားစဉ်အတိုင်းသာတီးရမည်။ ခေတ်ပေါ် သီချင်းများ တီးမှုတ် ဖျော်ဖြေ သီဆိုခြင်းမပြုရ။ ပဒေသာ သံစုံ တီးဝိုင်းများတွင် ဆိုင်းဝိုင်း ကြီးလုံးဝမထည့်ရ စတဲ့စည်းမျဉ်းစည်း ကမ်းများအား တက်ရောက်လာကြ သော ဆိုင်းပညာရှင်များမှ အများ သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

“လိဒ်ဂစ်တာ၊ ဘေ့စ်ဂစ်တာ တွေက မြန်မာ့ဆိုင်းဝိုင်း တွေမှာ ဖုံးလွှမ်းနေတယ်။ ကိုယ့်ရဲ့ ရိုးရာ ပစ္စည်းတွေ ပျောက်လု နီးပါးဖြစ်နေတဲ့ အချိန်မှာ ဒါတွေကို သက်ရှိ ထင် ရှားရှိနေတဲ့ ပညာရှင်ကြီးတွေ ဆီက သြဝါဒခံယူပြီးတော့ လက်ရှိတီးခတ် နေကြတဲ့ ဆိုင်းပညာရှင် များနဲ့ စုံ ညီစွာတွေ့ပြီးတော့  အဖြေတစ်ခု ရ အောင် လုပ်ရတာပေါ့။ တိုင်းတစ် ပါးက တူရိယာတွေက နေရာယူလို့  ကိုယ့်ရိုးရာ တူရိယာတွေ က ပျောက် တော့မယ်လေ။ တိုင်းတစ်ပါးကလာ လို့ မင်းတို့ရိုးရာ အစစ်က ဘယ်မှာ လဲလို့ဆိုရင် မပြနိုင်ရင်   ကျွန်တော်တို့ ရိုးရာပျောက်မှာ စိုးလို့  ဒါလေးတွေကို ပြန်လည်ထိန်းသိမ်းဖို့  သတိပေးခြင်း လည်းဖြစ်ပါတယ်။ ဒီလိုသတ်မှတ် လိုက်တဲ့ အတွက် ရိုးရာ ယဉ်ကျေးမှု တွေကို ပြန်လည်ပြီးတော့ ဖော်ထုတ် လာမယ်။ သီချင်းကြီး သီချင်းခန့်တီး တတ်ချင်တဲ့ စိတ်ဆန္ဒတွေ လည်း လူ ငယ် ဆိုင်းဆရာတွေမှာ ပေါ်ပေါက် လာမယ်လို့ ထင်ပါတယ်”  ဟု မြန်မာ နိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး (ဗဟို)တွဲဖက် အတွင်း ရေးမှူး ၁ မြန်မာပြည်ကျောက်စိမ်းက ပြော ပါသည်။

ဆိုင်းပညာရပ်နှင့် ပတ်သက်ပြီး လေ့လာ သင်ယူချင်သော လူငယ်များ ကိုလည်း ဆိုင်းပညာရှင်ကြီးတွေ၊ လက်ရှိတီးခတ်နေသည့် ဆိုင်းပညာ ရှင်များနှင့် မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိ ရသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here