အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင်ကိုအစစအရာရာ ဂရုစိုက်ေ်နရတဲ့ ခင်သဇင်

0
167

Khin Tazin

သရုပ်ဆောင် ခင်သဇင်က အနုပညာလောကထဲကို ဒုတိယ အကြိမ် ပြန်လည်ဝင်ရောက်လာတာ ဖြစ်တဲ့ အတွက် သူ့အနေနဲ့ပိုပြီးကြိုးစားနေရပြီး သရုပ် ဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ အတွက် ဖက်ဖက်က ပြည့်စုံအောင် နေထိုင်နေရကြောင်း လည်းပြောပါတယ်။

” အရင်ကဆို အမြဲတမ်း ဒရမ်မာ ကားတွေပဲ ရိုက်တယ်။ အခုဆို ဟာသကားတွေလည်း ရိုက်နေရတဲ့ အတွက် ပညာတစ်ခု ထပ်ရသလို ပါပဲ။ သဇင်က သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်အောင် သရုပ် ဆောင် တာတစ်ခုကြီးပဲကောင်းနေလို့မ ရဘူး။ အစား အသောက်၊အနေ အထိုင်၊ ပတ်ဝန်းကျင် အစစအရာရာ ဂရုစိုက် နေရတယ်” လို့ ဆိုပါတယ်။အမျိုးသမီးတွေရဲ့ Idol ဖြစ်အောင် ကြိုးစားနေတဲ့ ခင်သဇင်က သူလက်ခံကျင့်သုံးနေတဲ့ ဆောင်ပုဒ်နဲ့ပတ်သက်ပြီးလည်း အခုလိုပြော ပြခဲ့ပါတယ်။

“မိန်းမတစ်ယောက်က သူ့ဟာနဲ့ သူ ဘယ်အခြေအနေ ဘယ်ပဲရောက် သွားပါစေ ဒီမိန်းမ တစ်ယောက်က (၁) တန်ဖိုးရှိဖို့ လိုတယ်၊ (၂) ပညာ တတ်ဖို့ လိုတယ်၊(၃) ဘယ်သူ့ ကိုမှ အားမကိုးပဲ ကိုယ့်ဟာကိုယ် ရပ်တည် တတ်ဖို့ လိုတယ်။ ဒီအချက် တွေနဲ့ ပြည့်စုံရင် မိန်းမတစ်ယောက်က ဘယ်ခေါင်း စဉ်အောက်ကိုပဲ ရောက်သွား ရောက်သွား တင့်တယ်တယ်။ ဒါက သဇင်ရဲ့ ဆောင်ပုဒ်ပါ။ မိန်းမ တစ်ယောက် ကုသိုလ်ကံ မကောင်းလို့ ဖြစ်တဲ့ဟာကို သဇင် စိတ်ဓါတ်ကျ မနေတော့ပဲ အမျိုးသမီးတွေရဲ့ Idolအဖြစ် ပြန်ကြိုးစားတယ်။ ပညာ ကိုလည်း ပြန်ကြိုးစားပြီး လုပ်တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေထိုင် ပါတယ်လို့ ” ခင်သဇင်က ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here