အွန်ဆိုင်း သရုပ်ဆောင် မလုပ်ဖြစ်ရခြင်း အကြောင်း

0
357

On-Sine မော်ဒယ်လောကမှာ အခုအချိန်ထိ အောင်မြင်မှု မှတ် တိုင်တစ်ခုကို စိုက်ထူထားနိုင်တဲ့ မော်ဒယ် တစ်ဦးက တော့ အွန်ဆိုင်း ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ သူရပ်တည်တဲ့ အနေအထား အပေါ်မှာလည်း ကျေနပ်မှုရှိတယ်လို့ လည်း ပြောပြလာပါတယ်။ “အမြဲတမ်း တန်ဖိုးထား ခဲ့ရပြီး ကြိုးစားခဲ့ရတယ်။ အခုထက်ထိလည်း ကြိုး စားနေတုန်းပဲ။ ကျွန်မအနေ နဲ့ကြည့်မယ်ဆို ကျေနပ်တယ်။ ဒီနေရာလေးကို ကြိုးစား ပြီးရခဲ့တာ။ ကိုယ်က ဒီလမ်းကို ရွေးထားတယ်။ ဒီအလုပ်ကို တန်ဖိုးထားတယ်။ ဒါကို Focus ထားတယ်ဆိုတော့ အလုပ်နဲ့ ပတ် သက်ပြီး ကိုယ်ဖြည့်ရမယ့် အရာတွေကို အားတဲ့အချိန် ဖြည့်ဆည်းတယ်။ အခြေ အနေကလည်း အရင်က ထက်စာရင် အများကြီး၊ အများကြီး ကောင်းလာပါတယ်။ မော်ဒယ်လုပ်ဖို့ စဉ်းစားနေတဲ့ သူတွေကို ဇွဲရှိ ရှိနဲ့ ကိုယ့်ရည်ရွယ်ချက် ကို သေချာကြိုးစားစေ ချင် တယ်”လို့ အွန်ဆိုင်းက သူ့ရဲ့ရပ်တည်မှု အခြေအနေ အကြောင်းကို ပြောပြခဲ့ပါတယ်။

မော်ဒယ်အလုပ် တစ်ခုတည်းကိုပဲ တစ်စိုက်မတ် မတ်လုပ်ဖြစ်နေတဲ့ အွန်ဆိုင်းကို သူ့ရဲ့ပရိသတ် များကလည်း သရုပ်ဆောင်ဘက်ကို လုပ်စေချင်ကြတယ်။ သူမအနေနဲ့  မော်ဒယ်ကိုပဲ လုပ်ဖြစ်ရတဲ့ အကြောင်းအရင်း ကိုလည်း

“ကိုယ်ကစမ်းတော့ စမ်းကြည့်လိုက်တယ်။ ဘယ်ဟာ ပိုဝါသနာပါလဲ။ အမှန်အတိုင်း ပြောချင်တာက ကိုယ်က အချိန်ကို တန်ဖိုးထား တယ်။ သရုပ်ဆောင် လုပ်ရင် ကျွန်မ အချိန်တွေ အများ ကြီးပေးဆပ်ရမယ်။ ကိုယ်တကယ် မရူးသွပ်ရင်တော့ နှမြောဖို့ ကောင်းတယ်။ ထွက်လာတဲ့ ဇာတ်ကားကိုတောင် ပြန်မကြည့်ချင်ဘူး ဆိုတာ ဖြစ်နေမှာ ဆိုးတယ်။ နောက်တစ်ခုက လူအများကြီး နဲ့လည်း ဆက်ဆံရ မယ်။ အချိန်တွေလည်း အများကြီးပေးရမယ်။ ကိုယ့်ကိုယ် ကိုယ်ပြန်မေးတယ်။ ကိုယ်တကယ် ရူးသွပ်တာလား။ နောက် ဆုံးကိုယ်က ဒီ အလုပ်ကို ပိုတန်ဖိုးထားတော့ ဒီမော်ဒယ် အလုပ်ကိုပဲ ဆက်လုပ်ဖြစ်တာပါ”လို့ မော်ဒယ်အလုပ်တစ်ခု ကိုပဲ လုပ်ဖြစ်ရကြောင်း ကို အွန်ဆိုင်း က ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here