ငွေကြေးအကျိုးအမြတ်ရရှိဖို့ထက် သမီးဖြစ်သူရဲ့ အနုပညာကို ပံ့ပိုးပေးချင်တဲ့ ပိုင်ဖြိုးသုရဲ့မိခင် ဒေါက်တာနွယ်ဦး

0
161

 Paing Phyo bThu

Victoria ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “နေဝင်အိပ်တန်းတက်” ဇာတ်ကားကတော့ ဇွန်လ ၂ ရက်နေ့မှာ စတင်ပြသလိုက်ပြီဖြစ်ပါတယ်။ ထုတ် လုပ်သူတစ်ဦးအနေနဲ့ ငွေကြေးအကျိုးအမြတ်ထက် သမီးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုကို အနုပညာပိုင်း ထောက်ပံ့မှုပေးချင်တာပါလို့ မိခင် ဒေါက်တာ နွယ်ဦးကဆိုပါတယ်။ ပိုင်ဖြိုးသုအတွက် ဝယ်ယူပေးထားတဲ့ ဇာတ်လမ်းတွေနဲ့ Victoria ထုတ်လုပ်ရေးရဲ့ ရှေ့ဆက်ရိုက်ကူးမယ့်ဇာတ်ကားတွေအကြောင်းကို ..

” အန်တီက ဒီလောကအကြောင်းလည်း သိပ်တော့မသိဘူး။ သမီးသုသုက စာတွေတအား ဖတ်တယ်။ သူဖတ်ထားတဲ့စာအုပ်လေးတွေဆို မှတ်ထားပြီး မေမေသမီး ဒီကာရိုက်တာလုပ်ချင်တယ်။ သမီးကို ဝယ်ပေးပါဆိုရင် အန်တီက ဝတ္ထုဝယ်တာပါပဲ။ သမီးသုသုက ဇာတ်လမ်းအသားပေးတဲ့ ဇာတ်ကား မျိုးကိုကြိုက်တယ်။ နေဝင်အိပ်တန်းတက်ကတော့ အန်တီတို့ထုတ်လုပ်ရေးရဲ့ ပထမဆုံးကားကြီးပါပဲ။ အန်တီတို့အနေနဲ့လည်း နောက်ထပ် သြဂုတ်လမှာ စိုင်းစိုင်းနဲ့ မင်းမော်ကွန်းနဲ့ သုသုနဲ့အတူ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်မယ်။ ဒီဇင်ဘာ လမှာလည်း ကိုနေတိုးနဲ့ ရိုက်မယ်။ ဒီဇာတ်ကားကတော့ ဆရာမကြီးကြည်အေးရဲ့ “မီ”ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဏကြီးနဲ့ ရိုက်ကူးမှာပါ။ ဒါတွေက အန်တီတို့ ရှေ့ဆက်လုပ်မယ့် ဇာတ်ကားကြီးတွေပါ” လို့ ဒေါက်တာနွယ်ဦးက ပြောပါတယ်။ သမီးဖြစ်သူပိုင်ဖြိုးသုကို အစစအရာရာမှာ မိခင်တစ်ဦးအနေနဲ့ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးသလို အနုပညာလောကထဲ ဝင်ရောက်တဲ့ အခါမှာလည်း တားမြစ်ချုပ်ချယ်တာတွေ မပြုလုပ်ခဲ့ဘူးလို့ ဒေါက်တာနွယ်ဦးက ဆိုပါတယ်။ ” အန်တီက သမီးတွေကို ဒါမလုပ်ရဘူး။ ဟိုဟာ မလုပ်ရဘူးဆိုပြီး တားမြစ်ထားတာမျိုးမရှိပါဘူး။ အန်တီက သမီးတွေနဲ့နေတာ အရမ်း Close ဖြစ်တယ်။ ညီအစ်မ တွေလိုပါပဲ။ ကိစ္စတိုင်းကို အကြောင်းပြချက်နဲ့ ရှင်းပြတယ်။ Guide ပဲ လုပ်တယ်။ သူသည် သင်မဟုတ်တဲ့အတွက် သူတစ်ပါးကို မလုပ်နဲ့လို့မရဘူး။ သင့်ကိုသင်ပဲ ထိန်းရမယ်။ အရာရာတိုင်းကို Pros နဲ့ Cons တွဲပြီး ပြောတယ်။ ဒီလောကထဲဝင်တော့လည်း အန်တီက ချုပ်ချယ်တာမျိုးမရှိပါဘူး” လို့ ဒေါက်တာနွယ်ဦးက ဆက်လက်ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here