ဇွန်လထဲမှာ သီချင်းသစ် တစ်ပုဒ် အွန်လိုင်းက ဖြန့်ချိမယ့် စန္ဒီမြင့်လွင်

0
183

Sandi-Myint-Lwinစန္ဒီမြင့်လွင်က မိုးရာသီဖြစ်တဲ့ ဇွန်လထဲမှာ သီချင်းတစ်ပုဒ်ကို အွန်လိုင်းက ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။ သီချင်း အသစ်တွေ အများ ကြီး ပြင်ဆင်ထား ပေမယ့်လည်း ဒီနှစ်ထဲမှာ တစ်ကိုယ်တော် အခွေထွက်ဖို့ အစီအစဉ်မရှိဘူး ဆိုတဲ့ စန္ဒီမြင့်လွင်က “မိုးရာသီ သီချင်းတော့ မဟုတ်ဘူး။ သီချင်း ကထူးဆန်းတယ် ဆိုတာက ကိုယ်လုံးဝမဆို ဘူးတဲ့ပုံစံမျိုး။ အင်္ဂလိပ် Version လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကိုဂျေမီ တို့နဲ့တိုင် ပင်ပြီးလုပ်နေတယ်။ သီချင်းတွေက အများကြီး ရှိတယ်။ ဇင်ဇင် (စိုးပြည့်သဇင်) နဲ့ သီချင်းလည်း ရှိတယ်။ အမွန်း နဲ့လည်း သီချင်းလုပ်ဖို့ ရှိတယ်။ ရွှေထူးနဲ့လည်း သီချင်းလုပ်ဖို့ရှိတယ်။ သီချင်းလေးတွေ တစ်ပုဒ်ချင်းစီ တစ်ပုဒ်ချင်းစီ ကတော့ အများကြီး ပဲ။ လောလောဆယ်တော့ တစ်ပုဒ်ချင်းစီကို အွန်လိုင်းမှာ ဖြန့် ဖြစ်မယ်။ အခွေထုတ်တာ ကျတော့ လည်း ချက်ချင်းကြီး အခွေမထုတ် ချင်သေးဘူး။ နောက်ပြီးဈေး ကွက်ကိုလည်း မကြိုက်ဘူး။ ဒါပေမဲ့ ထုတ်ဖြစ်ရင်လည်း သီချင်း ၅ပုဒ် ၆ပုဒ်လောက်ပဲ ထုတ် ဖြစ်မှာပါ။ အခွေ ထုတ်ဖြစ်ရင် လည်း နောက်နှစ်မှ ထုတ်ဖြစ် မယ်။ ဒီနှစ်ထဲမှာ တခြားလုပ်စရာ တွေလည်းရှိတယ်” လို့ ပြောပါ တယ်။  စန္ဒီမြင့်လွင်က သူငယ် ချင်းတစ်ဦး နဲ့အတူ အမျိုးသမီး စီးဟန်းမိတ် ဖိနပ်များကို ထုတ် လုပ်သွားဖို့ စီစဉ်နေပြီး ဇွန်လလယ် လောက်မှာ စတင် ထုတ်လုပ်ဖြစ် မယ်လို့ သိရပါတယ်။ ဟန်းမိတ် ဖိနပ်တွေကို စီးပွားရေး တစ်ခု အနေနဲ့ သေချာ အာရုံစိုက်ပြီး လုပ်သွား မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here