သီတင်းကျွတ် အမီ တစ်ကိုယ်တော် အခွေ ထွက်ရှိမယ့် ဖိုးသောကြာ

0
320

Pho-Thauk-Kyarဖိုးသောကြာက အမှတ်တရ ရွှေ ၇၁ ရသ ရွတ်ဖတ်ခြင်း အခမ်းအနား မှာ ဖခင်ဖြစ်သူ စာရေးဆရာ သုမောင်ရဲ့ဝတ္ထုတို တစ်ပုဒ် ရွတ်ဖတ်ခဲ့ ပါတယ်။  ဖခင်ဖြစ် သူရေးသားထားခဲ့ တဲ့ စာတွေကို ဖတ်ရချိန်မှာ အဖေက သူ့ကိုယ်သူများ ပြန်ရေးထားသလား ထင်ရတယ် လို့ ဖိုးသောကြာက ဆိုပါ တယ်။  ဖိုးသောကြာကလည်း စာရေး တာကို ဝါသနာပါတာကြောင့် ရေး ထားတဲ့ ဝတ္ထုတို အပုဒ်ပေါင်း ၃ဝ ကျော်၊ ၄ဝ နီးပါးရှိ နေပြီဖြစ်တယ် လို့ သိရပါတယ်။ ဂီတ ပိုင်းမှာလည်း မြန် မာသံ သီချင်းတွေကို စောင့်မျှော်နေတဲ့ ပရိသတ်များ အတွက် ဖိုးသောကြာရဲ့ တစ်ကိုယ်တော် စီးရီးခွေကိုလည်း သီတင်းကျွတ်မတိုင်ခင်တော့ ထွက်မှာ ပါ။ “ဒီစီးရီးခွေထဲမှာ ထူးခြား မှုလေး တွေ လုပ်ထားတယ်။ ဒါတွေကို အခွေ ထွက်ခါနီးမှပဲ ပရိသတ်တွေကို အသိ ပေးချင်တယ်။ အရိပ်အမြွက် အနေနဲ့ ကတော့ အယ်လ်ဘမ် ထဲမှာ အခွေ၂ ချပ် ထည့်ထားတယ်။ MTV ပါတစ်ပါ တည်းပါမှာပါ။ ကျန်တာ တွေကတော့ ကျွန်တော့်ဘက် ကလုပ်နေရင်း တန်းလန်း ဖြစ်နေတဲ့ အတွက် မပြော သေးတာပါ။ ပရိသတ်တွေစောင့် မျှော်ပေးပါ” လို့ ဖိုးသောကြာက ပြော ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here